၁။ မလိုင်အပြည့်ပါဝင်သော နို့ထွက်ပစ္စည်း အသုံးပြုပြီး ဆီးချိုရောဂါကို ကာကွယ်ပါ
မလိုင်အပြည့် ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတွေဟာ
သွေးတွင်း သကြားဓာတ် မတည်ငြိမ်မှု ဖြစ်နိုင်ခြေကို လျှော့ချနိုင် တယ်လို့ ဟားဗတ်မှ
သုတေသီတွေက တွေ့ရှိထားပါတယ်။ သူတို့ရဲ့ နှစ်ပေါင်း ၂၀ ကျော် လေ့လာမှုအရ
မလိုင်အပြည့် ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ဒီဒြပ်ပေါင်း Trans-Plamitoleic
Acid ကို အမြင့်မားဆုံး ရရှိထားသူတွေဟာ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာ
ထိန်းချုပ်နိုင်ပြီး ဆီးချို ရောဂါဖြစ်နိုင်ခြေကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင် တယ်လို့
သိရပါတယ်။Trans-Plamitoleic Acid ဟာ ကြွက်သားတွေမှ သွေးတွင်းသကြားဓာတ်ကို
ထိထိရောက်ရောက် လောင်ကျွမ်းနိုင်စွမ်းရှိတာကြောင့်လို့ သုတေသီတွေက ယုံကြည်
ကြပါတယ်။ နေ့စဉ် မလိုင်အပြည့်ပါဝင်တဲ့ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်တစ်ခွက်၊ ဒါမှမဟုတ်
မလိုင်အပြည့်ပါတဲ့ ဒိန်ခဲ တစ်အောင်စ စားပေးပါ။
၂။ ပဲဟင်းစားပြီး သွေးဖိအားကျဆင်းအောင် ပြုလုပ်ပါ
UCLA မှ သုတေသီတွေရဲ့ အဆိုအရ ခွက်တစ် ဝက်စာ ပဲဟင်းကို နေ့စဉ်
စားသုံးတဲ့ အမျိုးသမီးတွေရဲ့ ၇၇ ရာခိုင်နှုန်းဟာ တစ်လအတွင်းမှာပဲ သွေးဖိအားကို
ပုံမှန်ဖြစ်အောင် ထိန်းချုပ်သွားနိုင်တယ်လို့ သိရပါတယ်။ ပဲဟင်းတစ်ခွက်စာမှာ
ပိုတက်စီယမ် ၅၉၄ မီလီဂရမ် ပါဝင်တယ်လို့ သုတေသီတွေက ပြောကြပြီး
ဒီပိုတက်စီယမ်ဟာ နှလုံးသွေးကြောတွေကို Relax ဖြစ်တာကြောင့် သွေးဖိအား
မြင့်တက်မှုမရှိအောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ပိုတက်ဆီယမ်များ စွာပါဝင်တဲ့
တခြား အစားအစာတွေကတော့ အခွံမာသီး၊ သစ်သီးခြောက်၊ ဟင်းနုနယ်နဲ့ အာလူးတို့
ဖြစ်ပါတယ်။
၃။ အနီရောင်ဂရိတ်ဖရုသီးစားပြီး ကိုလက်စထရောအဆင့်ကို လျှော့ချပါ
အနီရောင်ဂရိတ်ဖရုတ်သီးကို နေ့စဉ်စားသုံးရင် မကောင်းတဲ့ ကိုလက်စထရော
(LDL) အဆင့်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဂျေရုဆလင် တက္ကသိုလ်မှ
လေ့လာမှုအရ သိရပါတယ်။ ဒီအဖြစ်မျိုး ဟာ ကိုလက်စထရောအဆင့်တွေ အရမ်းမြင့်မား
နေပြီး Statin ဆေးဝါးကို မတိုးသူတွေအတွက်ပါ အကျိုး ရှိပါတယ်လို့ ဆိုပါတယ်။
အနီရောင်ဂရိတ်ဖရုသီးမှာ များစွာပါဝင်တဲ့ Limonin ခေါ်တဲ့ အပင်ဒြပ်ပေါင်းတွေဟာ
အသည်းမှ မကောင်းတဲ့ ကိုလက်စထရော (LDL) ထုတ်လုပ်မှုကို ထိန်းချုပ်ထားနိုင်လို့
ပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နေ့စဉ် ဂရိတ်ဖရုသီး စားတဲ့အမျိုးသမီးတွေဟာ
အပိုဆုအနေနဲ့ သုံးလအတွင်း ပေါင် ၂၀ အထိ လျော့ကျနိုင်တယ်လို့ ဂျွန်ဟော့ကင်း
တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
၎။ ညပိုင်းမှာ ငါးအဆီကို စားသုံးပြီး နာကျင်မှုဝေဒနာကို လျှော့ချပါ
ငါးအဆီကို နေ့စဉ် ၂၀ဝ၀ မီလီဂရမ်မှ ၃၀ဝ၀ မီလီဂရမ်အထိ သုံးရင် အဆစ်နဲ့
