မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, November 22, 2014

သေနတ်သမားနှင့် ရင်ဆိုင်ရလျှင် လုပ်ဆောင်ရန် နည်းလမ်းများ





(တနေ့ကပဲ ဖလော်ရီဒါတက္ကသိုလ်မှာ သေနတ်သမားတစ်ယောက် ဝင်ပြီး ပစ်ခတ်သွားတာ သတင်းထဲမှာတွေ့လိုက်ပါတယ်... အဲဒါမျိုး အမေရိကမှာ ဒီနှစ်ထဲဘယ်နှစ်ကြိမ်ဖြစ်ပြီးလို့
ဘယ်နှစ်ကြိမ်ထပ်ဖြစ်ဦးမယ်မသိတော့ အင်တာနက်ထဲက ကမာသစ်လူမှုမီဒီယာစာမျက်နှာမှာတွေ့မိတဲ့ ဒီသတင်းလေးကို မျှဝေပေးဖြစ်လိုက်ပါတယ်။ ဒီဖြစ်စဉ်တွေထဲမှာတော့
2014-ခုနှစ်အတွက်တောင်မပါသေးတော့ မနှစ်လောက်ကမှတင်ထားတာဖြစ်ပါလိမ့်မယ်။)


သေနတ်အလွန်ပေါများသော အမေရိကန် ပြည်ထောင်စုတွင် လူအများစုဝေးရာ ကျောင်း၊ ရုံး၊ ဈေး၊ ရုပ်ရှင်ရုံ စသည်တို့တွင် မဲမဲမြင်ရာ ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားတတ်ပါသည်။
ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရလျှင် ဘာလုပ်ရမည်မသိပဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မနေစေရန် လုံခြုံရေးအဖွဲ့အစည်းများက ပညာပေးဆောင်းပါး၊ ဗီဒီယို စသည်တို့ကို ထုတ်လုပ်ဖြန့်ချိပေးနေသည်။
လူအများအပြား သေဆုံးဒဏ်ရာရသော သေနတ်ပစ်မှုများ အမေရိကန်နိုင်ငံတွင် မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သည့်အနက် မကြာသေးခင်ကာလက ဖြစ်ပွားခဲ့သော မှုခင်းများမှာ-

  • ၂၀၁၂ ဇူလိုင်လက ကော်လိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့ ဆင်ခြေဖုံး ရုပ်ရှင်ရုံအတွင်း ဇာတ်ကားပြသနေစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး ၁၂ ဦး သေဆုံးကာ ၇၀ ဒဏ်ရာရရှိခဲ့သည်။
  • ၂၀၁၂ ဒီဇင်ဘာလက ကွန်နက်တီကပ်ပြည်နယ်၊ နယူးတောင်းတွင် မူလတန်းကျောင်းကို သေနတ်သမား ဝင်ရောက် ပစ်ခတ်မှုကြောင့် ကလေး ၂၀ နှင့် ဆရာဆရာမ ၆ ယောက် သေဆုံးခဲ့ရ၏။
  • ၂၀၁၃ ဇူလိုင် ၂၇ ရက်က ဖလော်ရီဒါ ပြည်နယ်၊ မိုင်ယာမီတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခင်းကြောင့် ၆ ဦး သေဆုံး၍ ရဲကပစ်သဖြင့် သေနတ်သမားလည်း သေဆုံးခဲ့သည်။
  • ၂၀၁၃ စက်တင်ဘာ ၁၆ ရက်နေ့က ဝါရှင်တန်ဒီစီရှိ ရေတပ်စခန်းဝင်းအတွင်း သေနတ်သမား တိုက်ခိုက်ခြင်းကြောင့် ၁၃ ယောက် သေဆုံးခဲ့ရပြန်သည်။
ထိုကဲ့သို့ သေနတ်သမား ပစ်ခတ်တိုက်ခိုက်မှုမျိုးနှင့် ကြုံတွေ့ရပြီဆိုပါက လုပ်ဆောင်သင့်သော နည်းလမ်းများကို ဗီဒီယိုဖြင့် ပြသထားပါသည်။ အကျဉ်းချုပ်အားဖြင့် Run, Hide, Fight (ပြေး၊ ပုန်း၊ တိုက်) ဟူ၍ လွတ်ရင်ပြေး၊ မရရင်ပုန်း၊ အဆုံးမှာ ပြန်တိုက်ဖို့ သင်ခန်းစာပေးထားသော ဗီဒီယို ဖြစ်သည်။
(ထို့အပြင် အထူးသတိထားရမည့် အရေးကြီးသောအချက်မှာ အကူအညီပေးမည့် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာလျှင် ၎င်းတို့ထံ အလျင်စလို ပြေးမသွားရန် ဖြစ်သည်။ တပ်ဖွဲ့ဝင်များသည် မည်သူက သေနတ်သမား၊ မည်သူက ဒုက္ခကြုံနေသူဟု ကွဲပြားစွာ မသိသဖြင့် မှားယွင်း ပစ်ခတ်နိုင်သောကြောင့် ဖြစ်၏။
မိမိ၏ လက်နှစ်ဖက်စလုံးကို တပ်ဖွဲ့ဝင်များ မြင်သာအောင် ပြပြီးမှ ချဉ်းကပ်ရန် အကြံပေးထားပါသည်။)

                                                         ပညာပေးဗီဒီယို




Credit: ကမ္ဘာသစ်လူမှုမီဒီယာ

No comments:

Post a Comment