မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, January 21, 2015

ဟာသ(၆)

‎” ဘာသာတရားကိုင်းရှိုင်းသူ…”
-----------------------------------

တက္ကသိုလ်ပထမနှစ်တွင် လူတွေ့စာမေးပွဲမှပြန်လာတဲ့
သားမောင်လှိုင်ထွန်းကို မိဘများဖြစ်ကြတဲ့
ကိုအေးမောင်နဲ့မနန်းဖောင်းတို့က
စိတ်ဝင်တစား ဝိုင်းမေးကြတယ်။

” ဘယ့်နဲ့လဲ… သား ဖြေနိုင်ရဲ့လား”
သားဖြစ်သူ မောင်လှိုင်ထွန်း ပြန်ပြောလိုက်တာက…

“မဆိုးပါဘူး။
ဒါပေမယ့် မေးတဲ့ပါမောက္ခက တစ်မျိုးကြီးပဲ။
ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါက်တယ်။
သူ့မေးခွန်းကို သားက ဖြေလိုက်တိုင်း
မျက်လုံးကို အပေါ်လှန်ပြီး
“ဘုရား၊ ဘုရား” လို့
အမြဲတမ်းပြောနေတော့တာပဲ။”

by John Aksoe
++++++++++++++++++++++++++++++++++++++++

လက်မှန်လာလို့ပါ
--------------------
ဒေါသထွက် ရန်ဖြစ်သည့်အခါတိုင်း ပန်းကန်တွေကို ပေါက်ခွဲတတ်သော
ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် အနှစ်၂၀ အရောက်တွင် ကွာရှင်းဖို့
ဆုံးဖြတ်လိုက်သည်။ မိတ်ဆွေများက ယောက်ျားဖြစ်သူကို ဝိုင်းတားကြသည်။

“နှစ်ပေါင်းများစွာပေါင်းလာပြီးမှ ဆက်ြပီးသည်းခံလိုက်ပါကွာ။
မင်းမိန်းမအကြောင်းလည်း သိနေတာပဲ။ ”
“မင်းတို့ဘာသိလို့တုန်းကွ။ ငါ့မိန်မက တစ်ဖြေးဖြေး လက်တည့်လာပြီ။ ”

newsmyanmar
++++++++++++++++++++++++++++++++++++++++++

ကျနော်ယူမဲ့ မိန်းကလေး
အဲ ယောင်လို့
ဂျော်နီလိုချင်သောမိန်းကလေး
------------------------------------

ဆရာမ - ဂျော်နီ၊ မင်းအိမ်ထောင်ပြုမယ့် အမျိုးသမီးကို ဘယ်လို အမျိုးအစားထဲက လိုချင်လဲ...

ဂျော်နီ - လ လို မျိုး မိန်းကလေးပါ ချာမ။

ဆရာမ - အံမယ်။ ဂျော်နီက ကဗျာဆန်လို့ပါလား။ လလို အေးချမ်းတဲ့ မိန်းခလေးမျိုးလား...

ဂျော်နီ- မဟုတ်ပါဘူး ချာမ။

ဆရာမ - မှောင်နေချိန်မှာ အလင်းပေးမယ့်သူလား...

ဂျော်နီ - မဟုတ်ပါဘူး ချာမ။

ဆရာမ - လ လေးလိုပဲ လုံးလုံးဝိုင်းဝိုင်းနဲ့ ချစ်စရာ ကောင်းသူလား...

ဂျော်နီ - ဟုတ်ပါဘူးချာမ။

ဆရာမ - ကဲ။ ဒါဆိုရင် နင်ယူမယ့် မိန်းခလေးကို ဘာကြောင့် လနဲ့ နှိုင်းရသတုန်း...

ဂျော်နီ - ညမှာ ရောက်လာပြီး နေ့ခင်းကျ ပျောက်စေချင်ပါတယ် ချာမ။
-
Boys will be boys!

Ref: everyjoke
International news for myanmar
+++++++++++++++++++++++++++++++++++++++++

သရဲ ထင်လို့ပါ
-----------------
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်းအချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက်သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီးကြီး ကိုယ်လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက်နှင့် သရဲခေါင်းကို ခြေထောက်နှင့်ကန်ပြီး ပြေးလေသည်။ လူစလူနတွေ့သော နေရာရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။ “သရဲကြီးဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန်ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက်လာကာ “ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော့်မှာ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။
++++++++++++++++++++++++++++++++++++++++++

ငတုံး
-----
ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ “ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ” လို့ မေးလိုက်တယ်။ သူပြန်ဖြေလိုက်တာက “ခင်ဗျား သိပ်တုံးတာပဲ... အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့” တဲ့ တိန်—-

No comments:

Post a Comment