မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, November 19, 2014

ဆီးချို သွေးချို ကာကွယ်ဖို့...

ဆီးချို သွေးချို ကာကွယ်ဖို့ သင်္ဘောသီးစိမ်းရေနွေး နေ့စဉ်သောက်ကြစို့ ။
=====================================
Wednesday, November 12, 2014 6:19 AM
=====================================


ယခုရက်ပိုင်းအတွင်းခေတ်စားလာသော ဆေးမီးတို( ဆေးနည်းတို )
တစ်ခုအကြောင်း တင်ပြလိုက်ပါသည်။ ပုပ္ပားတောင်သို့ဘုရားဖူးသွားရင်း ဆီးချိုတက်၍မေ့လဲကျသွားသော အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ) မှ ဤနည်းကိုပြောပါသည်။

အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့် အထူးကုဆရာဝန်ကြီးများပြပြီး ဆေးစားနေသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။ ခါတိုင်းလည်းဆီးချိုတက်လျှင် မူးလဲနေကျဖြစ်ပါသည်။ ပုပ္ပားတောင်စောင်းတန်းမှ အမေကြီးတစ်ဦးက သူ့ကိုပွေ့ချီထားခိုင်းပြီး သင်္ဘောသီးစိမ်းအဆင်သင့်ကို ခေါင်းပိုင်းမှဖြတ်၊ အတွင်းမှအစေ့နုများကို ဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက် ဆူနေသောရေနွေးအဖြူ လောင်းထည့်ပြီးပိတ်ထားပါသည်။ ၁၅မိနစ်ခန့်ထားပြီးနောက် သွန်ငှဲ့ပြီး အနည်းငယ်အအေးခံ၍ တိုက်ပါသည်။

သင်္ဘောသီးကိုလွှင့်မပစ်ရပါ၊ ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန် ၄ကြိမ်၅ကြိမ်အထိ သောက်နိုင်ပါသည်။ ဤနည်းဖြင့် အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင် သွေးယားရောဂါ၊ အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါအချို့တို့ပါ ပျောက်ကင်းသူများရှိသည်ဟု ဆိုပါသည်။ အမေသိန်းသည် ဤနည်းကိုယုံယုံကြည်ကြည်ဖြင့် တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက် နေ့စဉ်စစ်ဆေးနေသောဆီးချိုမှာ လုံးဝမတက်တော့ဟု ဆိုပါသည်။  ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟု ယူဆ၍ တင်ပြပါသည်။

lyhealthcare.com

No comments:

Post a Comment