ပဲ့တင်သံ
သွားဆရာဝန်က လူနာသစ်အား စမ်းသပ် စစ်ဆေးစဉ်
ပါးစပ်ကို ကျယ်ကျယ်ဟထားရန် ပြောပြီး စစ်ဆေးလိုက်သည်။
ဆရာဝန်။ ။ “ အားပါး ကျုပ်မြင်ဖူးသမျှ သွားပိုးစားတဲ့ အပေါက်တွေထဲမှာတော့
ဒါ အကြီးဆုံး အပေါက်ပဲ ”...
“ အားပါး ကျုပ်မြင်ဖူးသမျှ သွားပိုးစားတဲ့ အပေါက်တွေထဲမှာတော့
ဒါ အကြီးဆုံး အပေါက်ပဲ ”..
လူနာ။ ။ “ ထပ်ထပ် ပြန်ပြောနေစရာ မလိုပါဘူး ဆရာရယ် ” ဟု
လူနာက ခပ် ဆတ်ဆတ်ကလေး ပြန်ပြောလိုက်ရာ...
ဆရာဝန်။ ။ “ ကျုပ် ထပ် ထပ်ပြီး ပြောနေတာမဟုတ်ဘူး၊ အဲဒါ
ပဲ့တင်ရိုက်ပြီး ထွက်လာတဲ့ အသံပါ..” ဟူသတည်း။
+++++++++++++++++++++++++++++++++++++++++++++
အတူတူပါပဲ
အထပ်မြင့် လူနေအဆောက်အဦ၏ အစောင့်က အတွင်းသို့
ခွေးတစ်ကောင်ဖြင့် ဝင်လာသော ဧည့်သည် လူစိမ်းအားကြည့်လိုက်ပြီး
ထိုသူ၏ နောက်မှလိုက်လာကာ ဤသို့ လှမ်းပြောသည်။
အစောင့်။ ။ “ အပြင်ပြန်ထွက်ပါဆရာ။ ဒီနေရာကို ခွေးတွေ ခေါ်လာဘို့ ခွင့်မပြုပါဘူး ”
ဧည့်သည်။ ။ “ ဒါ ကျနော့်ခွေး မဟုတ်ပါဘူး..”
အစောင့်။ ။ “ ခင်ဗျားရဲ့ခွေး မဟုတ်ဘူးဆိုရင်၊ ဘာလို့
ဆရာ့နောက် တကောက်ကောက် လိုက်နေရတာလဲ ”
ဧည့်သည်။ ။ “ အဲဒါဆို၊ ခင်ဗျားလည်း လိုက်နေတာပဲလေ ”
+++++++++++++++++++++++++++++++++++++++++++
မတူကြလို့...
တရားသူကြီးရှေ့တွင်ရပ်၍ မျက်ရည်အရွှဲသားနှင့် အမျိုးသမီးတစ်ဦးသည်
ဦးတိုက် လျှောက်လဲသည်မှာ ...
“ တရားသူကြီးမင်းရှင့်၊ ကျွန်မရဲ့ ခင်ပွန်းသည်ကို အိမ်ထောင်ဖောက်ပြန်မှုနဲ့
တရားစွဲဆိုချင်ပါတယ်။ ကျွန်မအပေါ် သူ သစ္စာမရှိဘူးလို့ ကျွန်မ ထင်ပါတယ် ”
အဲဒီတော့ တရားသူကြီးက “ ခင်ဗျားမှာ သက်သေ ရှိလို့လား ”ဟု မေး၏။
ထိုအခါ အမျိုးသမီးက “ ဟုတ်ကဲ့၊ တရားသူကြီးမင်းရှင့်။ ကျွန်မ သားသမီး
သုံးယောက်ရဲ့ မျက်နှာတွေကို ကျွန်မ သေချာ ကြည့် ကြည့်ပါတယ်။ ဘယ်သူကမှ သူနဲ့
မတူကြပါဘူး ” ဟု ပြောလိုက်ပါတော့သည်။
++++++++++++++++++++++++++++++++++++++++++++
ခုတော့ သိပြီလား...
ညားကာစ လူငယ်လင်မယား တစ်စုံသည် ဆင်ခြေဖုံးရပ်ကွက် တစ်ခုတွင်
အခြေချ နေထိုင်ကြပြီးသည့် နောက်ပိုင်းတွင် လက်ဆောင်ပစ္စည်းများစွာကို လက်ခံ
ရရှိကြလေသည်။
နံနက်ခင်း တစ်ခင်းတွင် “ ဒါ ဘယ်သူပို့လိုက်တယ် ထင်လဲ၊ မှန်းကြည့်ပါ ”ဟု
ရေးထားသော စာရွက်နှင့်အတူ ပြဇာတ်လက်မှတ် နှစ်စောင်ကို သူတို့ ရရှိလေသည်။
ပြဇာတ်သွားကြည့်သည့် ညနေတွင်၊ သူတို့သည် ပြဇာတ်မှ အပြန်နောက်ကျ
လေသည်။ အိမ်တွင် ရှိသမျှသော အဖိုးတန်ပစ္စည်းအားလုံး မရှိတော့၍ အံ့အားသင့်သွား
ကြသည်။
သို့ရာတွင် ထမ်းစားခန်း၏ စားပွဲပေါ်၌ ထောင်လျက်တင်ထားသောစာမှ
“ ကဲ အခုတော့ သိပြီ မဟုတ်လား ” ဟု ရေးထားသောစာကို
တွေ့လိုက်ကြရလေတော့သည်။

လျော့သွားတာက...
“ ငါ့မိန်းမက ကိုယ်အလေးချိန်ကျအောင်ဆိုပြီး
တစ်ချိန်လုံး မြင်းပဲ စီးနေတယ်ကွာ ”
“ ဒီတော့ ဘာဖြစ်လဲ ကျသွားကောလား..”
“ အင်း ကျတော့ ကျတယ်ကွ ပြီးခဲ့တဲ့အပတ်ကလေ
မြင်းပဲ ဆယ်ပေါင်လောက် ကျသွားတယ်.. သူမဟုတ်ဘူး ”။

အဲဒီကတည်းကပဲ
ညဘက်တွင် အိပ်မပျော်ကြောင်း ပြောဆိုသော လူတစ်ယောက် ရှိလေသည်။
ဆရာဝန်က အိပ်ရာမဝင်ခင် တစ်ခုခု စားရန် သူ့အား အကြံပေး၏။
“ ဒါပေမယ့် ဆရာရယ်၊ လွန်ခဲ့တဲ့ သုံးလတုန်းကတော့ ဆရာပဲ အိပ်ရာမဝင်ခင်
အစာ မစားဖို့ ပြောထားတယ်လေ..” ဟု ပြန်အမှတ်ရရန် ပြောကြားသည်တွင်...
ကြံရည် ဖန်ရည်ရှိသော ဆရာဝန်က “ ဒါပေမယ့် အဲဒါက ဟိုး လွန်ခဲ့တဲ့ နှစ်လတုန်းကလေ။
ဆေးသိပ္ပံပညာတွေ အံ့မခန်း တိုးတက်လာတာများ အဲဒီ အချိန်ကတည်းကပဲပေါ့ဗျာ ”ဟု
တုန့်ပြန်ပြောကြားလိုက်လေသည်။
(ဇင်အေး၏ တစိမ့်စိမ့်ဟာသများမှ)

No comments:
Post a Comment