မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, January 31, 2015

ဧရာမ ဟတ်ဒရွန်တိုက်စက်

Large Hadron Collider ( LHC )

Discovery Channel မှ ရုပ်သံတင်ဆက်သူ
ပရော်ဖက်ဆာ ဘရိုင်ယန်ကော့စ် ၏ Big Bang Theory
ရှင်းလင်းတင်ပြချက်များ


 ဧရာမ ဟတ်ဒရွန် တိုက်စက် (Large Hadron Collider) ဆိုသည်မှာ ကမ္ဘာပေါ်တွင်
အကြီးဆုံးနှင့် စွမ်းအင် အများဆုံးဖြစ်ပြီး အမှုန်အမွှားများကို အရှိန်မြှင့် စမ်းသပ်ရန်


တည်ဆောက်ထားသော စက်ဖြစ်သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း
ဥရောပ နျူကလီးယားဆိုင်ရာ သုတေသနအဖွဲ့ (CERN) မှ တည်ဆောက်ခဲ့သည်။

အမှုန်အမွှားများဆိုင်ရာ ရူပဗေဒနှင့် စွမ်းအင်မြင့် ရူပဗေဒတို့နှင့်သက်ဆိုင်သော
အမျိုးမျိုးသော သီအိုရီ များအား ရူပဗေဒပညာရှင်တို့ စမ်းသပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်
တည်ဆောက်ခဲ့သည်။
   အထူးသဖြင့် သီအိုရီအရ ရှိပြီး သက်သေမပြနိုင်သော ဟစ်ဂ် ဘော်ဆွန်ကို ရှိ မရှိ
စမ်းသပ်နိုင်ရန်နှင့် ဆူပါဆမ်မစ်ထရီ သီအိုရီဖြင့် ခန့်မှန်းထားသော အမှုန်အမွှားများ
ရှိ မရှိ စမ်းသပ်နိုင်ရန်ဖြစ်သည်။ ဧရာမ ဟတ်ဒရွန်တိုက်စက်ကို အသုံးပြု၍ ရူပဗေဒနှင့်
သက်ဆိုင်သော အခြေခံအကျဆုံး မေးခွန်းများ၏အဖြေကို ရှာဖွေနိုင်မည်ဖြစ်ပြီး သဘာဝ
၏ နိယာမများနှင့် စပ်လျဉ်း၍ ပိုမို နက်ရှိုင်းစွာ နားလည်နိုင်မည် ဖြစ်သည်။ ထိုစက်အတွင်း
ရှာဖွေရေး ကိရိယာ ၆ ခုပါဝင်ပြီး တစ်ခုချင်းစီသည် ရှာဖွေစူးစမ်းမှု တစ်ခုချင်းစီကို
ပြုလုပ်နိုင်မည် ဖြစ်သည်။

   ဧရာမ ဟတ်ဒရွန်တိုက်စက်သည် အဝန်း ၁၇မိုင်ရှိသော လှိုဏ်ခေါင်းအတွင်း
တည်ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ အနီး ပြင်သစ်-ဆွစ်ဇာလန် နယ်စပ်အနီးတွင်
မြေကြီးအောက် ၅၇၄ ပေ (၁၇၅ မီတာ) အနက် အထိရှိသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ
သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာပေါင်း ၁ သောင်းကျော် ပါဝင် တည်ဆောက်ထားကြပြီး
တက္ကသိုလ်နှင့် ဓာတ်ခွဲခန်း ရာပေါင်းများစွာလည်း ပါဝင် ပံ့ပိုးထားကြသည်။

Ref:my.wikipedia.org

No comments:

Post a Comment