စတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ အလွန် ကောင်းမွန်မြင့်မားတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း
ပါဝင်တဲ့အတွက် စားသုံးသူတွေအဖို့ အလွန် အကျိုးများစေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကို ရောဂါဖြစ်ပွားမှုကနေ အကာအကွယ် ပေးတဲ့ အသီးလို့တောင် တင်စား
ကြပါတယ်.. ၄င်းဟာ ကင်ဆာဖြစ်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်း၊ တုတ်ကွေး ဖြစ်ခြင်း၊
သွေးကြောပိတ်ဆို့ခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ဦးနှောက်အတွင်းရှိ ဆဲလ်များကို
အားကောင်းစေတယ်လို့ သိရပါတယ်.. ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက်
အလွန် ကောင်းမွန်ပြီး ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုကြောင့် လူကို နုပျိုစေနိုင်
တယ်လို့ ဆိုပါတယ်.. ဒီလိုဆိုရင်ဖြင့် စတော်ဘယ်ရီအပါအဝင် ဘယ်ရီသီးကို များများ
စားသင့်ပါတယ်နော်။
Sourse:Laminmaung
[အဆိပ်အပုပ် ရှင်းထုတ်နိုင်စွမ်းရှိတဲ့ သစ်သီးတွေအနက် ဦးစားပေးစားရမယ့် အသီးပါပဲ။
ကယ်လိုရီပါဝင်မှု မမြင့်ပေမယ့် ဗီတာမင်စီတော့ ကြွယ်ဝစွာ ပါရှိပါတယ်။ သဘာဝကုထုံး
နည်းအဖြစ် စတော်ဘယ်ရီသီးကို အစာအိမ်နဲ့ အူလမ်းကြောင်းရှင်းလင်းဖို့၊ အသည်း
ကြံ့ခိုင် အားကောင်းစေဖို့တွေအတွက် သုံးနိုင်ပါတယ်။
သို့သော် အက်စပရင်နဲ့ မတည့်သူများ၊ အစာအိမ်၊ အူ အားနည်းသူများ အနေဖြင့်
မစားသင့်ပါ။ (မင်းစံအိမ်၏ ကိုယ်တွင်းကအဆိပ်အပုပ် ရှင်းထုတ်ပါ စာအုပ်မှ) ]

No comments:
Post a Comment