အနှစ် ၂၀ ကြာခဲ့ပေမဲ့လည်း
================
၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံ Colorado မှာ အိမ်အရောင်းအဝယ်လုပ်သူ Allan ကို ၎င်းအိမ်ရှိ အလုပ်ခန်းထဲမှာသေဆုံးနေတာကို ၎င်း၏မိန်းမဖြစ်သူ အပြင်က ပြန်အလာမှာတွေ့လို့ ပုလိပ်ကို အကြောင်း
ကြားပါတယ်။ Allan ရဲ့ခေါင်းနောက်မှာ သေနတ်ဒဏ်ရာတစ်ခုရှိပါတယ်။ ၂၅ caliba သေနတ် ကျည်ဆံ
တစ်ခုလည်း Allan ရဲ့ ဘေးမှာတွေ့ပါတယ်။ အခန်းထဲမှာရှိတဲ့ စားပွဲ၊ အံဆွဲတွေကို မွှေဖွထားတာ
တွေ့ရပါတယ်။ အံဆွဲထဲမှာထားတဲ့လက်ဝတ်လက်စားတွေလည်း ပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ အိမ်ရဲ့ ကျန်တဲ့ပစ္စည်းတွေကတော့ ပျောက်ပျက်ခြင်း၊ ခြေရာလက်ရာ ပျက်ခြင်းမရှိပါဘူး။ တံခါးနဲ့
ပြူတင်းပေါက်တွေ ဖျက်ဆီးခြင်းမရှိပါဘူး။ ဒါကြောင့် တံခါးဖျက်ဝင်ခြင်း၊ သူခိုး ခိုးခြင်း၊ ဓားပြတိုက်ခြင်း
မဟုတ်ဘူးလို့ ပုလိပ်က ယူဆပါတယ်။
Allan မသေဆုံးခင် ၆ ပတ်က Allan ကားထဲတွင်ရှိနေစဉ်၊ ကားနောက်ပိုင်း မီးလောင်တာကို အချိန်မီ
တွေ့ခဲ့လို့ မီးလောင်ပြီးမသေခဲ့တာပါ။ မီးငြှိမ်းပြီး ကားကိုစစ်ဆေး တဲ့အခါ၊ ကားရဲ့ ဓါတ်ဆီတိုင်ထဲမှာ
ပေါက်ကွဲတတ်သော (explosive) ပစ္စည်းများ ထည့်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ကား parking မှာ camera တပ်ဆင်ထားတာ မရှိတဲ့အတွက် ဘယ်သူထည့်သွားတယ်ဆိုတာ မသိနိုင်ပါဘူး။ အဲဒီအချိန်က Allan အနေနဲ့ ၎င်း၏ဘဏ်မှ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့လို့ထင်ခဲ့ပါတယ်။ အဲ့ဒီဘဏ်မှ ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတို့ဟာ
တရားမဝင်သော ငွေချေးမှုများ လုပ်နေခဲ့တယ်လို့ အစစ်ခံခဲ့ပါတယ်။
Allan အလောင်းကို စတွေ့သူမှာ Allan ၏မိန်းမ Mian ဖြစ်တဲ့အတွက် လူသတ်တရားခံဖြစ်နိုင်လို့ ၎င်း၏ မျက်နှာနှင့်လက်များမှာ ယမ်းမှုံများ ရှိမရှိကို စစ်ဆေးခဲ့ပါတယ်။ Mian ရဲ့မျက်နှာနှင့် လက်များမှာ ယမ်းမှုံများမတွေ့ပါဘူး။
Mian နဲ့ Allan တို့ အကသင်တန်းမှာတွေ့ကြပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။
နှစ်ဦးလုံးရဲ့ ဒုတိယအိမ်ထောင်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အလွန်ချစ်ခင်ကြပြီး၊ အမြဲတတွဲတွဲရှိတယ်လို့ ဆိုပါတယ်။ Allan ကားမီးလောင်စဉ်က Mian က super-market မှာ ဈေးဝယ်နေစဉ် Allan ဟာ အပြင်က ကားထဲမှာ စောင့်နေခဲ့တာဖြစ်ပါတယ်။
Allan အလောင်းမီးသဂြုင်္ိလ်ပြီးတဲ့နေ့မှာ အိမ်ပေါက်ဝမှာ Post Card တစ်ခု