ကြွက်သားနာကျင်မှု ဝေဒနာ ၅၀ ရာခိုင်နှုန်းအထိ သက်သာနိုင်တာကြောင့် လေ့လာမှု
ပေါင်း တစ်ဒါဇင်ကျော်အရ သိရပါတယ်။ ငါးအဆီဟာ နာကျင်မှုဝေဒနာဖြစ်အောင်
လှုံ့ဆော်နိုင်တဲ့ ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်နှုန်း မြန်ဆန်စေကာ
နာကျင်မှုဝေဒနာ ခံစားမှုရအောင်၊ အလွန်အလုပ်လုပ်တဲ့ အာရုံကြောတွေကို နှစ်သိမ့်
ပေးနိုင်ပါတယ်လို့ မန်ဆာချူးဆက် ရောင်ရမ်းမှု သုတေသနအဖွဲ့မှ ဆေးပညာဆိုင်ရာ
ဒါရိုက်တာ Barry က ပြောပါတယ်။ ငါးအဆီကို ညပိုင်းမှာ မှီဝဲရင် ပိုမို ကောင်းမွန်နိုင်
ပါတယ်။ အိပ်နေစဉ်မှာ ငါးအဆီကို စုပ်ယူနိုင်စွမ်း အမြင့်မားဆုံးဖြစ်တယ်လို့ Texas
တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
၅။ အအိပ်လျှော့ပြီး ဓမ္မတာအကြိုဝေဒနာပြင်းထန်မှုကို လျှော့ချပါ
ဓမ္မတာအကြိုဝေဒနာကို စတင်ခံစားရတာနဲ့ တစ်ပြိုင်နက် အောက်ဖော်ပြပါ
အတိုင်း လစဉ် တစ်ညလောက် စမ်းသပ်ကြည့်ပါ။ သင်ရဲ့ အိပ်ချိန်ဇယားကို ခဏတာ
ပြောင်းလဲမှု ပြုလုပ်ရပါမယ်။ ည ၉ နာရီမှာ အိပ်ရာဝင်ပြီး မနက် ၁ နာရီမှာ အိပ်ရာမှထပါ။
သင့်ရဲ့ နေ့စဉ် ပုံမှန် အချိန်ရောက်တဲ့အထိ ပြန်မအိပ်ဘဲ နေပါ။ San Diego တက္ကသိုလ်မှ
သုတေသီတွေက ဒီလိုပြုလုပ်တာကြောင့် ဓမ္မတာအကြိုဝေဒနာခံစားရသူ အမျိုးသမီး
၁၀ ယောက်မှာ ရှစ်ယောက်နှုန်း သက်သာတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဓမ္မတာ အကြို
ဝေဒနာခံစားရတာဟာ ပုံမှန် အိပ်/ထမှု စက်ဝန်း အနှောင့်အယှက်ဖြစ်တဲ့အတွက်
လှုံ့ဆော်ခံရတာကြောင့် ပါလို့ The Body Clock Guide to Better Health စာအုပ်
ရေးသားသူ Michael က ရှင်းပြပါတယ်။ သင်ရဲ့အိပ်စက်မှုစက်ဝန်းကို တစ်လတစ်ကြိမ်
ပြောင်းလဲပေးလိုက်တာနဲ့ သင်ရဲ့ ဇီဝနာရီဟာ ပြန်လည်မြှင့်တင်နိုင်ပြီး ဒီပြဿနာကို
ဖြေရှင်း နိုင်တယ်လို့ ဆိုပါတယ်။
၆။ မီးဖိုချောင်မှ အောက်ပါအစားအစာတွေ စားပြီး ကျန်းမာရေးကောင်းအောင် ပြုလုပ်ပါ
(က) မုန်လာဥနီ - သူတို့မှာ ခုခံအားစနစ် ကောင်း မွန်စေနိုင်တဲ့ ဘီတာကယ်ရိုတင်းတွေ
များစွာ ပါဝင်ပါတယ်။ နေ့စဉ် မုန်လာဥနီ ခွက် တစ်ဝက်စာ စားသုံးရုံနဲ့ အအေးမိ
ဝေဒနာဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။
(ခ) ကြက်သွန်နီ - ခွက်တစ်ဝက်စာကို နေ့စဉ် စားသုံးတာကြောင့် အရိုးသိပ်သည်းဆ
လေးရာခိုင်နှုန်း မြင့်တက်လာနိုင်ပါတယ်။ ကြက်သွန်နီမှာ အရိုး သန်မာစေတဲ့
ဆာလ်ဖာတွေ များစွာ ပါဝင်ပါတယ်။
(ဂ) ဂေါ်ဖီထုပ် - တစ်ပတ်ကို သုံးခွက်စာ စားသုံးရုံနဲ့ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ
ထက်ဝက်ခန့် ကျဆင်းနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာ သားမြတ် တစ်သျှူးတွေကို
ဖျက်ဆီးမယ့် အီစထရိုဂျင်ကို ရပ်တန့်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
များစွာ ပါဝင်လို့ပါ။
ဒေါက်တာခင်မိုးမိုး
No comments:
Post a Comment