မြန်မာဗုဒ္ဓဘာသာတိုင်းကြားဖူးကြတဲ့ ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက သုဝဏ္ဏသာမဇတ်တော်ကြီးမှာ
သုဝဏ္ဏသာမ၏ဖခင်ဖြစ်သူနဲ့ မိခင်တို့ တောထွက်တရားအားထုတ်ကြရာ အကြင်လင်မယားအဖြစ် မနေထိုင်ကြခြေ ။ မကြာခင် မိခင်ဖခင်တို့မျက်စိကန်းပြီး ဒုက္ခရောက်ကြမည်ကိုသိသော သိကြားမင်းက ၎င်းတို့အားပြုစုရန် ကလေးမွေးရန်ပြောဆိုသော်လည်း ၎င်းတို့စောင့်နေသောသီလကို မဖျက်လို ကြကြောင်းသိရသဖြင့် သီလဖျက်ရန်မလိုသောနည်းဖြင့် သားသမီးရစေရန် နည်းပေးခဲ့ပါတယ်။
အဲ့ဒီနည်းကတော့ ဖခင်ဖြစ်သူ ဒုကူလရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ ဥတုလာသောအခါ၌ ချက်ကိုလက်ဖြင့်သုံးသပ်ခိုင်းသည်။ ထိုသို့ပြုခြင်းဖြင့် သုဝဏ္ဏသာမ အား ဖွားမြင်တယ်ဆိုတာ အားလုံးသိကြမှာဖြစ်ပါတယ်။ ဒီနည်းကို ဖတ်ရစဉ်က သံသယတွေများစွာဖြစ်ခဲ့ပါတယ်။ လူဆိုတာ ယောက်ျား၊ မိန်းမတို့ ဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ကြောင်း သိနေလို့ဖြစ်ပါတယ်။ ယောက်ျား၊မိန်းမအနေနဲ့လည်း ယောက်ျားအနေနဲ့ ယောက်ျားမျိုးခေါ်တဲ့ စပန်း (sperm) နဲ့ မိန်းမရဲ့မျိုးဖြစ်တဲ့ အိုဗန် (ovum)တို့ ထုတ်နိုင်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ ယောက်ျားများအနေနဲ့ ကျန်းမာရေးကောင်းနေရင်၊ အလွန် အသက်အရွယ်ကြီးတဲ့အခါကလွဲရင် sperm များထုတ်နိုင်ပြီး၊ အမျိုးသမီးများမှာတော့ ကျန်းမာရေးကောင်းရုံသာမက ဥတုရာသီ မဆုံးတဲ့အရွယ်ဖြစ်ရမည့်အပြင်၊ ovum များ အမြဲတမ်းထွက်နေတာမဟုတ်ဘဲ၊ လစဉ် ဥတုရာသီလာပြီးနောက် တစ်ပတ်အတွင်းသာ
ovum များထုတ်လုပ်တာဖြစ်ပါတယ်။
ဒါကြောင့် ယောက်ျား၊မိန်းမတို့ ဆက်ဆံတိုင်း ပဋိသန္ဓေမစွဲယူနိုင်ပဲ sperm နဲ့ ovum တို့ထုတ်လုပ်တဲ့ အချိန်မှာဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ပါတယ်။ ဒါတွေက DNA ခေါ်တဲ့ မျိုးရိုးဗီဇတွေအကြောင်း သိပ္ပံပညာက မသိသေးတဲ့အချိန်ကဖြစ်ပါတယ်။ အခု ၂၁ ရာစုနှစ်မှာ လူအပါဝင် သတ္တဝါတွေဟာ
ဗီဇဆိုတဲ့ DNA တွေကြောင့် ဖြစ်ကြတာဆိုတာသိလာပါတယ်။ ဒါကြောင့် DNA တစ်ခုရှိရင် အဲဒီ DNA ကနေ လူတစ်ယောက်၊ သတ္တဝါတစ်ကောင်ကိုပြုလုပ်နိုင်ပါတယ်။ Colone ဆိုတာ DNA တစ်မျိုးထဲက လုပ်ထားတဲ့ သတ္တဝါတွေကိုခေါ်ပါတယ်။ DNA တစ်ခုထဲကလုပ်ထားတာမို့ အဲ့ဒီ သတ္တဝါတွေဟာ လုံးဝတူကြပါတယ်။ (identical)ပေါ့ ။
DNA တွေက ကိုယ်ခန္ဓာက ဆဲလ် (cell) တွေမှာရှိပါတယ်။ ကိုယ်ခန္ဓာက ဆဲလ် တွေကလည်း အမြဲသေနေကြပြီး သေတဲ့ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေက အစားထိုးနေကြပါတယ်။
အရေပြားဆဲလ်အသေတွေက အမြဲလို အရေပြားကထွက်နေပါတယ်။ ဒါကြောင့်လက်နဲ့ကိုင်တဲ့
ပစ္စည်းတွေမှာ ကိုင်သူရဲ့ ဆဲလ်တွေကပ်နေတာမို့ ယခုခေတ်မှာ လူသတ်မှုလိုရာဇဝတ်မှုတွေမှာ အမှုဖြစ်တဲ့နေရာမှာကျန်ခဲ့တဲ့ လူသတ်သမားရဲ့ ဆဲလ်မှာပါတဲ့ DNA ကို စမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။
ဒါကြောင့် ဖခင်ဖြစ်သူ ဒုကူလရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ၏ ဥတုလာသောအခါ၌ ချက်ကို လက်နှင့်သုံးသပ်ခြင်းဖြင့် သုဝဏ္ဏသာမ ကိုဖွားမြင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာ နားလည်ရပါတော့တယ်။
အမှန်တရားသိနိုင်သောအသိဥာဏ်များတိုးပွားနိုင်ကြပါစေ...
(မြတ်ပန်းရဂုံ)
No comments:
Post a Comment