မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, November 21, 2014

ကောင်းမွန်သော ပညာရေး...

 15 NOV 2014

သိပွံသင်ခန်းစာကြောင့် 
အသက်ဆုံးရှုံးနိုင်မှုအန္တရာယ်မှ 
လွတ်မြောက်ခဲ့တဲ့ငါးတန်းကျောင်းသားလေး


               ငါးတန်းမှာသင်ကြားပို့ချသော သိပွံသင်ခန်းစာတစ်ခုကြောင့် ဖလော်ရီဒါပြည်နယ်မှ အလယ်တန်းကျောင်းတစ်ခုမှာ ပညာသင်ကြားနေသော ကျောင်းသားငယ်တစ်ဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်။

လွန်ခဲ့သော အောက်တိုဘာလက Tashawn Roberts ဆိုတဲ့ ဆယ်နှစ်အရွယ် ငါးတန်းကျောင်းသား တစ်ဦးဟာ သူတက်ရောက်နေတဲ့ Pinellas Park Elementary ကျောင်းမှာ သူ့ရဲ့ဆရာမက
သွေးလှည့်ပတ်စီးဆင်းပုံနဲ့ပတ်သက်သော သင်ခန်းစာကို သင်ကြားခဲ့ပါတယ်။

သွေးခုန်နှုန်းများအားစမ်းသပ်ရန် ဆရာမက ကျောင်းသားတွေရဲ့လက်ကောက်ဝတ်၊ လည်ပင်းစသည်တို့ကို မိမိကိုယ်မိမိ စမ်းကြည့်ခိုင်းရာမှာ Tashawn က သူ့ရဲ့လည်ပင်းကို စမ်းသပ်ကြည့်တော့ သွေးကြောများရဲ့ ခုန်နေတဲ့ တဒိတ်ဒိတ် အချက်ပြမှုကို မတွေ့ရဘဲ အစိုင်အခဲတစ်ခုကိုသာတွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့်သူက သူ့ရဲ့ဆရာမကို သွေးစီးဆင်းသည့် ဒုတ်..ဒုတ်..ဒုတ်ဆိုသော စီးချက်ကျ သွေးလှည့်ပတ်မှုကို မတွေ့ရကြောင်းပြောဆိုခဲ့ရာမှာ ဆရာမကစမ်းသပ်ကြည့်ပြီး ဆေးရုံကိုပို့ရန် မိဘများအားညွှန်ကြားခဲ့ပါတယ်။

သူ့ရဲ့လည်ပင်းထဲမှာ ဂေါ့ဖ်သီးအရွယ် အကြိတ်အခဲတစ်ခုကို နှစ်နာရီကျော်ကြာ ခွဲစိတ်ထုတ်ယူနိုင်ခဲ့ ပါတယ်။ အကယ်၍သာ အဆိုပါ အကြိတ်အခဲကို မထုတ်ခဲ့ပါက ပေါက်ကွဲသွားမှာဖြစ်ပြီး ဦးနှောက်ကို ထိခိုက်ကာ အသက်ဆုံးရှုံးမှာဖြစ်ပါတယ်။ Tashawn ရဲ့ လည်ပင်းမှာရှိတဲ့သွေးပြန်ကြောကိုလည်း သူ့ခြေထောက်ကသွေးကြောတစ်ခုနဲ့အစားထိုးခဲ့ပါတယ်။

ယခုတော့ အဆိုပါကျောင်းသားဟာ ရိုးရှင်းသော သိပွံသင်ခန်းစာလေးတစ်ခုကြောင့် အသက်ဆုံးရှုံးမှု ခံရမယ့်ဘေးမှ ကင်းလွတ်ခဲ့ပြီဖြစ်ပါတယ်။

Nyein Chan(Online Editor)
TechSpace Journal

No comments:

Post a Comment