လေဖြတ်ရသည့် အကြောင်းရင်းများ
လေဖြတ်သည့် ဝေဒနာသည် အရေးပေါ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး
ဦးနှောက်သွေးကြော ပိတ်လျှင်သော်လည်းကောင်း၊ ပေါက်လျှင်သော်လည်းကောင်း
ဦးနှောက်တစ်ရှူးထံ သွေးထောက်ပံ့မှု ရပ်ဆိုင်းပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ
သေသွားတတ်သည်။
လေဖြတ်ဝေဒနာ၏ လက္ခဏာများမှာ – ခန္ဓာကိုယ်တစ်ခြမ်းတွင် ရုတ်တရက်ထုံကျဉ်ပြီး
ပျော့ခွေခြင်း။ မျက်လုံးတစ်လုံးချင်းဖြစ်စေ၊ နှစ်ဖက်စလုံးဖြစ်စေ အမြင်အာရုံချွတ်ယွင်းခြင်း၊
အစာရေမျိုရခက်ခြင်း၊ အကြောင်းရင်း မည်မည်ရရမရှိဘဲ ရုတ်တရက် ခေါင်းကိုက်ခြင်း၊
ရုတ်တရက် ခေါင်းမူးခြင်း၊ ဟန်ချက်ပျက်ခြင်း၊ စကားပြောရခက်ခြင်းတို့
တွေ့လာရတတ်သည်။
လေဖြတ်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းမှာ သွေးထောက်ပံ့မှု ရပ်ဆိုင်းခြင်းကြောင့်
ဖြစ်သည်။ ခန္ဓာကိုယ်တစ်နေရာမှ သွေးခဲတစ်ခဲ ဦးနှောက်သွေးကြောတွင် လာပိတ်ခြင်း
ကြောင့် အဖြစ်များသည်။ ဦးနှောက်သွေးကြောပေါက်ခြင်းကြောင့် ဖြစ်ရသည့် လေဖြတ်
ဝေဒနာသည် အဖြစ်နည်းသော်လည်း အသက်အန္တရာယ် ဖြစ်စေနိုင်သည်။
လေဖြတ်ဝေဒနာ ဖြစ်စေသည့် အခြေခံပြဿနာမှာ သွေးကြောနံရံ မာကျစ်ခြင်းကြောင့်
ဖြစ်သည်။ အဆီ၊ ကိုလက်စထရော၊ ကယ်လ်ဆီယမ်နှင့် အခြားပစ္စည်းများ အနည်ကျပြီး
သွေးကျောနံရံများ ထူလာတတ်သည်။ ထိုကဲ့သို့ သွေးကြောများသည် သွေးခဲဖြစ်ပေါ်ရန်
ပိုလွယ်ကူစေသလို သွေးတိုးလာသည့်အခါတွင်လည်း ပေါက်ထွက်ရန် လွယ်ကူသည်။
သွေးတိုးရောဂါ၊ သွေးတွင်း အဆီဓာတ်များခြင်း၊ ဆီးချိုရောဂါ၊ အဝလွန် ရောဂါတို့
ကြောင့်လည်း လေဖြတ်ဝေဒနာ ဖြစ်စေတတ်သည်။
သွေးခဲပိတ်ခြင်းကြောင့်လည်း လေဖြတ်လျှင် သွေးခဲပျော်ဆေးများဖြင့် ကုသရသည်။
သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်လျှင် ကုသရ ပိုမို ခက်ခဲလေ့ရှိပြီး သွေးပေါင်
ထိန်းခြင်း သွေးတိတ်အောင် လုပ်ရခြင်း၊ ဦးနှောက်အရောင်ကျအောင် လုပ်ရခြင်း
စသည်ဖြင့် အဆင့်များများ ကုသရသည်။
လေဖြတ်ပြီးသား လူနာများကို စကားပြောကျင့်ခြင်း၊ လှုပ်ရှားမှုလေ့ကျင့်ခြင်းတို့ဖြင့်
ကုသပေးရသည်။ ဆေးလိပ်ဖြတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်နှင့် ဆားစားသုံးမှု
လျှော့ချခြင်း အသီးအရွက်၊ ငါးနှင့် အစေ့အဆံများ စားခြင်းတို့ဖြင့် လေမဖြတ်အောင်
ကာကွယ်နိုင်သည်။
သီဟ
Health Updates Journal
Ref: Web MD
---------------------------------------------------------------------------------------
မှတ်ချက်။
(ရာသီဥတုအေးလာတဲ့ ခုလိုချိန်ခါမျိုးမှာ ပိုပြီး သတိပြုကြစေချင်ပါတယ်...မီဂန်စင်တာ
ရှိနေသေးရင် ဆရာမလေးတွေက အမိ၊ အဖတွေကို သတိထားကြဖို့ စင်ပေါ်တက်ပြီး
မှာနေကြမှာသေချာတယ်... ခု ကျန်းမာရေးသုတတွေ ပြောကြားပေးမယ့် ဆရာမလေး
တွေမရှိတော့ မီဂန်သုံးစွဲသူတစ်ယောက်အနေနဲ့ပဲ ဆရာမလေးတွေကိုယ်စား အသိပေး
လိုက်ရပါတယ်။ တကယ်ဆို Projector လေးတွေကို ပုံမှာပြထားသလို နားထင်တို့၊
လည်ပင်းသွေးကြောမကြီးနေရာတို့မှာ အသာဖိကပ်ထားပေးမယ်ဆိုရင် လေဖြတ်တာကို
တော့ ကောင်းကောင်း ကာကွယ်ထားနိုင်ပါတယ်.. မီဂန်ကျောက်စိမ်းကုတင် ကိုယ်ပိုင်
ဝယ်ထားနိုင်သူတွေနဲ့ အခပေးသုံးလို့ရတဲ့နေရာတွေမှာ သုံးသူတွေလောက်ပဲ ခုချိန်မှာ
သုံးနိုင်ကြတော့မှာပါ.. ဒါပေမယ့် အဲဒီလို အခမဲ့ကျန်းမာရေးစင်တာတွေဆီကို သွားဖို့ရာ
အခက်အခဲမရှိဘူးဆိုရင်တော့ ဘာတံဆိပ်၊ ဘာနာမည်ပဲဖြစ်ဖြစ် ရွေးစရာမရှိရင်တော့
ရတာကိုပဲ သွားသုံးကြဖို့ တိုက်တွန်းပါတယ်... လေမဖြတ်အောင်တော့ အဲဒီစက်တွေက
အကာအကွယ် ပေးထားနိုင်မှာဖြစ်လို့ပါပဲ။)
No comments:
Post a Comment