ဆီးကျိတ်ကင်ဆာနှင့် အခွံမာသီး
=====================
ဆီးကျိတ်ရောဂါသည် အမေရိကန်တွင် အဖြစ်အများဆုံး ကင်ဆာရောဂါထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
ထို့ကြောင့် ထိုရောဂါနှင့် အစားအသောက်မည်သို့ ဆက်နွယ်နေသည်ကို လေ့လာခဲ့ကြသည်။ University of California Davis မှ သုတေသီများသည်ကြွက်များတွင် လေ့လာခဲ့ကြသည်။ လေ့လာမှုအရ wallnuts ဆိုသည့် အခွံမာသီးသည် ဆီးကျိတ်ကင်ဆာကြီးထွားမှုကို နှေးကွေးစေကြောင်း တွေ့ရှိခဲ့သည်။ ၎င်းတွင် ဆီးကျိတ် ကင်ဆာကို ဆန့်ကျင်သော ဒြပ်ပေါင်းများပါဝင်သည်။ ၂၀၁၃ လေ့လာမှုအရ ၎င်းအခွံမာသီး၏ အဆီသည် သွေးကြောများကို ကောင်းမွန်စေပြီး အဆီပိုများနှင့် သွေးတွင်းကိုလက်စထရောကို ဖယ်ရှားပေးသည်ဟု သိရှိခဲ့ရသည်။ အာဟာရပညာရှင် ပေါလ်ဒေးဗစ်သည် ထိုအချက်ကို ဖော်ထုတ်နိုင် ခဲ့သည်။ ယခုလေ့လာမှုများအရ ကြွက်များကို အခွံမာသီးကို စားစေပြီး ဆီးကျိတ်ကို လေ့လာခဲ့ရာ ဆီးကျိတ်အရွယ်အစား သေးသွားသည်ကို တွေ့ရှိရသည်။ သို့သော် ထိုအသီး၏ မည်သည့်အစိတ်အပိုင်း သည် ထိုသို့ ပြုလုပ်ပေးသည်ကို မသိရှိသေးပေ။ သို့သော် ၎င်းအခွံမာသီးသည် ကျူမာအကျိတ်များကို ဖိနှိပ်ပေးသော PSP94 ကိုများစေပြီး အကျိတ်ကိုကြီးထွားစေသည့် COX-2 ကို လျော့ချပေးသည် ဟု
သိရှိရသည်။
မာဃ
Health Updates Journal
Ref:MNT

No comments:
Post a Comment