မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, January 21, 2015

ရေစိုခံ ဘက်စုံသုံး ကြိုးမဲ့နားကြပ် ဈေးကွက်တင်မည်


အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လက်စ်ဗီးဂတ်မြို့တွင် ယခု လဆန်းပိုင်းက ကျင်းပခဲ့သော CES 2015 ကုန်စည်ပြပွဲတွင် ဂျာမဏီ နည်းပညာကုမ္ပနီသည် ရေစိုခံဘက်စုံသုံး ကြိုးမဲ့နားကြပ်ကို မိတ်ဆက်ခဲ့ပြီး


လပိုင်းအတွင်း ဈေးကွက်တင်ရန် စီစဉ်ထားသည်ဟု အမေရီကန် မီဒီယာများက ဖော်ပြသည်။
ဘက်စုံသုံး ကြိုးမဲ့နားကြပ်ဟု သတ်မှတ်ရခြင်းမှာ နားကြပ်တွင် MP3 ဖွင့်စက်၊ နှလုံးခုန်နှုန်းနှင့် ခန္ဓာကိုယ်အတွင်းရှိ အောက်ဆီဂျင်အခြေအနေများကို စဉ်ဆက်မပြတ်ထောက်လှမ်း မှတ်တမ်းတင်ပေးမည့် ကျန်းမာရေး အထောက်အကူပြုစနစ်များ ထည့်သွင်းထားသည့်အပြင် Portable Device များနှင့် ချိတ်ဆက်အသုံးပြုရန် စီစဉ်ထားခြင်းများကြောင့် ဖြစ်သည်။

The Dash ဟု အမည်ပေးထားသော ဘက်စုံသုံး ကြိုးမဲ့နားကြပ်၌ မိုက်ခရိုကွန်ပျူတာ၊ ကျန်းမာရေးနှင့် ဆိုင်သော သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းပေးမည့် ဇီဝ အာရုံခံစနစ်များ၊ သီချင်း သိမ်းဆည်းထားရန်အတွက် Storage 4GB ထည့်သွင်းပေးထားသည်။ ဘက်စုံသုံးနားကြပ်ပေါ်တွင် တပ်ဆင်ထားသော LED မီးလုံးများမှတစ်ဆင့် အနီအောက်ရောင်ခြည် ထုတ်လွှတ်ကာ သွေးကြောမျှင် များ၏ လှုပ်ရှားမှုများနှင့် ရွေ့လျားစီးဆင်းမှုများကို စောင့်ကြည့်ကာ နှလုံးခုန်နှုန်းနှင့် အောက်ဆီဂျင် အခြေအနေ များကို စက္ကန့်နှင့်အမျှ စောင့်ကြည့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ရရှိလာသော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို စုစည်းကာ နားကြပ်အတွင်း၌ ထည့်သွင်းထားသော ကျန်းမာရေး အကြံပေး ဆော့ဖ်ဝဲလ်က လိုအပ်သည့် အကြံပေးမှုများ လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

 ရေစိုခံအောင် ဖန်တီးထားခြင်းကြောင့် ရေကူးနေစဉ်နှင့် မိုးရွာနေချိန်များတွင်လည်း အသုံးပြုနိုင်မည်
 ဖြစ်သည်။ အဆိုပါ ဘက်စုံသုံး ကြိုးမဲ့နားကြပ်သည် CES 2015 ကုန်စည်ပြပွဲ၏ တီထွင်ဖန်တီးမှုဆုကို ရရှိခဲ့သည်။ ဈေးကွက်အတွင်းသို့ အမြန်ဆုံးဖြန့်ချိရန် ပြင်ဆင်နေသော်လည်း ရောင်းချမည့်ဈေးနှုန်းကိုမူ အတည်ပြုခြင်း မရှိသေးပေ။
ရောင်းဈေးမှာ ယူရို ၁၀၀ ဝန်းကျင် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

NG
(၁၃-၁-၂၀၁၅ ပြည်ထောင်စုနေ့စဉ်သတင်းစာ)

No comments:

Post a Comment