တွေ့ပါတယ်။ Post Card မှာ နောက်တစ်ခါ နင့်အလှည့်လို့ရေးထားပါတယ်။ Post Card မှာရေးထားတဲ့
စာတွေဟာ စာလုံးကြီး (capital letters) တွေနဲ့ရေးထားတာမို့ လက်ရေး ကျွမ်းကျင်သူအနေနဲ့ ဘယ်သူရေးတယ်ဆိုတာ စစ်ဆေးလို့မရပါဘူး။ Post Card မှာ စာတိုက်တံဆိပ်မပါတာမို့ လူကိုယ်တိုင် လာထားတာဖြစ်ပါတယ်။ Post Card မှာရှိပါတဲ့ bar code ကိုလည်း လှီးဖြတ်ထားတာမို့ ဘယ်ကဝယ်တယ် ဆိုတာ မသိနိုင်ပါဘူး။ Post Card မှာ လက်ဗွေရာလည်းမရှိပါဘူး။ DNA စစ်ဖို့ တံထွေးလည်းမရှိပါဘူး။
Post Card ပို့တဲ့သူဟာ ခေတ်ပေါ်စမ်းသပ်တဲ့နည်းတွေကို ကျွမ်းကျင်ပုံရပါတယ်။
ဒါပေမဲ့ ကံကောင်းစွာ အဲ့ဒီ Post Card မျိုးကို မြို့လယ်က super-market တစ်ခုမှာပဲရောင်းပါတယ်။
နောက်ထပ်ကံကောင်းတာက အဲ့ဒီ super-market မှာ camera တပ်ဆင်ထားပါတယ်။ camera မှာ အံ့သြစွာ Mian ကိုယ်တိုင် ဝယ်ခဲ့တာဖြစ်ပါတယ်။ Mian ကိုစစ်ဆေးတဲ့အခါ Allan သေဆုံးမှုကို ဂရုစိုက်စစ်ဆေးမှုပြုရန် လုပ်ခြင်းဖြစ်တယ်လို့ပြောပါတယ်။
ပုလိပ်များ Mian computer မှာစစ်ဆေးတဲ့အခါ Mian ဟာ internet မှာ Allan သောက်လေ့ရှိသော
ဆေးများ (overdose ) များခြင်းကြောင့် ဖြစ်နိုင်သော ဆိုးကျိုးများ၊ ဆေးတစ်မျိုးနှင့်တစ်မျိုး အတူတူ
သောက်ခြင်းကြောင့် ဖြစ်နိုင်သောဆိုးကျိုးများကို အသေးစိတ်ရှာဖွေခဲ့တာတွေ့ရပါတယ်။ Mian ဟာ Allan ဆေး overdose နဲ့ သေဆုံးအောင် ကြံစည်ခဲ့ခြင်းဖြစ်ပါတယ်။
Allan ကားမီးလောင်ပုံဟာ No country for old man ဇတ်လမ်းနဲ့တူနေပါတယ်။ ဒါကြောင့် Mian
အဲ့ဒီကားကို TV မှာကြည့်ခဲ့သလားဆိုတာ စစ်ဆေးတဲ့အခါ Allan မသေဆုံးခင် ၄ ပတ်က ကြည့်ခဲ့တယ် ဆိုတာ TV မှတ်တမ်းများအရသိရပါတယ်။
Mian ရဲ့ အရင်အိမ်ထောင်အကြောင်း လေ့လာတဲ့အခါမှာ ၎င်းရဲ့ ယောက်ျားဟာ pistol 25 caliba နှင့်ပဲ ကုတင်ပေါ်မှာ ကိုယ့်ကိုယ်သတ်သေခဲ့ပါတယ်။ အဲ့ဒီအချိန်က Mian လည်း အိမ်မှာရှိနေခဲ့ပါတယ်။ အဲ့ဒီအမှုမှာ Mian အိမ်သို့ ပထမဦးဆုံးရောက်လာတဲ့ ပုလိပ်ဟာ Mian ရဲ့ မောင်ဝမ်းကွဲဖြစ်ပြီး ကိုယ့်ကိုယ် သတ်သေမှုအဖြစ် ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ Mian ရဲ့ ယောက်ျားဟာ ဘယ်ကျော်ဖြစ်ပေမဲ့၊ ညာလက်နဲ့
သေနတ်ပစ်ခဲ့တယ်လို့ မှတ်တမ်းမှာရေးထားတာ တွေ့ရပါတယ်။
Allan မသေခင်က Mian ကို ချက်လက်မှတ်တွေနဲ့ပိုက်ဆံပေးခဲ့တာ စုစုပေါင်းလေးသောင်းရှိပါတယ်။ ချက်လက်မှတ်တွေက Allan ရဲ့လက်မှတ်တွေကို စစ်ဆေးတဲ့အခါ လက်မှတ်အတုတွေဖြစ်နေပါတယ်။ Allan သေဆုံးရင် Mian က အသက်အာမခံ ဒေါ်လာတစ်သန်း ရမှာဖြစ်ပါတယ်။
