မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, January 30, 2015

ငရုပ်ပွသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ


ငရုပ်ပွသီး၏ ကျန်းမာရေး အာနိသင်များ

(၁) ရောင်ရမ်းမူကို လျော့ကျပေးနိုင်တယ်။

(၂) အသားအရေနှင့် ဆံကေသာ အတွက် ကောင်းမွန်တယ်။
(၃) ကင်ဆာအတွက် ကာကွယ်ပေးနိုင်တယ်။
(၄) အာရုံကြော ရောဂါအတွက် ကောင်းမွန်စေပါတယ်။
(၅) အတွင်းတိမ် ရောဂါများ အတွက်လည် ကောင်းမွန်စေပါတယ်။
(၆) ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်တယ်။
မှတ်ချက်။ ။ ဖော်ပြပါ အကျိုးကျေးဇူးများသည် ငရုပ်ပွသီး စစ်စစ်မှသာ ရရှိမှာ ဖြစ်ပြီး
အလွန်အကျွံ စားသုံးပါက ရောဂါ ဖြစ်စေနိုင်ပါသည်။
ကျော်လင်းနိုင်
+++++++++++++++++++++++++++++++++++++++++++
မျက်ကြည်လွှာ ရောဂါ မဖြစ်အောင် ကာကွယ်ပေး ပါတယ်တဲ့။
အသက်အရွယ်ရ လာတဲ့အခါ မျက်ကြည်လွှာ ပျက်စီးတာ၊ မျက်စိတွင်း တိမ်ဖြစ်တာ
အမြင်အာရုံ ထိခိုက်တာကို ကာကွယ် ပေးပါတယ်။ လူတင်း၊ ဇီဇန်သင်း၊ ဗီတာမင်စီ
ကြွယ်ဝတဲ့ ငရုတ်ပွသီးက အမြင်အာရုံ စူးရှစေဖို့ ထိန်းသိမ်း ပေးပါတယ်။
+++++++++++++++++++++++++++++++++++++++++++
ငရုပ်ပွသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

   တစ်ချို့က ငရုပ်သီးက စပ်လို့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရမှာ မဟုတ်ပါဘူးလို့
တွေးချင် တွေးကြမှာပါ။ တကယ်တော့ ငရုပ်ပွသီးများမှာလည်း လူတွေအတွက် ကျန်းမာ
ရေး အကျိုးကျေးဇူး တွေကို ပေးစွမ်းနိုင်ပါတယ်။ ရောဂါကို ဖြစ်စေနိုင်တဲ့ ငရုပ်သီး ဆိုတာ
က စားသုံးရန် အဆင်သင့် ကြော်လှော်ထားတဲ့ ဆိုဆေးများစွာ ပါရှိတဲ့ ငရုပ်သီးတွေကသာ
ရောဂါ ဖြစ်စေနိုင်တာပါ။
   ငရုပ်ပွသီး တွေဟာ ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တဲ့အပြင် ကိုလက်စထရော
လျော့ကျပေးနိုင်ပါတယ်။ ဒါ့အပြင် အတွင်းတိမ်ရောဂါနှင့် ကင်ဆာရောဂါကို ကာကွယ်
ပေးနိုင်ပါတယ်။ အသားအရေနှင့် ဆံကေသာ အတွက်လည်း အထူးပင် ကောင်းမွန်ကြောင်း
သိရပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်းစေနိုင်ပါတယ်။ အာရုံကြော ရောဂါတွေ
အတွက်လည်း မှီဝဲသင့်ပါတယ်။
   အစိမ်း၊ အဝါ၊ အနီ စသော အရောင်တွေနဲ့ ငရုတ်ပွသီးတွေကို
မှီဝဲသင့်တဲ့ အတွက် မျှဝေပေးလိုက် ရပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

No comments:

Post a Comment