အလှပြင်ပစ္စည်းများတွင် ပါဝင်သည့် Triclosan ဓာတ်ကြောင့် နှလုံးရောဂါ ဖြစ်ပွားနိုင်
========================================================
(ကယ်လီဖိုးနီးယား သြဂုတ် ၁၄)

နှုတ်ခမ်းနီ၊ မျက်နှာ သစ်ဆေး၊ သွား တိုက်ဆေး အပါအဝင် အိမ်သုံး ပစ္စည်း အများစုတွင် ပါဝင်သည့် Triclosan ဓာတ်သည် နှလုံးကို ထိခိုက်ပျက်စီးစေ နိုင်ကြောင်း ကယ်လီဖိုးနီးယား သိပ္ပံ ပညာရှင်များက
ပြောကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ Triclosan ဓာတ်ကို သုတေသီများက ကြွက်များတွင် စမ်းသပ်ကြည့်ရာ ၄င်းဓာတ် ထိုးသွင်းပြီး မိနစ် ၂ဝ အကြာတွင် အဆိုပါကြွက် များ၏ နှလုံးလုပ်ဆောင်ရည် ၂၅ ရာခိုင်နှုန်း ကျဆင်းသွား ကြောင်း သိရသည်။ ယခင် တွေ့ရှိချက် များအရ Triclosan ဓာတ်သည် သိုင်းရွိုက် အကြိတ်နှင့် မျိုးပွားမှုဆိုင်ရာ
ပြဿနာများ ဖြစ်ပွားစေ သော်လည်း ယခုတစ်ကြိမ် တွေ့ရှိမှုတွင် ကြွက်သားများကို ထိခိုက်စေနိုင်သည်။
သို့ရာတွင် အဆိုပါ လူသုံးကုန် ပစ္စည်းများတွင် ပါဝင်သည့် Triclosan ဓာတ်သည် ဘေးအန္တရာယ် ကင်းရှင်းကြောင်းနှင့် ကြွက်များတွင် ထိုးသွင်းသည့် ပမာဏများ ၍သာ ဖြစ်ကြောင်း အခြားကျွမ်းကျင်သူ များက ပြောကြား ထားသည်။ သို့သော် အဆိုပါ သုတေသနကို ဦးဆောင်သူ ပါမောက္ခ အိုင် စက်ဝ် ပတ်စ်ဆာ့ခ်ျက ယခုတွေ့ရှိ ချက်သည် လူသားများနှင့် ပတ်ဝန်းကျင် အတွက်ပါ များစွာ အထောက် အကူပြုကြောင်း ပြောကြား ခဲ့သည်။ ဥရောပ သမဂ္ဂ၏ ဥပဒေအရ သွားတိုက် ဆေးနှင့် အလှပြင် ပစ္စည်းများ တွင် Triclosan ဓာတ်ကို သုည ဒသမ သုံးရာခိုင်နှုန်း သာ အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။
Credit:mwdmedia.net

=================================
No comments:
Post a Comment