မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, January 24, 2015

ကွတ်ကီးသူခိုး

  တစ်ညမှာ အမျိုးသမီးတစ်ယောက်က လေယာဉ်စီးဖို့ လေဆိပ်မှာ စောင့်နေခဲ့တယ် ။
သူမ စီးရမယ့် လေယာဉ် မပျံသန်းခင် နာရီပေါင်းများစွာ စောင့်နေခဲ့ရတယ် ။ ဒါနဲ့သူမဟာ
လေဆိပ်မှာရှိတဲ့စတိုးဆိုင်ကနေ ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်ကိုဝယ်ပြီး ကွတ်ကီးမုန့်တွေ
ထည့်ထားတဲ့ အိတ်ကိုသယ်လို့ ထိုင်ခုံတစ်ခုမှာ ထိုင်ချလိုက်တယ် ။

သူမဟာ စာအုပ်ကို စစဖတ်ခြင်းပဲ အရမ်းကို စိတ်ဝင်စားသွားပြီး စာအုပ်ထဲ နစ်မျောသွား
ခဲ့ရတယ် ။ ဒါပေမယ့် ဘာတွေဖြစ်နေသလဲဆိုတာတော့ သူမ သတိထားမိလိုက်တယ် ။
 အဲဒါကတော့ သူမဘေးခုံမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက အရှက်မရှိစွာနဲ့ သူမနဲ့
သူ့ကြားထဲက ကွတ်ကီးထုပ်ထဲကနေ ကွတ်ကီးတွေ နှိုက်စားနေတာတွေ့လိုက်ရတယ် ။
ဒါပေမယ့်လည်း မြင်ကွင်းကို လစ်လျှူရှုဖို့ သူမကြိုးစားခဲ့တယ် ။
ဒါကြောင့် သူမလည်း ကွတ်ကီးတွေကို အိတ်ထဲက ယူလိုက် စားလိုက် နာရီကိုကြည့်လိုက်
စာဖတ်လိုက် လုပ်နေခဲ့တယ် ။ ကွတ်ကီးသူခိုးကလည်း နှိုက်စားနေတဲ့အတွက်
ကွတ်ကီးထုတ်က တဖြည်းဖြည်း နည်းလာခဲ့တယ် ။ သူမ ပိုပြီး စိတ်တိုဒေါသထွက်လာ
ခဲ့ပြီး စဉ်းစားလိုက်တယ် ။
“ အင်း ငါသာ သည်းမခံလိုက်ရင်တော့ ဒီလူ့မျက်လုံးတွေကို ထိုးဖောက်မိမှာပဲ ” ဒီလိုနဲ့
သူမကွတ်ကီးတစ်ခုယူစားရင် သူလည်းကွတ်ကီးတစ်ခု ယူစားခဲ့တယ် ။ သူမလည်း
ရုတ်တရက် သူ့လက်ထဲက ကွတ်ကီးကို လုယူလိုက်လိုက် ။ အမျိုးသားက အရမ်းကို
အံ့သြသွားပြီး စိတ်လှုပ်ရှားသွားတယ် ။ အမျိုးသမီးက “ ဟင် သူဘာကြောင့် ဒီလောက်
နေနိုင်တာလဲ ငါ့ကို တောင်းပန်ဖို့တော့ကောင်းတာပေါ့ ” လို့တွေးမိလိုက်တယ် ။
သူမ သည်းခံနိုင်မှုကုန်ဆုံးပြီး တစ်ခုခု တုန့်ပြန်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ သူမစီးရမယ့်
လေယာဉ်ခရီးစဉ်ကို ကြေညာလိုက်တဲ့အတွက် ဖတ်လက်စ စာအုပ်ကို ခရီးဆောင်
အိတ်ထဲ ထိုးထည့်လို့ သူမ သက်ပြင်းချလိုက်ပြီး ထထွက်လာခဲ့တယ် ။ သူမပိုင်ဆိုင်တဲ့
အိတ်တွေကို သယ်လို့ ဂိတ်ပေါက်ဝဆီ လျှောက်လာခဲ့ပြီး ကွတ်ကီး သူခိုးရှိရာကို
လှည့်မကြည့်တော့ဘဲ ရှေ့ပဲ ခရီးဆက်ခဲ့တယ် ။
သူမ လေယဉ်ပေါ်ရောက်ခဲ့ပါပြီ ။ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး စာအုပ်ကို ဆက်ဖတ်ဖို့
ခရီးဆောင်အိတ်ထဲက စာအုပ်ကို နှိုက်ယူလိုက်တဲ့အခါ သူမ အရမ်းကိုအံ့အားသင့်သွား
ခဲ့ရတယ် ။ ဘာကြောင့်လည်းဆိုတော့ သူမဝယ်ခဲ့တဲ့ ကွတ်ကီးအိတ်ကို
ခရီးဆောင်အိတ်ထဲ တွေ့လိုက်ရလို့ပါပဲ ။
--------------------------------------------------------------------------------
ဟုတ်ပါတယ် အမျိုးသမီးဟာ ကွတ်ကီးကို ဝယ်ပြီး ခရီးဆောင်အိတ်ထဲ ထိုးထည့်လို့
ထိုင်ခုံမှာ ထိုင်ခဲ့တာပါ ။ ပြီးတော့ စာအုပ်ထဲ ဈာဉ်ဝင်သွားတဲ့အချိန်မှာ သူနဲ့ အမျိုးသား
တစ်ဦးရဲ့ကြားထဲက ကွတ်ကီးထုပ်ကို သူ့ကွတ်ကီးလို့ ထင်ပြီး နှိုက်စားနေခဲ့တာပါ ။
တချိန်လုံး သူနှိုက်စားခဲ့တဲ့ ကွတ်ကီးတွေဟာ သူ ကွတ်ကီးသူခိုးလို့ ထင်ခဲ့တဲ့ လူ ရဲ့
ကွတ်ကီးတွေ ဖြစ်လို့နေခဲ့တယ် ။
သူတပါးကို တစ်ခုခုစွတ်စွဲဖို့အတွက် ကိုယ့်ဖက်ကိုယ်ရော လုံခြုံပါရဲ့လားဆိုတဲ့မေးခွန်းကို
ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ် ။ ဘာကြောင့်လည်းဆိုတော့ တခါတရံ
ကိုယ်မှန်တယ်လို့ထင်နေ တဲ့အယူအဆ တစ်ခုဟာ မှားနေတတ်ကြောင်း တွေ့ရတတ်လို့
ပါပဲ ။ တစ်ခုခုကို မပြောခင် တစ်ခုခုကို မဆုံးဖြတ်ခင် အမှန်ဟုတ်ရဲ့ လားလို့ ပြန်လည်
စဉ်းစား ချင့်ချိန်ဖို့ အရမ်းကို လိုအပ်ပါတယ် ။ စာဖတ်သူများလည်း သူများ ကွတ်ကီးကို
ကိုယ့်ကွတ်ကီးလို့ မထင်မိစေဖို့နဲ့ သူတပါးကို ရမ်းပြီး မစွပ်စွဲဖို့ အမှန်တရားကို စဉ်းစား
ချင့်ချိန်တတ်သောသူများ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ။

from:သက်တန့်ချို

No comments:

Post a Comment