အထက်ပါစစ်ဆေးတွေ့ရှိချက်များအရ Mian ကိုယ်တိုင် Allan ကိုသတ်ခဲ့တာ ဖြစ်ကြောင်း ညွှန်ပြနေ
ကြပါတယ်။ ဒါပေမဲ့ သေချာတဲ့ တိုက်ရိုက်သက်သေခံ (Direct evidence) မရှိဘဲ သွယ်ဝိုက်သက်သေ (Indirect evidence) တွေသာဖြစ်နေပါတယ်။ Allan ကိုသတ်ခဲ့တဲ့ လူသတ်လက်နက်ကိုလည်း ရှာမတွေ့ပါဘူး။ Direct evidence မရှိဘဲ တရားစွဲဆိုလို့မရပါဘူး။
ဒါပေမဲ့ စုံထောက်တွေ ထပ်သိရတဲ့အချက်က Allan တို့မှာ မိသားစုပိုင် 25 caliba သေနတ်တစ်လက် ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီသေနတ်က သေးငယ်တဲ့ လက်ကိုင်အဖြုရောင်နဲ့ဖြစ်ပြီး Allan ရဲ့ အလုပ်စားပွဲ အံဆွဲမှာ ထားလေ့ရှိပါတယ်။ ယခုအဲ့ဒီသေနတ်ကိုရှာမတွေ့ပါဘူး။
ဒီသေနတ်က ရာဇဝင်နဲ့ပါ။ လွန်ခဲ့တဲ့အနှစ် ၂၀ (၁၉၈၉) ခုနှစ်က Allan ရဲ့ အဖေနဲ့မေတို့ စကားများ ရန်ဖြစ် ကြပြီး Allan အဖေက အမေကိုသေနတ်နဲ့ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ဘယ်သူမှမထိဘဲ၊ သေနတ်ကျည်ဆံ
ခြံထဲကျသွားတယ်လို့ဆိုပါတယ်။ ပုလိပ်တွေလည်း အနှစ် ၂၀ က သေနတ်ကျည်ဆံကို ရှာတွေ့လိုတွေ့ငြား Allan မိဘအိမ်ကမြက်ခင်းမှာ သံ၊ သတ္ထုဓာတ်ဖမ်းသောကိရိယာ (metal detector) နှင့်ရှာဖွေတဲ့အခါ
ကံကောင်းစွာ လွန်ခဲ့တဲ့အနှစ် ၂၀ က ကျည်ဆံကိုရှာတွေ့ခဲ့ကြပါတယ်။
ဒီကျည်ဆံနဲ့ Allan အသတ်ခံရတဲ့ ကျည်ဆံတို့ တူမတူတိုက်ကြည့်ဖို့ ကျွမ်းကျင်သူထံ ပို့လိုက်ပါတယ်။
သေနတ်တစ်လက်ထဲက ထွက်လာတဲ့ကျည်ဆံတွေမှာ တူညီသော အစင်း အရာတွေရှိပါတယ်။ အဲ့ဒီအစင်းတွေ တူရင် သေနတ်တစ်ခုထဲကထွက်တာပါ။ အနှစ်၂၀ က မိုးထဲလေထဲ၊ မြေထဲမှာမြုပ်နေတာမို့ သံခြေးတွေတက်နေပါတယ်။ ဒါပေမဲ့ ကျည်ဆံမှာရှိတဲ့ အစင်းအကြောင်းတွေကတော့ တစ်ချို့တစ်ဝက်
ကျန်နေပါသေးတယ်။ အဲ့ဒီအစင်းတွေနဲ့ Allan အသတ်ခံရတဲ့ ကျည်ဆံရဲ့အစင်းတွေကို တိုက်ကြည့်တဲ့
အခါ တစ်ထပ်တည်းဖြစ်နေပါတယ်။ ဒီတွေ့ရှိချက်က ခိုင်လုံတဲ့ သက်သေခံဖြစ်တဲ့အတွက် Mian ကို Allan အား ကြိုတင်ကြံစည်သတ်မှုဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ အများဆုံးပြစ်ဒဏ်ခံရပြီးဖြစ်တာကြောင့် Mian ကို အရင် ယောက်ျားသတ်မှုအတွက် ထပ်မံစစ်ဆေးခြင်း မပြုတော့ပါဘူး။
NT1 မှ ၂၀၁၂ ခုနှစ် မေလ ၂၃ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles investigation
series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။
(မြတ်ပန်းရဂုံ)
Saturday, May 26, 2012

No comments:
Post a Comment