သေပြီဆရာ
=========
တစ်နေ့သ၌ ယောက်ျားပျိုတစ်ယောက်သည်
သူ၏ညာဘက် တင်ပါးအပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။
ဆရာဝန်မှ စစ်ဆေးပြီးနောက်…….
“ မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ ”
ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။
တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။
ဆရာဝန်ထံ ထပ်သွားပြသည်။
…ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။
နောက်တစ်လခန့်….ကြာသော်….. အမျိုးသား အင်္ဂါ ပါထပ်စိမ်းလာသောအခါ
ဆရာဝန်ထံသို့….ထပ်သွားပြသည်။ ဆရာဝန်က……
“အသက်အန္တရယ်မစိုးရိမ် ရအောင် ဖြတ်လိုက်ပါ ” ဆိုသဖြင့်…..
ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။
ဖြတ်ထုတ်ပီး…. နောက်ထပ်တစ်ပတ်ခန့် တွင်မူ
သူ့ ပေါင်ခြံ တစ်ပြင်လုံးစိမ်းလာပြန်လေ၏။
ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။
ထိုအခါ ဆရာဝန်က ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်….
ဖြေးဖြေးချင်း ပြောလိုက်တာကတော့….
“အတွင်းခံသာ လဲလိုက်ပေ တော့ငါ့ညီ…..
လက်စသတ်တော့ ငါ့ညီအတွင်းခံက အရောင်တွေ
ကျွတ်..ကျွတ်နေတာကိုး ထင်တော့ထင်သား..”
“ဗျာ”
++++++++++++++++++++++++++++++++++++++++++
သွေးသောက်သိုင်း
=============
သိန်းသန်းသည် သိုင်းသင်သောသူ။
သုံးသိန်း သုံးသောင်းသော သိုင်း သူသိသည်။
သို့သော် သွေးသောက်သိုင်းသာ
သီးသန့် သူ သုံးသည်။
သွေးသောက်သိုင်း သုံးသော်
သုသာန်သို့ သွေး သွားသွားသွန်သည်။
သူသည် သန်သည်၊ သွက်သည်
သူ့သားသည် သန့်သည် ...
သို့သော် သေးသေးသွယ်သွယ်
သူ့သားသူ သွန်သင်သည်
“... သား ... သွေးသောက်သိုင်းသင် ...”
သို့သော် သူ့သားသည် "သေး "သောက်သိုင်းသာ သင်သည်။
သေး သောက်သိုင်းသင်သော် သေး သွန်သည်
သူ့သားသည် သဲသောင်သို့ သေး သွားသွားသွန်သည်
သဲသယ်သောသူ သိသော် သတ်သည် သူ့သား သေသည်
သူသိသော် သဲသောင်သို့ သူသွားသည်။
သဲသယ်သောသူ သုံးသောသိုင်းသည် သွေးသိုးသွေးသောက်သိုင်း...
သို့သော် သူသုံးသောသိုင်း သူသိသည် သွေးသောက်သိုင်းသည် သာသည်။
သူ သွေးသောက်သိုင်းသုံး သုတ်သင်သည်။
သဲသယ်သောသူ သေသည်။
သူ့သားသေသွားသော် သုသာန်သို့ သူသယ်သွားသည် ...
- သူ သုံးသပ်သည် ... သူ သိသွားသည်
“သေသောသူသည်သုသာန်သို့ သက်သက်သာသာ သွားသည်”။ ။
Credit : တာရာပွကြီး
+++++++++++++++++++++++++++++++++++++++++++
အဲ့လောက်ချစ်ထှာ
=============
လင်မယားနှစ်ယောက် ပြင်းထန်တဲ့ ကားအက်ဆီးဒင့်ဖြစ်ပြီး မိန်းမမျက်နှာ ဆိုးဆိုးရွားရွား
ထိခိုက်ပျက်စီးသွားတယ်။ ဒါကြောင့် အရေပြားအစားထိုးကုသဖို့ လိုပေမယ့် အဲဒီမိန်းမက
ပိန်လွန်းတဲ့အတွက် သူ့ကိုယ်ပေါ်က အရေပြားယူပြီး အစားထိုးဖို သင့်တော်တဲ့ နေရာမရှိဘူးလို့
