မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, November 26, 2014

အစစ်နှင့် အလွန်တူသော တစ်သောင်းကျပ်တန် အတုများကို ခွဲခြားနည်း


 ပုံ (၁) ထဲက တစ်သောင်းတန်ဟာ အတုဆိုရင် သင်ယုံပါသလား။

ရေစာ (watermark) လည်းပါတယ်၊ ကြိုးလည်းပါတယ်၊ နေ...ရာတိုင်းနီးပါးကလည်း အစစ်နဲ့ ခွဲရခက်လောက်အောင် ကြမ်းပါတယ်။ တကယ့်ကြောက်စရာ အန္တရာယ်ပဲ။
အရင်ပေါ်ခဲ့တဲ့ ငါးထောင်တန် တစ်သောင်းတန်တွေဟာ အတော်လေး အတုအစစ် ခွဲရလွယ်ပါတယ်။ ဒီနေ့ ဈေးဝယ်စင်တာ တစ်ခုမှာ တွေ့ခဲ့ရတဲ့ တစ်သောင်းတန်ကတော့ တော်ရုံတန်ရုံ ကျွမ်းကျင်သူများကိုတောင် သတိမထားမိလောက်အောင် ပိရိတာကို တွေ့ခဲ့ရပါတယ်။ ဒါမျိုးတွေ.... ဘယ်နှရွက်လောက် လည်ပတ်နေကြပြီလဲ။ ထိတ်လန့်စရာပါ။
လက်ခံမိတဲ့ cashier ကောင်မလေးကတော့ စိုက်လျော်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါမျိုး အရွက်ပေါင်းများစွာ ကိုယ့်လက်ထဲ ပိုက်မိရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် ကျွန်တော်တို့ လေ့လာမိသလောက် တစ်သောင်းတန် အတုအစစ် ခွဲနည်းကို ဖော်ပြလိုက်ပါတယ်။

(၁) ရှေ့မျက်နှာမှာပါတဲ့ ရောင်ပြန်ကြိုးကို ဘယ်ညာ ရှုထောင့်ပြောင်းပြီး လှုပ်ပြီး ကြည့်ပါ။ အစစ်ဆိုရင် အရောင်ပြောင်းပါတယ်။ အတုကတော့ မပြောင်းပါဘူး။ သိသာပါတယ်။

(၂) ကြာပန်းပုံ ရေစာနေရာမှာ အထူအပါးကွာပါတယ်။ အချောအကြမ်း ကွာပါတယ်။ အစစ်က ပါးပြီး ကြမ်းတယ် အတုက ထူပြီး ချောပါတယ်။ ပြီးတော့ အတုရဲ့ ရေစာက ပိုကြီးတာကို ပုံ(၂)ထဲကအတိုင်း တွေ့နိုင်ပါတယ်။ ထောင်ကြည့်ရင် အတုက ပိုအလင်းပိတ်ပါတယ်။ (အပေါ်က အတုပါ)
(လူအများ သတိပြုရှောင်ရှားနိုင်ဖို့ မျှဝေလိုက်ပါတယ်။ နောက်နောင်လည်း အများပြည်သူ အကျိုးရှိစေမဲ့ သတင်းအချက်အလက်များကို အချိန်နဲ့ တပြေးညီ ဖြန့်ဝေသွားမဲ့ ကျွန်တော်တို့ရဲ့ Myanmar Property Marketplace စာမျက်နှာ https://www.facebook.com/PropertyMarketplaceMyanmar ကို Like နှိပ်ထားနိုင်ပါတယ်ခင်ဗျာ။)

အခုစာလေးဖတ်ပြီး တစ်ခုသတိထားစေချင်တာကတော့ ဒီထဲမှာဖော်ပြထားတာတစ်ခုထဲကိုပဲ တရားသေတော့ မမှတ်ယူစေလိုပါဘူး။ ဘာလို့ဆိုတော့ အတုတွေက တစ်နေရာထဲကနေ
ထွက်တာမဟုတ်ပဲ၊ ပုံနှိပ်တဲ့နေရာအများအပြားကနေ အသွင်ကွဲအမျိုးမျိုးတွေ ရှိနိုင်လို့ပါပဲ။

No comments:

Post a Comment