မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, January 21, 2015

ဟာသ(၁)

မယားကောင်း ရထားသူ
===============
သူငယ်ချင်းနှစ်ယောက် ငါးများလန့်မသွားစေရန်
အသံမထွက်စေပဲ ဘီယာကိုယ်စီသောက်ရင်း
တိတ်ဆိတ်စွာ ငါးမျှားနေကြသည်။
ထိုစဉ်တစ်ယောက်က အသံတိုးတိုးဖြင့် -


" သူငယ်ချင်း ငါတော့ 
ငါ့မိန်းမကို ကွာရှင်းဖို့ စဉ်းစားနေတယ်ကွ၊
သူ ငါ့ကို စကားမပြောတာ နှစ်လတောင်ရှိနေပြီလေ "

ထိုအခါ ဘေးမှ သူငယ်ချင်းက ဘီယာ တစိမ့်စိမ့်စုပ်ရင်း
အလေးအနက်တွေးကာ အကြံပြုလိုက်သည်က...

" စဉ်းစားပါဦး သူငယ်ချင်း... အဲလို နှုတ်ဆိတ်တဲ့မိန်းမမျိုးက
နောက်ထပ် ရှာတွေ့ဖို့ သိပ်မလွယ်ဘူးနော်..." ဟူ၏။
Source:DailyJokes
+++++++++++++++++++++++++++++++++++

ဖေ့စ်ဘွတ်က ကြိုဆိုပါ၏
==============

Gogho’s dad joins facebook.
ဂိုဂိုရဲ့ ဖခင်ဟာ ဖေ့စ်ဘွတ်အကောင့် ဖွင့်လိုက်ပါတယ်။

Gogho’s update: ‘Dad on FB,wtf !!’
ဂိုဂိုရဲ့ စတေးတပ်။ ။ "အဖေ..ဖေ့စ်ဘွတ်ပေါ်ရောက်နေပြီ။ ဗြဲလိုမှပဲကွာ..။"
(ဒီနေရာမှာ wtf ဆိုတာ what the fuck ကို ဆိုလိုပြီး ရေးလိုက်တာပါ။)

Dad comments : ‘what is wtf?’
ဖခင်ရဲ့ ကွန်မန့်။ ။"wtf ဆိုတာ ဘာလဲကွ ငါ့သား..??"

Gogho replies :
ဂိုဂိုက ပြန်ဖြေပါတယ်....

‘Welcome to facebook’ !!,Dad
" ဖေ့စ်ဘွတ်က ကြိုဆိုပါတယ်.".လို့ ပြောတာပါ..ဖေဖေ။
(wtf=welcome to facebook လို့ ပြောင်းပြောလိုက်တာပါ။ ဂိုဂို ဥာဏ်များချက်..။)

Copy from ဂိုဂိုး၏ အင်္ဂလိပ်ဘာသာ လေ့လာစရာ မှ
++++++++++++++++++++++++++++++++++++

 ကိုထုံ ဒေါသထွက်ရသည့် အကြောင်းရင်း
========================

    တရားရုံးတစ်ခုတွင်ဖြစ်သည်။

    နှစ်လောင်းပြိုင်လူသတ်မှုရဲ့တရာခံကို ပြစ်ဒဏ်ချမှတ်ဖို့ တရားသူကြီးက
အမိန့်စာကို ဖတ်ကြားနေပါတယ်… …

“မောင်မင်းဟာ…ဇနီးဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုက တစ်ခု…”

“ခွေးသူတောင်းစား”

တရားခွင်ရဲ့ နောက်ပိုင်းနားမှာထိုင်နေတဲ့ ကိုထုံက တရားခံကို ထ ဆဲလိုက်ခြင်းဖြစ်တယ်။

တရားသူကြီးက ကိုထုံ့ကို လှမ်းကြည့်တယ်၊
ဒါပေမယ့် ဘာမှမပြောဘဲ အမိန့်စာကို ဆက်ဖတ်တယ်… …

“မောင်မင်းရဲ့ ယောက်ခမဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုကတစ်ခု…”

“မအေပေး အမျိုးယုတ်” .. ကိုထုံ ထ ဆဲပြန်တယ်။

ဒီတခါတော့ တရားသူကြီးက လှမ်းပြောတယ်… ..

