Facebook ကို သုံးသပ်ကြည့်ခြင်း
“လူသားတွေ တစ်ယောက်နှင့်တစ်ယောက် အွန်လိုင်းပေါ်မှာ ဆက်နွယ်ချိတ်ဆက်နေတဲ့
ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ လူမှုကွန်ယက်တွေကို မြန်မာနိုင်ငံမှာ စီးပွားဖြစ် စပြီးတော့
သုံးလာနေကြပါတယ်။ ကုန်ပစ္စည်းကြော်ငြာတွေကို လူအများဆီ လျင်လျင်မြန်မြန်နဲ့
လွယ်လွယ်ကူကူရောက်အောင် ဖြန့်နိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေက မြန်မာ
အများစု သုံးနေတဲ့ Facebook တွေကို ကြော်ငြာကြားခံတစ်ခုအဖြစ်နဲ့ သုံးလာကြတာပါ။
ရိုးရာလေး Website တည်ထောင်သူ ကိုထွန်းထွန်းပြောစကားအရဆိုရင် တစ်နှစ် နှစ်နှစ်
အတွင်းမှာကို အခုလို အသုံးများလာကြတာ ဖြစ်ပါတယ်..”
ကိုထွန်းထွန်း...
“ ကျနော့်အနေနဲ့ ဒီ ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ကျနော် Web development
စလုပ်ခဲ့တဲ့အချိန်မှာ Facebook က ဒီလောက်အထိ Popular မဖြစ်သေးဘူးပေါ့...
ဒါပေမယ့် ဒီ ၂၀၁၄-ခုနှစ်ထဲမှာ Facebook ရဲ့ ထိုးဖောက်မှုနဲ့ လူသိများပြီး အသုံးပြု
လာမှုဟာ ဒီအနေအထားရောက်တဲ့အထိ ဖြစ်လာမယ်ဆိုတာ ထင်တောင်မထင်ထားဘူး
ပေါ့နော်.. တခြားနိုင်ငံတွေမှာလဲ အောင်မြင်သလို ပြည်တွင်းမှာလဲ တော်တော်များများ
အသက်ဝင်လာတယ်... ဆိုလိုတာက ဒီ Facebook မှာ ကြော်ငြာ တင်တာတင် မကဘူး
ပေါ့နော်.. ကုန်ပစ္စည်းရောင်းတယ်၊ ဝန်ဆောင်မှုတွေပေးတယ်၊ ဖလှယ်တယ်.. ပြီးရင်
တခြားလုပ်လို့ရတဲ့ ဥစ္စာတွေလဲ အများကြီးရှိသေးတယ်လေ..”
VOA...
Website တွေကိုသုံးတာအပြင် Forum တွေ Blog တွေဖက်ကနေပြီးတော့ Facebook
ဖက်ကို လူတွေအတော်များများ အာရုံစိုက်လာကြတာနဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေး
လုပ်ငန်းတွေကလည်း Facebook ကို စီးပွားဖြစ် သုံးလာကြပါတယ်။
ကိုထွန်းထွန်း...
“ Facebook က အခမဲ့လည်းဖြစ်တယ်။ ပြီးရင် ကိုယ့်ကုန်ပစ္စည်းတွေ၊ ကိုယ့်ဝန်ဆောင်မှု
လုပ်ငန်းတွေကို ဒီ ဆိုရှယ်မီဒီယာကနေတစ်ဆင့် လူတော်တော်များများရဲ့ စာမျက်နှာထဲကို
အလွယ်ဆုံးနဲ့ အမြန်ဆုံးရောက်သွားမယ်လို့ ယူဆပြီး ကုမ္ပဏီတော်တော်များများက
Facebook ကို စပြီးသုံးလာကြတယ်လို့ ကျနော်ယူဆတယ်ပေါ့နော်..”
VOA...
