မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, January 30, 2015

ခရမ်းသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ခရမ်းသီး၏ကျန်းမာရေးအထောက်အပံ့များ

  ခရမ်းသီးသည် အသီးအနှံထဲတွင် ကယ်လိုရီစွမ်းအင် အနည်းဆုံး ပါဝင်သည့်
အသီးအနှံဖြစ်သည်။ ခရမ်းသီး ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၂၂ သာပါသည်။ ထိုကြောင့်
 ကိုယ်အလေးချိန် ချလိုသူများအတွက် စိတ်ဝင်စားဖွယ် ဖြစ်သည်။ ၎င်းအပြင် Pectin
ခေါ်သော အမျှင်ဓာတ်ပါဝင်မှုကြောင့် ပို၍ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပိုတက်စီယမ်ဓာတ်
ပါဝင်မှုကြောင့်လည်း ဆီးရွှင်စေသည်။

သွေးတွင်းအဆီကျစေခြင်း။
---------------------------
 ခရမ်းသီးသည် အဆီများသော အစာများ စားသောက်ပြီးနောက် သွေးတွင်းအဆီ
(Blood cholesterol ) နဲ့ကိုယ်ခန္ဓာ၏ အဆီ (body fat) များ တက်လာခြင်းကို
ထိန်းချုပ်ကြောင်း အမေရိကားနှင့် အော်စတြီးရား တွင်ပြုလုပ်သောလေ့လာမှုများက
ဖေါ်ပြကြသည်။ ၎င်းအချက်မှာ ခရမ်းသီးတွင်ပါဝင်သော   Pectin  ကြောင့်ဟု ယူဆ
ကြသည်။  Pectin သည် အူအတွင်း၌ ခဲသွားပြီး ၎င်းအခဲတွင် အစား၌ပါသော
cholesterol ကို ဖမ်းချုပ်ထားခြင်းဖြင့် cholesterol များ ကိုယ်တွင်းသို့မဝင်ရောက်
အောင် ပြုလုပ်သည်။ ဤနည်းဖြင့် ခရမ်းသီးသည် အဆီအဆိမ့်များစားပြီးနောက်
Blood cholesterol နဲ့body fat တက်ခြင်းကို ကာကွယ်ပေးသည်။

(မြတ်ပန်းရဂုံ)
Ref  Medisite

No comments:

Post a Comment