တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ် ။
သူ ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူ မောလာတဲ့အခါ
အနားယူလို့ အဲဒီတောအုပ်ထဲမှာပဲ ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာတော့ သူဟာ
မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီ ရောက်လာခဲ့တယ် ။ အဲဒီမှာ သူမြင်လိုက်ရတာက
က အရမ်းကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့ ပန်းကန်လုံးကြီးကိုပေါ့ ။ သူက
လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။
မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီး အနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ မရဘူး ။
ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရ
လောက်အောင် မာကြောနေတယ် ။ ပန်းသီးတွေ ဟာ တကယ်တော့ သစ်သားနဲ့ပြုလုပ်
ထားတာဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။ တခြားမျောက် လည်း အဲဒီ
ပန်းသီးတွေမြင်တဲ့အခါ အလုအယက် ပြေးယူဖို့လာကြတယ် ။ အဲဒီအခါ ပန်းသီးပိုင်ရှင်
မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ
ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင်ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေ
ခဲ့တယ် ။ ပန်းသီးတွေက နေရောင်နဲ့ကြည့်တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို
ပြည့်စုံအောင် လုပ်ပေးနေတယ်လို့ မျောက်က ခံစားနေရတယ် ။ ပန်းသီတွေကိုပဲ
သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေတာကိုတောင်
မေ့လျော့သွားခဲ့တယ် ။
သစ်သီးပင်တစ်ပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲက
ပန်းသီးတွေက လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့ အတွက်
သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာကိုတောင် သူမချနိုင်ဖြစ်နေခဲ့တယ်။
တကယ်တော့ သူ နားလည်း မနားရသလို သူ့ ပန်းသီးတွေကို တခြားမျောက်တွေ
လာလုယူမှာစိုးတဲ့အတွက် အချိန်တိုင်း ကာကွယ်နေရတယ် ။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခု
အတွက် အရင်က ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တော
တလျှောက်မှာ လျှောက်သွားနေခဲ့ရတယ် ။
ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ် ။ သနားစရာ
ကောင်းတဲ့မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက်စဉ်းစားတယ် ။
သူ မောနေပြီ -- သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ်တက်လို့ သစ်သီးတွေ
သူ မခူးနိုင်တော့ဘူး သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေ နဲ့ပဲပြည့်နေခဲ့တယ် ။
အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ ?
သူ့လက်ထဲ သယ်ဆောင်ထားတဲ့ ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ် ။
သူ အရမ်းလည်း ပင်ပန်းနေခဲ့ပြီး နောက်ဆုံး အသီးပင် ရောက်တဲ့အခါ အဲဒီအပင်က
သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည် သဘောပေါက်သွားတယ် ။
သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ ပန်းသီးတွေကို သူ မြေပြင်ပေါ် ပစ်ချလိုက်လို့
သူ့အစာအတွက် သစ်သီးပင်ပေါ်တက်သွားတယ် ။ သူ အခု ပြန်ပြီး ပြုံးပျော်နိုင်ပါပြီ ။
-----------------------------------------------------------------------------------
မျောက်ကလေးလိုပဲ ကျွန်တော်တို့ဟာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို
ကျွန်တော်တို့ ဘဝတလျှောက်လုံး သယ်ဆောင်ထားကြတယ် ။ ပုံပြင်လေးရဲ့အဆုံးက
၂ ခုဖြစ်နိုင်တယ် ။ မျောက်ဟာ နောက်ဆုံး သစ်သီး ပင်အောက်မှာ သူ့ပန်းသီးတွေကို
မစွန့်ပယ်နိုင်လို့ ရင်မှာပိုက်ရင်း သေပွဲ ဝင်သွားခဲ့တယ် ။ နောက်တစ်ခုကတော့
ကျွန်တော်အပေါ် မှာရေးခဲ့သလို ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ 
ပျော်ရွှင်မှုကို ရွေးချယ်လိုက်တယ် ။ ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်တဲ့အသုံးမဝင်တဲ့
သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ်စားနိုင်တဲ့ သစ်သီးပင်အောက်မှာ
သေပွဲဝင်တယ်ဆိုတာ တကယ်တော့ မဖြစ်သင့် ဘူးမဟုတ်လား ။
ဒါဆို ကျွန်တော်တို့ဘဝမှာရော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိ
ကြပါလိမ့် ။ စည်းစိမ် ဥစ္စာ တွေလား ၊ စိုးရိမ်ကြောင့်ကျမှုတွေလား ၊ စိတ်ပျက် ဝမ်းနည်း
စရာတွေလား ၊ မာန်မာနတွေလား ၊ ဘွဲ့ထူးဂုဏ် သိမ်တွေလား တစ်ခုခုကိုတော့
သယ်ဆောင်ပြီး တောအုပ်ထဲ ကျွန်တော်တို့ လျှောက်သွားနေမိကြတယ် ။
“ လွှတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင်
တကယ့်ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားနိုင်လိမ့်မယ် ”
From: သက်တန့်ချို
No comments:
Post a Comment