“ နောက်တစ်ချက်ကကျတော့ စောစောက ကိုထွန်းထွန်းပြောသလိုပေါ့လေ Facebook
ပေါ်မှာ ဒီလိုမျိုး ဖန်တီးရတယ်ဆိုတာက အခမဲ့လည်းဖြစ်တယ်၊ ငွေကုန်ကြေးကျ
သက်သာတယ်.. Website ကိုလုပ်တဲ့အခါကျတော့ Website က ပိုက်ဆံပေးရတယ်..
အကုန်အကျရှိတယ်ဆိုတော့... အဲဒီအတွက်ကြောင့်မို့လို့ကော Facebook ပေါ်မှာ
လူတွေအသုံးပြုတာ အားသာနေတယ်လို့ကော မြင်ပါလားရှင့် ”
ကိုထွန်းထွန်း...
“ ငွေကုန်ကြေးကျတာကလည်း တစ်ပိုင်းပေါ့ ပြီးတော့ Security အတွက်လည်း
တစ်ပိုင်းပေါ့။ ပြည်တွင်းမှာ အခုဖြစ်နေတဲ့ ကိစ္စတော်တော်များများကလဲ ဒီ Security နဲ့
ပတ်သက်တာလေ။ ဒီ Facebook မှာကျတော့ ဒီ Security နဲ့ပတ်သက်တဲ့ ကိစ္စကို လုံးဝ
စိတ်ပူစရာကို မလိုဘူး။ ဘယ် Hacker မှာ ကိုယ်ရဲ့ Page စာမျက်နှာကို တကူးတက
လာပြီး နှောက်ယှက်ဖို့၊ ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး.. အဲဒီအတွက် လုပ်ငန်းရှင် တော်
တော်များများကလဲ Facebook ကို အားကိုးလာတဲ့ အကြောင်းလေးတစ်ခုလဲ ပါ ပါတယ်။”
VOA...
“ အရင်တုန်းကဆိုရင် ဒီ Facebook တွေ မပေါ်လာခင် စပ်ကြားတုန်းကလဲ ဘလော့ဂ်
တွေကိုလဲ သူတို့ရဲ့ Main Website တွေကိုပဲ ပလက်ဖောင်းတစ်ခုလို သုံးခဲ့ကြတယ်။
အခုကတော့ Facebook ဖက်တွေကို ပြောင်းခဲ့ကြတယ်.. အဲဒီတော့ ဒီ Website ရယ်၊
Blog ရယ်၊ Facebook ရယ် အဲဒီသုံးခုရဲ့ ကွာခြားချက်.. နောက်တစ်ခုက အားနည်း၊
အားသာချက်ပေါ့လေ.. အဲဒါတွေကို ဘယ်လိုမျိုး နှိုင်းယှဉ်ပြီးပြောလို့ရမလဲရှင့် ”
ကိုထွန်းထွန်း...
“ Website မှာကျတော့ ကျနော်တို့လိုချင်တဲ့အတိုင်း ဥပမာ Colour တွေ၊ Layout တွေ
ကစ ပြောရရင် ကျန်တဲ့ အပိုင်း အပိုင်းအလိုက် ကဏ္ဍတွေ ခွဲထားလို့ရတယ်။ ဥပမာ -
ကုန်ပစ္စည်း၊ ကုန်ပစ္စည်းမှာဆိုလဲ ကုန်ပစ္စည်းတွေအလိုက် သီးသန့် ခွဲထားလို့ရတယ်။
ဝန်ဆောင်မှုမှာဆိုလဲ ဝန်ဆောင်မှုအမျိုးအစားအလိုက် သီးသန့် ခွဲထားလို့ရတယ်။
Facebook မှာကျတော့ အဲဒီလိုမျိုး ခွဲထားလို့မရဘူး။ သူက သတင်းတစ်ပုဒ်နဲ့ ဓာတ်ပုံ
