ငါးစိမ္းေတြ စားတာ က်န္းမာေရးအတြက္
ဘယ္ေလာက္အႏၲရာယ္ရွိလဲ ...
-----------------------------------------------
ဂ်ပန္လူမ်ိဳးေတြရဲ႕ ႐ိုးရာအစားအစာျဖစ္တဲ့ ဆူရွီ (Sushi)၊
ဆရွိမိ (Sashimi) ေတြမွာ ငါးစိမ္းေတြထည့္ၿပီး ျပဳလုပ္ထားတာပါ။
ခ်က္ျပဳတ္မထားတဲ့ ငါးစိမ္း (Raw fish) ေတြမွာ လူေတြအတြက္
အႏၲရာယ္ျဖစ္ဖြယ္ ဘက္တီးရီးယားႏွင့္ ကပ္ပါးပိုး(Parasites)ေတြ
ကပ္ၿငိေနတတ္ပါတယ္။
ဒါေၾကာင့္ ငါးအစိမ္းစားျခင္းဟာ တစ္ခါတစ္ရံမွာ
ဆိုးဆိုးဝါးဝါးျပႆနာေတြ ေပးတတ္ပါတယ္။
ငါးအစိမ္းေတြမွာ ကပ္ၿငိေနတဲ့ ကပ္ပါးပိုးေတြေၾကာင့္
ဗိုက္နာမယ္၊ အစာမေၾကျဖစ္မယ္၊
ေသြးအားနည္းေရာဂါေတြ ျဖစ္တတ္ပါတယ္။
ဒါေပမဲ့ ဂ်ပန္႐ိုးရာအစာေတြျဖစ္တဲ့ ဆူရွိ၊ ဆရွိမိေတြမွာပါတဲ့
ငါးအစိမ္းေတြကို ေရခဲမွတ္ ေအာက္ (-၁ဝံ ဖာရင္ဟိုက္) မွာ
(၃)ရက္ၾကာထားၿပီး ေအးခဲေအာင္ ထိန္းသိမ္းထားၿပီးျဖစ္တဲ့အတြက္
ကပ္ပါးပိုးေတြကို ေသေက်ဖ်က္ဆီးထားၿပီးျဖစ္ပါတယ္။
သို႔ေသာ္ အိမ္သုံးေရခဲေသတၱာတခ်ိဳ႕မွာေတာ့ ဒီလို ေအးခဲေလာက္ေအာင္
အပူခ်ိန္ကို ထိန္းသိမ္းထားႏိုင္စြမ္းမရွိပါ။ ဒါေၾကာင့္ အိမ္မွာ ဆူရွီတို႔၊
ဆရွိမိတို႔လုပ္ၿပီးစားလိုသူေတြအေနနဲ႔ ငါးစိမ္းေတြကို မိမိဘာသာ
ေအးခဲေအာင္ ျပင္ဆင္မစားသင့္ပါ။ စားေသာက္ဆိုင္ႀကီးေတြမွာပဲ
စိတ္ခ်လက္ခ် စားသုံးသင့္ပါတယ္။
စနစ္တက်ခ်က္ျပဳတ္နည္း သင္တန္းဆင္းလက္မွတ္ေတြရထားတဲ့
စားေသာက္ဆိုင္ႀကီးေတြမွာ ငါးစိမ္းေတြကို ဘယ္လိုျပဳျပင္ထိန္းသိမ္း
အေအးခံထားရမယ္ဆိုတာ သူတို႔သိပါတယ္။
သို႔ေသာ္လည္းပဲ ဒီဆိုင္ႀကီးေတြမွာလည္း
ရာခိုင္ႏႈန္းျပည္ အာမခံခ်က္ မေပးႏိုင္ပါဘူး။
crd:Health Digest
via:towclicks
===========================
ငါးစိမ်းတွေ စားတာ ကျန်းမာရေးအတွက်
ဘယ်လောက်အန္တရာယ်ရှိလဲ ...
-----------------------------------------------
ဂျပန်လူမျိုးတွေရဲ့ ရိုးရာအစားအစာဖြစ်တဲ့ ဆူရှီ (Sushi)၊
ဆရှိမိ (Sashimi) တွေမှာ ငါးစိမ်းတွေထည့်ပြီး ပြုလုပ်ထားတာပါ။
ချက်ပြုတ်မထားတဲ့ ငါးစိမ်း (Raw fish) တွေမှာ လူတွေအတွက်
အန္တရာယ်ဖြစ်ဖွယ် ဘက်တီးရီးယားနှင့် ကပ်ပါးပိုး(Parasites)တွေ
ကပ်ငြိနေတတ်ပါတယ်။
ဒါကြောင့် ငါးအစိမ်းစားခြင်းဟာ တစ်ခါတစ်ရံမှာ
ဆိုးဆိုးဝါးဝါးပြဿနာတွေ ပေးတတ်ပါတယ်။
ငါးအစိမ်းတွေမှာ ကပ်ငြိနေတဲ့ ကပ်ပါးပိုးတွေကြောင့်
ဗိုက်နာမယ်၊ အစာမကြေဖြစ်မယ်၊
သွေးအားနည်းရောဂါတွေ ဖြစ်တတ်ပါတယ်။
ဒါပေမဲ့ ဂျပန်ရိုးရာအစာတွေဖြစ်တဲ့ ဆူရှိ၊ ဆရှိမိတွေမှာပါတဲ့
ငါးအစိမ်းတွေကို ရေခဲမှတ် အောက် (-၁ဝံ ဖာရင်ဟိုက်) မှာ
(၃)ရက်ကြာထားပြီး အေးခဲအောင် ထိန်းသိမ်းထားပြီးဖြစ်တဲ့အတွက်
ကပ်ပါးပိုးတွေကို သေကျေဖျက်ဆီးထားပြီးဖြစ်ပါတယ်။
သို့သော် အိမ်သုံးရေခဲသေတ္တာတချို့မှာတော့ ဒီလို အေးခဲလောက်အောင်
အပူချိန်ကို ထိန်းသိမ်းထားနိုင်စွမ်းမရှိပါ။ ဒါကြောင့် အိမ်မှာ ဆူရှီတို့၊
ဆရှိမိတို့လုပ်ပြီးစားလိုသူတွေအနေနဲ့ ငါးစိမ်းတွေကို မိမိဘာသာ
အေးခဲအောင် ပြင်ဆင်မစားသင့်ပါ။ စားသောက်ဆိုင်ကြီးတွေမှာပဲ
စိတ်ချလက်ချ စားသုံးသင့်ပါတယ်။
စနစ်တကျချက်ပြုတ်နည်း သင်တန်းဆင်းလက်မှတ်တွေရထားတဲ့
စားသောက်ဆိုင်ကြီးတွေမှာ ငါးစိမ်းတွေကို ဘယ်လိုပြုပြင်ထိန်းသိမ်း
အအေးခံထားရမယ်ဆိုတာ သူတို့သိပါတယ်။
သို့သော်လည်းပဲ ဒီဆိုင်ကြီးတွေမှာလည်း
ရာခိုင်နှုန်းပြည် အာမခံချက် မပေးနိုင်ပါဘူး။
crd:Health Digest
via:towclicks
No comments:
Post a Comment