“လူကြီးမင်း၊ ဒါတရားရုံးဖြစ်ပါတယ်၊ ဒီလို ရက်စက်စွာ အသတ်ခံရတဲ့ လူတွေအတွက်
ခင်ဗျား ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်၊ ဒါပေမယ့် နောက်ထပ်
တရားရုံးကို နှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကို အရေးယူရပါလိမ့်မယ်”

“ဟုတ်ကဲ့…နောက်မဆဲတော့ပါဘူး”

တရားသူကြီးက အမိန့်စာ ဆက်ဖတ်မလို လုပ်ပြီးမှ
စိတ်ထဲမှာမရှင်းတာနဲ့ ကိုထုံ့ကို လှမ်းမေးတယ်… …

“ဒါနဲ့ နေပါအုံး၊ ခင်ဗျားနဲ့ သေဆုံးသူတွေဟာ ဘယ်လိုများ ပတ်သက်ပါသလဲ”

“ဘယ်လိုမှ မပတ်သက်ပါဘူး”

“ဟင်… ဒါဆို ဘာလို့ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာလဲ”

“ထွက်တာပေါ့ဗျ၊ ဒီကောင်နဲ့ကျနော် အိမ်ချင်းကပ်လျက်နေလာတာ ၁၀ နှစ် ကျော်ပြီ၊
သူ့ဆီမှာ တူ သွားငှားတိုင်း မရှိဘူးချည့် ပြောပြောလွတ်တယ်လေ..”

သန်၎ကို ~
++++++++++++++++++++++++++++++++++++++

ယောက်ျားတစ်ယောက်ရဲ့ ဆုတောင်းသံ...
=========================
ယောက်ကျားတွေဟာ…. ညားခါစမှာတော့.. ဇနီးဖြစ်သူကို ရုပ်မြင်သံကြားစက်လိုမျိုး..
အရုပ်လည်းမြင်ချင် အသံလည်းကြားချင်ပေါ့ …. လက်ထပ်ပြီး (၄-၅)နှစ်လောက်ဆိုရင်
ဇနီးဖြစ်သူကို ရေဒီယိုလိုမျိုး အသံပဲကြားချင်တော့တယ် အိမ်ထောင်သက် ရလာလေလေ..
ဇနီးဖြစ်သူကို ဘောလုံးလိုမျိုး..တွေ့တာနဲ့ပိတ်ကန်ချင်စိတ်ပေါက်တော့တာပဲတဲ့ဗျာ။
အဲ့ဒီယောက်ကျားတစ်ယောက်ရဲ့ဆုတောင်းသံလေးနားထောင်ကြည့်ပါအုံးဗျာ……
ပညာတတ်ယောက်ကျားတစ်ယောက်က ဘုရားရှင်ထံ ဆုတောင်းနေပါတယ်...

အရှင်ဘုရား ....
တပည့်တော်ရဲ့မိန်းမဖြစ်သူကို နားလည်ပေးနိုင်တဲ့ အသိဥာဏ်တွေ ပေးသနားတော်မူပါဘုရား
သူမရဲ့စိတ်ဆန္ဒတွေကို လိုက်လျောပေးနိုင်ဖို့အတွက် သည်းခံခြင်းတရားကို ပေးသနားတော်မူပါဘုရား
ဒါပေမယ့်.. တပည့်တော်ကို ခွန်အားတွေတော့ မပေးသနားပါနဲ့အရှင်ဘုရား.. တပည့်တော်
ဒီကောင်မကို သတ်မိလိမ့်မယ်ဘုရား။    ။
+++++++++++++++++++++++++++++++++++++

ဘယ်အချိန်လာရမလဲ...?
================
ဈေးမဝယ်ဖူးသော

အမျိုးသားတစ်ယောက်

ဈေးဝယ်ထွက်လာသည်။

အမျိုးသား    - " အစ်မကြီး ခရမ်းသီးတစ်လုံး ဘယ်လောက်လဲ..."

ဈေးသည်    - " မောင်လေး ခရမ်းသီးက အချိန်နဲ့ရောင်းတာကွဲ့ "

အမျိုးသား    - " အဲဒါဆို ကျွန်တော် ဘယ်အချိန်လာဝယ်ရမလဲ..."

No comments:

Post a Comment