အင်တာနက်ခေတ်လူသား
=================
ကလေး. ။ ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်..?
ဖခင် ။ အေး၊ ငါ့သား။ မင်းတစ်နေ့နေ့မှာ သည်လိုမေးမှာပဲလို့ ငါတွက်ထားတာကွ။
ဒီလိုကွာ မင်းအမေနဲ့ဖေဖေ chat room မှာ chatting လုပ်ရင်းသိခဲ့ကြတယ်။
နောက် cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို့ကြတယ်၊
ဒီလိုနဲ့နောက်ဆုံး မင်းအမေက ဖေဖေ့ကို download လုပ်နိုင်တယ်လို့ခွင့်ပြူတယ်။
သူကလည်းဖေဖေ့ကို uploaded ပြန်လုပ်တယ်၊
ဖေဖေတို့နှစ်ယောက်လုံး firewall ချမထားမိဘူး၊
ပြီးတော့ delete button ကိုလည်းမနှိပ်မိဘူး၊
နောက် ကိုးလကြာတော့ မင်းကိုရလာတာပေါ့၊
အဲသည်အချိန်က virus အကိုက်မခံလိုက်ရတာလည်း ပါတာပေါ့၊
(မီး) current ကလည်းလုံးဝမှန်နေခဲ့တာ၊
မင်းကံကောင်းတယ်ငါ့သား...။ ။
++++++++++++++++++++++++++++++++++++++++++
“ နောက်မှသောက်မယ် ”
- လူငယ်ကောင်လေးတစ်ဦးက သူ့ချစ်သူကောင်မလေးရဲ့
အဖေဆီမှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းနေစဉ်...
လူငယ်။ ။ “ ဦးရဲ့သမီးနဲ့ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ
ကျွန်တော်သူ့ကိုလက်ထပ် ချင်ပါတယ်...”
ဖခင်။ ။ “ မင်းအရက်သောက်တတ်သလား? ”
လူငယ်။ ။ “ ဟာ...နေပါအုံးဦး အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး
ပြီးမှသောက်ကြတာပေါ့...ဦးရယ်...”
++++++++++++++++++++++++++++++++++++++++++++
တိုးတိုးပြောဘို့မလိုပါ
==============
လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ခေါ်လာသည်။
ကောင်မလေးကို လူငယ်ရဲ့ဖခင်က မြင်သောအခါ တော်တော်လေးကို တုန်လှုပ်၊
စိတ်ရှုပ်သွား၏။ ထို့ကြောင့် သူရဲ့သားကို အခန်းထဲသို့တီးတိုးခေါ်၍ ပြော၏။
ဖခင်။ ။ “ ဒီလောက်ရုပ်ဆိုးတဲ့ မိန်းကလေးကို အဖေတစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာလဲ
အမွှေးတွေနဲ့ မျက်စိကလဲ စွေနေသေးတယ် ဒီကြားထဲ သွားကခေါခေါ
လက်တစ်ဖက်ကလဲ သိမ်နေသလိုပဲ...”
သား။ ။ “ ဖေဖေကလဲ တိုးတိုးပြောစရာမလိုပါဘူး သူက နားလဲ
ကန်းနေသေးတယ်အဖေရဲ့ သနားစရာလေးပါဗျာ...”

တိုက်ထည့်လိုက်မလို့...
===============
မစ္စတာ bean ရထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီးလယ်ကွင်းထဲကျသွားလို့
ရထားစီးတဲ့လူတွေ ဒဏ်ရာရကုန်တယ်..မီးရထား အရာရှိက သူ့ကိုခေါ်ဆူတယ်...
“ ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့အသက်ကို မင်းလက်ထဲမှာထည့်ပြီးမောင်းရတာ..
မင်းဘာလို့ ဒီလောက်တာဝန်မဲ့ရတာလဲ ”
မစ္စတာ bean ကဖြေတယ်..
“ မဟုတ်ပါဘူးဆရာ...ကျွန်တော်ဒီနေ့ရထားမောင်းလာတဲ့လမ်းမှာ လူတစ်ယောက်လှဲအိပ်နေတယ်..
ကျွန်တော် အဝေးကြီးကနေဥသြ တခါဆွဲတယ်...သူမထဘူး နောက်တခါ ထပ်ဆွဲတယ်...သူမထဘူး..
နောက်တခါဆွဲတယ်.. သူမထဘူးခင်ဗျ...”
အဲဒါနဲ့..အရာရှိကပြောတယ်...“ သူမထလဲတက်ကြိတ်လိုက်ပေါ့..ကွာ လူတယောက်ထဲအသက်ကိုငဲ့ပြီး...လူအများကြီး
ရဲ့အသက်ပါတဲ့ ရထားကို လယ်ကွင်းထဲထိုးချလိုက်တော့ဘယ်ကောင်းမလဲ...” Bean ပြန်ဖြေတယ်..။
“ ဟုတ်တယ် ကျွန်တော်လဲတိုက်တော့မယ်လို့ဆုံးဖြတ်ပြီး ရထားကို
သူ့နားမောင်းလာတဲ့အခါမှာ သူက လယ်ကွင်းထဲဆင်းပြေးသွားလို့ပါ...”
Credit:Original Writer

“ဒီလိုမေးရတယ်ကွ”
===========
ရွာတစ်ရွာမှာ အိမ်ထောင်စုစာရင်းကောက်ဖို့..မောင်“အ ”ကိုရွာလူကြီးက တာဝန်ပေးလိုက်တယ်... “လွယ်ပါတယ်
ကွာ..မင်း တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းကောက်ဖို့ပါလို့ပြော အိမ်ထောင်ရှိလား ကလေးရောရှိလား
ယောက်ကျားလေး ဘယ်နှယောက်လဲ မိန်းကလေးဘယ်နှယောက် အဲ့လိုမေးပြီး ဒီစာအုပ်ထဲမှတ်ရုံပဲ”
မောင်“အ” အိမ်တစ်အိမ်ဝင်သွားတယ်. ကောင်မလေးတစ်ယောက်ထွက်လာတယ်.. မောင်“အ” ပြောလိုက်တယ်.....
မောင်“အ“က မေးတယ်.. အိမ်ထောင်စုစရင်းကောက်မလို့..မင်းဒီအိမ်ကလား....ဟုတ်တယ်...မောင်“အ”က မေးတယ်..
အိမ်ထောင်ရှိလား.. မရှိပါဘူး...။ ဒါဆိုကလေးရော ဖြန်း ဖြန်းဖြန်းဖြန်းးးးးးးး မောင်“အ” ကိုကောင်မလေး ပါးရိုက်ပြီး
အိမ်ထဲပြန်ဝင်သွားတယ်...။
မောင်“အ” ကလည်း ရွာလူကြီးဆီ ပြန်လာပြီးပြောတယ်.. ရွာလူကြီးကပြောတယ်....အေးပေါ့ကွာ အိမ်ထောင်မရှိပါ
ဘူးပြောတာ ကလေး ဘယ်ရှိမှာလဲ ဒီတခါ ကလေးရှိလားအရင်မေး.. ကြားလား...မောင်“အ” ပြန်ထွက်လာတယ်...
အိမ်တစ်အိမ်ကိုဝင်တယ်..အဘွားကြီးတစ် ယောက်ထွက်လာတယ်..အဘွားကြီးကိုတွေ့တော့ သူပြောတယ်..
“အိမ်ထောင်စုစာရင်းကောက်မလို့ အဘွားဒီအိမ်ကလား” အေး “အင်း အဘွားကလေးရှိလား” အေးရှိတယ်.. ၆ယောက်
”ဒါဆိုအိမ်ထောင်ရော”ဖြန်းးးးးးးးးးဖြန်းးးးးးးးးးဖြန်းးးးးး” အဘွားကြီးအိမ်ထဲပြန်ဝင်သွားတယ်...”

No comments:
Post a Comment