မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, January 24, 2015

ငှက်ပျောသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

စွယ်စုံသုံးလို့ရတဲ့ ငှက်ပျောသီး

မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့် မစားသင့်
(ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့် မစားသင့်) အချို့သော လူများဟာ
ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ် ကြပါတယ်။
အချို့ကျတော့ အဆီကျစေရန် ရည်ရွယ်ချက်ဖြင့်
ငှက်ပျောသီးကို အိပ်ယာထချိန်မှာ မှီဝဲ တတ်ကြပါတယ်။

အမှန်တော့ ငှက်ပျောသီးဆိုတာ
အစာစားပြီးတဲ့ အခါမှသာ စားသင့်တဲ့ သွားရည်စာ တစ်မျိုးဖြစ်ပါတယ်။

နိုင်ငံတကာမှ ဆေးပညာရှင် သုတေသန အဖွဲ့များက အမျိုးမျိုး အဖြေထုတ် ကြပါတယ်။

တွေ့ရှိချက် ၁။
---------------

ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ
အစာမရှိတဲ့ အချိန် ငှက်ပျောသီး စားမိရင် သွေးထဲမှာ မဂ္ဂနီဆီယမ်ဓာတ်
မြင့်တက်လာပြီး သွေးလည်ပတ်မှု နှုန်းကို မြန်ဆန်စေပါတယ်။

အကျိုးဆက် အားဖြင့် heart attack လို့ခေါ်တဲ့
ရုတ်တရက် နှလုံးခုန် ရပ်တန့်ခြင်း၊ မူးမေ့ခြင်းများ ဖြစ်တတ်ပါတယ်။

တွေ့ရှိချက် ၂။
---------------
ငှက်ပျောသီးမှာ ကယ်လိုရီ ၆၀ မှ ၁၈၀ အထိ ပါဝင်ပါတယ်။ ကယ်လိုရီဓာတ် အင်မတန်
ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး မနက်စာအနေနဲ့ ငှက်ပျော်သီး စားသုံးလိုက်ပြီး နေ့လည်၊
ညနေတွေမှာ သာမန် အစားအသောက်များ စားသုံးတဲ့အခါ ကယ်လိုရီဓာတ် လွန်ကျွံမှုကို
ဖြစ်စေပါတယ်။ အကျိုးဆက်ကတော့ တစ်ရက်၊ တစ်ရက်ကို ကယ်လိုရီ ထောင်ကျော်
တိုးနေစေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပိုဝလာနိုင်ချေ များပါတယ်။ အခြား ကျန်းမာရေး
ဆိုးကျိုး များလည်း ဖြစ်နိုင်ချေ ရှိပါတယ်။

ငှက်ပျောသီးဆိုတာ အစာစားပြီးနောက်မှ စားသုံးခြင်းသာ အကောင်းဆုံး ဖြစ်ပြီး
ခန္ဓာကိုယ်မှ မလိုအပ်သည့် အခြား ဓာတ်များကို လောင်ကျွမ်းစေပါတယ်။
ဒါမှ အမှန်တကယ် ပိန်လာစေမှာ ဖြစ်ပါတယ်။

ဒီလိုမဟုတ်ပဲ အစာမရှိချိန် စားသုံးမိရင်တော့ အထက်ပါ တွေ့ရှိချက်များအတိုင်း
Heart attack ဖြစ်ခြင်း၊ ပိုဝလာနိုင်ချေ ရှိခြင်းတို့ကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

Ref:morningbananadiet.org

အောင်ခမ်း

No comments:

Post a Comment