တစ်ပုံလိုမျိုး တင်ဆက်တဲ့အတွက် ဥပမာ ကျနော့်မှာ ဝန်ဆောင်မှု ဆယ်ခုရှိတယ်ဆိုရင်
သတင်းဆယ်ပုဒ်အနေနဲ့ တင်ဆက်ပြီးမှ လူတွေဆီ ရောက်သွားမယ်။ ကျနော့်ဆီမှာ
ဓာတ်ပုံ အပုံတစ်ရာရှိတယ်ဆိုရင် အဲဒီပုံတစ်ရာလုံးကို Facebook မှာ Share ပြီးမှ လူတွေ
သိသွားမယ်။ Website ကျတော့ အဲဒီလိုမျိုး Limitation မရှိတော့ဘူးပေါ့နော်။ ကျနော်
ဓါတ်ပုံတွေကို ဘယ်ကဏ္ဍအောက်မှာထားချင်လဲ၊ သတင်းကို ဘယ်ကဏ္ဍအောက်မှာ
ထားချင်လဲ ရတယ်။ ဆိုလိုတာက လူတွေက သတင်းအဟောင်းပဲဖြစ်ဖြစ်၊ သတင်း အသစ်
ပဲဖြစ်ဖြစ် ရှိသမျှ ကုန်ပစ္စည်းကို လွယ်လင့်တကူ ရှာဖွေပြီးမှ ဖတ်ရှုလို့ရတာပေါ့။
Facebook မှာကျတော့ Scroll လုပ်ရမယ်၊ အောက်ကို ဆင်း ဆင်း ဆင်းပြီးမှ
သွားကြည့်ရမယ်။ ပြီးသွားရင် တော်တော်များများကို မကြည့်ဖြစ်ကြဘူး ဆိုတော့
တော်တော်များများက ပထမမျက်နှာစာမှာ ပေါ်နေတာလောက်ကိုပဲ ကြည့်ဖြစ်တာ
များတယ်ပေါ့နော်။ ဆိုရရင် အဲဒါကျတော့ Facebook ရဲ့ အားနည်းချက်လို့ ပြောလို့
ရတယ်ပေါ့နော်... ”
“ ဘလော့ဂ်အနေနဲ့က ပြည်တွင်းမှာ အသုံးပြုတာများတယ်ပေါ့နော်.. အခုနောက်ပိုင်းမှာ
တော့ ဘလော့ဂ်အစား ကျနော်တို့ Facebookကိုပဲ အဓိက အသားပေးပြီးသုံးလာကြတယ်။
ဘာဖြစ်လို့ဆိုတော့ Facebook ရဲ့ Fuctionality က သတင်းတို့ ဓာတ်ပုံတို့အပြင် တခြား
Functions တွေလဲ အများကြီးတိုးလာတဲ့အတွက် ဘလောဂ့်အသုံးပြုမှုတွေကို သူကနေ
Automatic အစားထိုးသွားသလို ဖြစ်သွားတာပေါ့။ အဓိက ကတော့ Connection ပါပဲ၊
ကိုယ်သတင်းတစ်ပုဒ် တင်လိုက်တယ်ဆိုရင် ကိုယ့်ကို Like လုပ်ထားတဲ့ User တစ်ရာဆို
တစ်ရာဆီကို တစ်ခါတည်းရောက်သွားမယ်။ တစ်ထောင်ဆို တစ်ထောင်ဆီ တစ်ခါတည်း
ရောက်သွားမယ်ဆိုတော့ အဲဒီတစ်ခုက ဘလော့ဂ်ရှိတာထက်စာရင် Facebook က ပိုပြီး
အားသာချက်တွေ အများကြီးရှိတာပေါ့နော်... အဲဒါကြောင့် ဘလော့ဂ်ကို နောက်ပိုင်း
လူတွေအသုံးနည်းလာရတာက Facebook ရဲ့ Functions တွေ ပိုရလာတာကလဲ
အဓိက အကြောင်းရင်းတစ်ခုပေါ့နော်..”
VOA...