ဒေါက်တာက သူ့ယောက်ျားကို ပြောပြတယ်။ ယောက်ျားက ဒီလိုဆိုရင် သူ့အရေပြားကို ပေးပါမယ်လို့
ပြောတယ်။ ဒါနဲ့ယောက်ျားကို စမ်းသပ်စစ်ဆေးတော့ အရေပြားယူဖို့ သင့်တော်တာက သူ့တင်ပါးက
အရေပြားပဲရှိတယ်။ ဒါနဲ့ သူတို့ လင်မယားကို မိန်းမမျက်နှာကို ဘယ်နေရာက အရေပြားနဲ့ အစားထိုးတယ်ဆိုတာ
ဘယ်သူကိုမှ မပြောပြဖို့ နှစ်ဦးသဘောတူလိုက်ပြီး ဆရာဝန်ကိုလဲ လှို့ဝှက်ပေးဖို့ တောင်းဆိုလိုက်တယ်။
အဲဒီလိုနဲ့ အရေပြား အစားထိုးဖြစ်သွားတယ် ဆိုပါတော့။ အရေပြား အစားထိုးပြီးသွားတဲ့ အချိန်မှာ အမျိုးသမီးရဲ့မျက်နှာဟာ
မတော်တဆမှု မဖြစ်ခင်တုန်းကထက်တောင် ပိုချောသွားတယ်ဆိုပဲ။ လူနာလာမေးတဲ့ သူတို့မိတ်ဆွေတွေနဲ့ အမျိုးတွေကလဲ
တအံ့တဩနဲ့ ချီးကျူးကြတာပေါ့။ တနေ့တော့ အမျိုးသမီးက သူ့ယောက်ျားကို ပြောတယ် “ယောက်ျားရယ် ၊ ကျွန်မအတွက်
ရှင်လုပ်ပေးခဲ့တာကို ကျွန်မအရမ်းကျေးဇူးတင်ပါတယ်၊ ရှင့်ကို ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင်မသိပါဘူး” တဲ့ အဲဒီတော့
သူ့ယောက်ျားက “‘ကျေးဇူးဆပ်စရာမလိုပါဘူး မိန်းမရယ်၊ အခု နင့်အမေကြီး နင်ပါးကို နမ်းတာမြင်တိုင်း ငါသောက်ရမ်းကျေနပ်နေတာပါ” ငင်...
searchmyanmar
Credit – Original Writer

သေတမ်းစာ
=======
မစ္စတာ ဖရဒ် ဆေးရုံတင်ထားရတာ အခြေအနေ မကောင်းတော့တာနဲ့
သူ့မိသားစုက တရားဟောဆရာကို ခေါ်လိုက်တယ်။
တရားဟောဆရာ ရောက်လာပြီး လူမမာရဲ့ကုတင်ဘေးမှာ ရပ်ခါရှိသေး...
လူမမာ ခမြာ အမောဖောက်လို့ လာပါတော့တယ်။
ပြီးတော့ လက်ဟန်ခြေဟန်နဲ့ စာရေးချင်တဲ့ပုံစံမျိုး လုပ်ပြတယ်။
တရားဟောဆရာက စာရွက်လေးတစ်ရွက်နဲ့ ဘောလ်ပင်ပေးလိုက်တယ်။
လူမမာက သူ့မှာရှိသမျှ နောက်ဆုံးခွန်အားကိုသုံးပြီး
စာရွက်ပေါ်မှာ တစ်ခုခုကိုရေးရင်း အသက် ထွက်သွားရှာတော့တယ်။
နောက်ရက် ဈာပနအခမ်းအနားကျင်းပတော့မှ
တရားဟောဆရာက စာရွက်ခေါက်လေးကို ထုတ်လိုက်ရင်း ပြောတယ်
.
"အားလုံးသိကြတဲ့အတိုင်း ဖရဒ်က သူသေခါနီးမှာ
စာတိုလေး ရေးပြီး မှာသွားရှာတယ်၊ ကျနော်လဲ ခုထိ မဖတ်ရသေးဘူး၊
ဒါပေမဲ့ ကျနော်ထင်ပါတယ်၊ လူကောင်းတယောက်ဖြစ်တဲ့ ဖရဒ်က သူသေခါနီး
ကျနော်တို့ အားလုံးကို စိတ်ချမ်းချမ်းသာသာနေကြဖို့ မှာသွားတာဖြစ်မှာပါ၊
ကဲ.. အားလုံးကြားရအောင် ကျနော်ဖတ်ပြမယ်.."
...ဆိုပြီး တရားဟောဆရာ ဖတ်ပြလိုက်တာကတော့... ... ...
""ခွေးမသား... အောက်ဆီဂျင်ပိုက်ကို တက်နင်းထားတယ်...မြန်မြန်ဖယ်...""… တဲ့။
>>>မောင်ဟာသ<<<ဆိုဒ်မှ

ကြင်ယာစတိုး
----------------
နယူးယောက်မြို့မှာ အသစ်စက်စက်ဖွင့်လိုက်တဲ့စတိုးဆိုင်အမည်က ကြင်ယာစတိုး တဲ့။
အမျိုးသမီးတွေ အဲဒီဆိုင်သွားပြီး ကြ
ကြင်ယာရွေးမယ်ဆိုရင် လိုက်နာရမယ့်စည်းကမ်းချက်တွေကို
စတိုးဆိုင်အ၀င်ဝမှာ ရေးထားတယ်။
စည်းကမ်းချက်ကတော့..
“သင်သည်ဤစတိုးဆိုင်အားတကြိမ်သာလာရောက်ခွင့်ရှိသည်။
ဤစတိုးဆိုင်သည် ခြောက်ထပ်ရှိပြီး အပေါ်တထပ်စီတိုင်းရှိ အမျိုးသားများ၏ တန်ဘိုးမှာလည်း
ပိုမို မြင့်မားသွား၏။
သင်နှစ်သက်သော အထပ်မှ ကြိုက်နှစ်သက်ရာအမျိုးသားအား ရွေးချယ်ခွင့်ရှိသည်။
စိတ်တိုင်းကျမဖြစ်လျှင် အပေါ်ထပ်သို့တက်ရောက်ရွေးချယ်နိုင်သည်။
သို့သော်သင်သွားရောက်ခဲ့ပြီးသော အထပ်သို့ နောက်တခေါက်ပြန်လည်သွားခွင့်မရှိ” ဟုရေးထားလေသည်။
တနေ့တွင် ၄င်းစတိုးဆိုင်သို့ အမျိုးသမီးတဦး ကြင်ယာရှာသွားလေသည်။
ပဌမအထပ်တံခါးဝရှိဆိုင်းဘုတ်၌
“ဤအမျိုးသားများသည် အလုပ်အကိုင်ရှိသည်” ဟုရေးထားလေသည်။
“ဒါလေးများ” ဟုတိုးတိုးဆို၍
ဒုတိယအထပ်သို့တက်သွားရာ
“ဤအမျိုးသားများသည်အလုပ်အကိုင်ရှိပြီး ကလေးများကိုလည်း ကြင်နာတတ်သည်” ဟုရေးထားလေသည်။
“မဆိုးပါဘူး” ဟုတွေး၍ ဆက်တက်သွားရာ တတိယအထပ်၌
“ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည့်အပြင် ရုပ်ရည်ချောမော၏” ဟုရေးထားလေသည်။
အမျိုးသမီးမှာ များစွာသဘောကျလျက်ရှိသော်လည်း အပေါ်ထပ်တွင်ရှိမည့် အမျိုးသားများအား သိချင်ဇောဖြင့် ဆက်တက်သွားလေသည်။
စတုတ္ထအထပ်တွင်
“ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည့်အပြင်
ရုပ်ရည်ချောမောပြီး အိမ်မှုကိစ္စ၌လည်းကူညီတတ်လေသည်” ဟုရေးထားလေသည်။
မိမိနှစ်သက်သောအရည်အချင်းများ ကျေနပ်ဖွယ်ရှိနေသော်လည်း နောက်အထပ်တွင် ပိုကောင်းရချည်ရဲ့ဟုတွေးပြီး
ပဉ္စမအထပ်သို့ဆက်တက်သွားပြန်သည်။
ပဉ္စမအထပ်၌မူ
“ဤအမျိုးသားများသည် အလုပ်အကိုင်ရှိပြီး ကလေးများကိုကြင်နာတတ်သည်။
ရုပ်ရည်ချောမောပြီး အိမ်မှုကိစ္စများ၌ကူညီတတ်သည့်အပြင်နွေးထွေးကြင်နာစွာ ယုယချစ်ခင်တတ်၏” ဟုရေးထားလေသည်။
အမျိုးသမီးမှာ ထိုအမျိုးသားများအား သဘောကျနှစ်သက်၍ ရွေးချယ်လိုပြီဖြစ်သော်လည်း
ကောင်းသထက်ကောင်းနိုင်သော အပေါ်ဆုံးအထပ်တွင်ရှိမည့် ယောင်္ကျားများအား စိတ်ကူးလျက်
စိတ်လှုပ်ရှားမှုများစွာဖြင့် ဆက်တက်သွားပြန်သည်။
ခြောက်ထပ်မြောက်သို့ ရောက်သောအခါ တံခါးဝဆိုင်းဘုတ်၌
“သင်သည် ဤအထပ်သို့ရောက်လာသော သုံးသန်း လေးသိန်း ငါးသောင်း ခြောက်ထောင် နှစ်ရာ့တစ်ဆယ်ဦးမြောက် အမျိုးသမီးဖြစ်သည်။ ဤအထပ်တွင် အမျိုးသားကြင်ယာ မရောင်းပါ။
ဤနေရာကား မိန်းမတို့၏ မဆုံးနိုင်သောဆန္ဒကိုဖြည့်ဆည်းရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း
သက်သေ ပြုရာနေရာပင်တည်း။
ဤစတိုးအားလာရောက် အားပေးသောကြောင့် ကျေးဇူးတင်ပါသည်” ဟုရေးထားလေသည်။
Credit:searchmyanmar

No comments:
Post a Comment