တွက်ခြေကိုက်တဲ့ သဘော
=================
မိုးသက်လေလေး သွေးလာတော့မှ ကိုကျေးညိုတစ်ယောက် ထီး ပြင်ဖို့ သတိရတော့တယ်။
ဒါနဲ့ ကလေးတွေရဲ့ထီးတွေရော၊ သူ့ထီးရော၊ သူ့ဇနီးရဲ့ထီးရော၊ စုစုပေါင်း ထီး ၆လက်ကို ထီးပြင်ဆိုင်ဝင်ပို့ခဲ့ပြီး ရုံးကို ဆက်သွားလိုက်တယ်။
ဘတ်စ်ကားပေါ်ကအဆင်းမှာ...
လူကအကျင့်ပါနေတော့ သူ့ဘေးခုံကအဖွားကြီး ချိတ်ထားတဲ့ထီးကို ဆွဲယူပြီး ဆင်းမယ်လုပ်တယ်
ဆိုတော့ အဖွားကြီးက အော်တော့တာပေါ့... ...
"ဟဲ့... ဟဲ့ ထီးသူခိုး၊ ထီးသူခိုး"
အဲဒီတော့မှ သတိရလာပြီး အဖွားကြီးကို ကပြာကရာ တောင်းပန်ရတာပေါ့... ...
"မေ့လို့ပါအဖွားရယ်၊ ကျနော်က ထီးကိုင်နေကျမိုလို့ပါ၊ တောင်းပန်ပါတယ်နော်"
"ဟွင်း... ဒါမျိုးတွေ ရိုးနေပြီ"
ညနေရုံးကအပြန် ပြင်ခိုင်းထားတဲ့ ထီးတွေဝင်ယူပြီး ပြန်လာတယ်။
ကံများဆိုးချင်တော့ မနက်တုန်းက အဖွားကြီးနဲ့ မျက်နှာခြင်းဆိုင် တိုးပါလေရောဗျာ...
အဖွားကြီးက ထီးလေးငါးခြောက်လက် လက်ထဲကိုင်ထားတဲ့
သူ့ကိုလှမ်းကြည့်ရင်း မဲ့ရွဲ့ပြီး မကြားတကြားပြောသွားတယ်... ...
"ဟွင့်... တော်တော်လေး အလုပ်ဖြစ်လာတယ်ပေါ့လေ"
"ဂျာ..."
သန်၎ကို-ဘာသာပြန်သည်
+++++++++++++++++++++++++++++++++++++++++
ဒါတော့ခွင့်ပြုတယ်
=============
အပျိုချောတစ်ဦး မြစ်ထဲရေဆင်းကူးရန်ပြင်နေသည်ကို
ငါးမျှားသူက တစ်နေရာမှနေ၍ စောင့်ကြည့်နေသည်။
အဝတ်အစားချွတ်ပြီး
ရေထဲဆင်းတော့မည့်ဆဲဆဲတွင် ငါးမျှားသူက
အမျိုးသမီးကို အော်ပြောသည်။
" ဒီမှာ ရေမကူးရဘူးဗျ "
" ဟုတ်လား၊ ဒါဖြင့်ရင် ကျွန်မ အဝတ်အစားမချွတ်ခင်
ဘာဖြစ်လို့ သတိမပေးတာလဲ "
" အဝတ်အစားချွတ်တာကို တားမြစ်ထားတာမှ မဟုတ်ဘဲ "
+++++++++++++++++++++++++++++++++++++++++++
ဘုရားတရားကြည်ညိုသူ
================
ဖန်စီပစ္စည်းဆိုင် တစ်ဆိုင်သို့ လူငယ်လေး တစ်ဦး ပစ္စည်းဝင်ဝယ်ပါတယ်။
" ခေါင်းစီးလှလှလေး တစ်ခုပေးဗျာ။ ဒီည ကျနော့ကောင်မလေးအိမ်မှာ ဒင်နာ သွားစားမှာဆိုတော့ လက်ဆောင်လေး တစ်ခုပါတော့ မျက်နှာပန်းလှတာပေါ့ " လို့ပြောတဲ့အခါ ဆိုင်ရှင် လူကြီးက တစ်ခုထုတ်ရောင်းပါတယ်။
ဒီလိုနဲ့ ဆိုင်မှပြန်ထွက်ပြီး ခဏအတွင်းပြန်ရောက်လာလို့ ယခုလို ထပ်ဝယ်ပါတယ်။
" ကျနော့် ကောင်မလေးရဲ့  အစ်မက လှတယ်ဗျ။ သူ့အတွက်လည်း ခေါင်းစီးတစ်ခု လက်ဆောင်တိတ်တိတ်လေးပေးရင် ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဂွင်ဆင်လို့ရတယ်။ နောက်တစ်ခု ထပ်ပေးဗျာ "
ဒါကြောင့် ဆိုင်ရှင်လူကြီးက နောက်တစ်ခု ထပ်ရောင်းလိုက်ပါတယ်။ နောက်တစ်ခါ လှည့်ထွက်သွားပြီး မကြာပါဘူး။ ဆိုင်ကိုပြန်ဝင်လာပြန်ပါတယ်။
" ကောင်မလေးရဲ့  အမေလည်း မဆိုးပါဘူး။ သူ့အတွက်လည်း လက်ဆောင်တစ်ခုပေးလိုက်ရင် ဇာတ်လမ်းတွေ ဖြစ်လာနိုင်ပါသေးတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး။ နောက်တစ်ခု ထပ်ပေးဗျာ" လို့ ပြောပြီး ဝယ်တဲ့အခါ ဆိုင်ရှင်ကလည်း နောက်တစ်ခု ထပ်ရောင်းပေးလိုက်ပါတယ်။
ဒီလိုနဲ့ ကောင်လေးဟာ သူ့ချစ်သူအိမ် ဒင်နာပွဲသို့ ရောက်ရှိလာပါတယ်။ ချစ်သူနဲ့ ဘေးချင်းယှဉ်ထိုင်လို့၊ ချစ်သူ အစ်မနဲ့ အမေကတော့ မျက်နှာချင်းဆိုင်မှာ ထိုင်ပါတယ်။ အဖေဖြစ်သူက လွတ်နေတဲ့ခုံမှာ ဝင်ထိုင်ဖို့ လျှောက်လာတဲ့အခါ ကောင်လေးက ဘုရားစာ၊ ဂါထာများ တိုးတိုးလေး စတင်ရေရွတ်ပါတော့တယ်။
ဒါကိုကြားတဲ့ သူ့ချစ်သူက ဝမ်းသာအားရနဲ့ သူ့နားကိုကပ်ပြီး " မောင် လိမ္မာလှချည်လား။ ဘာသာတရား ကိုင်းရှိုင်းတာ မသိလိုက်ဘူး " လို့ တိုးတိုးလေးချီးကျူးစကား ပြောလိုက်ပါတယ်။ ဒီတော့ ကောင်လေးကလည်း ပြန်ဖြေလိုက်တာက...
"အင်း.. ကိုယ်ကလည်း မင်းအဖေကို ဖန်စီပစ္စည်းဆိုင် ပိုင်ရှင်မှန်း မသိလိုက်ဘူးကွာ"
--
Ref: every-jokes
International news for myanmar
++++++++++++++++++++++++++++++++++++++++++
ဘယ်ဘီးပေါက်တာလဲ..?
================
တစ်ဆောင်တည်းအတူနေ ကောလိပ်ကျောင်းသား လေးဦးