youtube ဗီဒီယို
ကားအတွင်းခန်းသုံး လေသန့်ကိရိယာလေးက ကားတွင်းမှာပါတဲ့ ဆေးလိပ်မီးညှိတဲ့
နေရာကနေ ချိတ်သုံးနိုင်အောင် ပြုလုပ်ထားပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းနေတဲ့
လေထုကို အနုတ်အိုင်းယွန်းလေးက သန့်စင်ပေးမှာပါ။ အဲဒါကြောင့်လဲ ကားအတွက်
mini 12v oxygen bar ionizer ဆိုတဲ့ ကြော်ငြာလေးတစ်ခုကို (၂၀-၁-၂၀၁၅)၊ အင်္ဂါ
နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၂ အောက်ဆုံးမှာ ထည့်ထားတာတွေ့ရပါတယ်။
မီဂန်စင်တာရှိတုန်းကတော့ ကျောက်စိမ်းကုတင်တွေမှာသုံးနေတဲ့ ကျောက်ပြားလေး
တွေကတော့ သဘာဝတွင်းထွက်ကထုတ်တဲ့ အနုတ်အိုင်းယွန်းတွေပါ။ ခု လူ့အသုံး
အဆောင်အဖြစ် ထုတ်လုပ်ထားတဲ့ အနုတ်အိုင်းယွန်း ရရှိစေနိုင်တဲ့ လျှပ်စစ်ပစ္စည်းတွေ
ကတော့ နည်းပညာမြင့် လျှပ်စစ်ပစ္စည်းဖြစ်ပါတယ်။ အရင်တုန်းက ထုတ်လုပ်ခဲ့တဲ့
နည်းပညာတွေကတော့ ခုလို သေးသေးမွှားမွှားတွေမဟုတ်သလို ဈေးကလည်ကြီးတော့
လူအများစု မသုံးနိုင်ကြပါဘူး။ ခုတော့ နာနိုနည်းပညာခေတ်မှာ ပစ္စည်းတွေက သေးကွေး
လာပြီး ဈေးလဲ သက်သာလာသလို ထုတ်လုပ်နိုင်တဲ့ စွမ်းအင်တွေက ပိုများလာကြပါတယ်။
အရင်တုန်းကပစ္စည်းနဲ့ အခုပစ္စည်းတွေ ဘယ်လိုကွာခြားတယ်ဆိုတာ နှိုင်းယှဉ်တိုင်းတာ
ကြည့်ဖို့ (တဦးချင်း)အနေနဲ့တော့ အခက်အခဲ ရှိနေပါသေးတယ်။
ဒါပေမယ့် ဘယ်လိုပဲလုပ်လုပ် ထွက်လာတဲ့ အနုတ်အိုင်းယွန်း ( Negative Ions ) တွေ
ကတော့ သင်နဲ့ သင့်ပတ်ဝန်းကျင်လေထုကို အထိုက်အလျောက်တော့ သန့်စင်ပေး
နိုင်တာ အမှန်ပါပဲ။ သင့်ကားထဲက မကောင်းတဲ့ အနံ့အသက်တွေနဲ့ သေငယ်တဲ့ဖုန်မှုန့်လို
အမှုန်အမွှားလေးတွေကို ဖယ်ရှားပေးပြီး သန့်ရှင်းတဲ့လေကို ဖြစ်ပေါ်စေနိုင်တဲ့အပြင်
ကားတွင်းရှိနေမဲ့ ဘက်တီးရီးယားလေးတွေကိုပါ ဖယ်ရှားပေးစေမယ့် အကျိုးကို
ရရှိစေမှာမို့ Air Fresher တွေထက်စာရင်သူက ကိုယ့်ကျန်းမာရေအတွက် ပိုပြီး ကူညီ
ပံ့ပိုးပေးနိုင်ပါတယ်။ နောက်ပြီး ဈေးနှုန်းကလဲ ခြောက်ထောင်ဆိုတော့ ချိုင်းနားဖြစ်
ဆိုပေမယ့် အထိုက်အလျောက်တော့ အသုံးတည့်နိုင်ပါလိမ့်မယ်။ ကားစီးရင်း မူးမော်တာ၊
စိတ်မကြည်လင်တာတွေကို သူက လျှော့ချပေးနိုင်ပါလိမ့်မယ်။ အမျိုးအစားကောင်းကို
ရှာဝယ်ပြီးသုံးနိုင်ရင်တော့ ပိုကောင်းပါတယ် ဒါပေမယ့် ပြည်တွင်းမှာတော့ဖြင့် ချိုင်းနား
လုပ်တွေပဲ တွေ့ရမယ်ထင်ပါတယ်။ ခုလဲ သတင်းစာမှာ ကြော်ငြာထည့်ထားပေမယ့်
လိပ်စာကို ထည့်မထားပါဘူး... စုံစမ်းဘို့ ဖုန်းနံပါတ်ပဲထည့်ထားတာမို့ စုံစမ်းကြည့်ချင်ရင်
ပေးထားတဲ့ နံပါတ်မှာ စုံစမ်းနိုင်ပါတယ်... ပုံတွေကိုတော့ အင်တာနက်က ရှာတင်
ထားပေးပါတယ်။ ဈေးလဲမကြီးတာမို့ ရှာသုံးသင့်ပါတယ်လို့ပဲ အကြံပေးလိုက်ပါတယ်။
(အထူးသဖြင့် ကားထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်လေးတွေနဲ့
အချိန်ကြာကြာ သွားလာနေရတဲ့သူတွေ ပိုပြီး အသုံးတည့်နိုင်ပါလိမ့်မယ်။)
စုံစမ်းရန်ဖုန်း - 01-227695, 220560 (သတင်းစာကြော်ငြာတွင်ပါသည့်အတိုင်း)
No comments:
Post a Comment