အနောက်နိုင်ငံတွေမှာဆိုရင်တော့ စီးပွားရေးလုပ်ငန်းကြီးတွေက သူတို့ရဲ့ လုပ်ငန်းနဲ့
ပတ်သက်တဲ့ Website တွေဆိုတာ သပ်သပ်ရှိတယ်။ တဆက်တည်းမှာပဲ စောစောက
ပြောတဲ့ လူမှုကွန်ယက်တွေပေါ်မှာ ကြော်ငြာသဘောမျိုးနဲ့ သူတို့ရဲ့ Facebook စာမျက်နှာ
လည်းရှိတယ်။ အဲဒီလို Facebook စာမျက်နှာပေါ်မှာ သတင်းတွေ၊ ကြော်ငြာတွေတင်တယ်
ဆိုရင်လည်း link လေးပေးထားပြီးတော့မှ သူတို့ရဲ့ Main Website ကိုရောက်အောင်လို့
ဆက်ထားပေးတယ်ပေါ့လေ.. ဆိုတော့ မြန်မာနိုင်ငံမှာ အခု ဒီလုပ်နေတဲ့လုပ်ငန်းတွေက
ကော အခု ဒီလို link လုပ်ထားပေးတဲ့ ပုံစံမျိုးလား ဒါမှမဟုတ် လုံးဝ Facebook ကိုပဲ
Main Page အနေနဲ့ သုံးတာမျိုးပါလားရှင့်..
ကိုထွန်းထွန်း...
“ Facebook ချည်းပဲ သီးသန့်သုံးတာမျိုးလဲရှိသလို၊ သူတို့ရဲ့ Main Website နဲ့ ချိတ်ဆက်
ပြီးတော့မှ သုံးတာမျိုးလဲရှိပါတယ်။ ဥပမာပြောရင် ကုမ္ပဏီတစ်ခုက သူ့ Main Website မှာ
သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပုံတွေ၊ စာတွေ အကုန်လုံးကို သူကြိုက်သလို ဖန်တီး
လို့ရတယ်။ Facebook ပေါ်ရောက်သွားတဲ့အချိန်ကျရင် အဲဒီလိုမျိုး ဖန်တီးလို့မရတော့ဘူး။
သူ့ပေါ်မှာက သတင်းတစ်ပုဒ်၊ ပုံတစ်ပုံ အနေနဲ့လောက်ပဲ တင်ဆက်လို့ရတော့တယ်
ဆိုတော့ Facebook ပေါ်မှာအားသာချက်ရှိသလို အားနည်းချက်လဲ ရှိပါတယ်။ Website
မှာလဲ သူ့အားသာချက်တွေ ရှိနေတုန်းပါပဲ။ အဲဒီတော့ Websiteနဲ့ Facebook တွဲသုံးတယ်
ဆိုရင် ကုမ္ပဏီတွေအတွက် အကျိုးအရှိဆုံးပဲလို့ ကျနော်ကိုယ်တိုင် ယူဆတယ်ပေါ့နော်..
အဲဒီတော့ ကျနော်တို့နောက်ပိုင်း အလုပ်ရှင်တွေအတွက် Website တွေရေးဆွဲလာတဲ့
အချိန်ကျရင်လည်း သူတို့ကို Facebook စာမျက်နှာပါ တည်ဆောက်ဖို့ အကြံပေးတယ်..
ပြီးသွားရင် လိုအပ်တဲ့ အကူအညီတွေကိုလည်း ကျနော်တို့တတ်နိုင်သလောက် ပံ့ပိုး
ပေးပါတယ်...”
VOA...
“ ရိုးရာလေး Website ကို တည်ထောင်သူ ကိုထွန်းထွန်း ဖြစ်ပါတယ်။ Facebook လို
လူမှုကွန်ယက်တွေမှာ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိနေပေမဲ့လည်း ကုန်ကျ
စရိတ် မများပဲနဲ့ လူပေါင်းမြာက်မြားစွာဆီကို ချိတ်ဆက်ဖြန့်ဝေနိုင်တာမို့ နိုင်ငံတကာ
မှာလည်း ဒီစီးပွားရေးလုပ်ငန်းတွေက ဒီ Platform ကို အားထားလာနေကြတာကို
တွေ့ရပါတယ်ရှင်..”
VOA News မှ မေးမြန်းတင်ဆက်သည်။

No comments:
Post a Comment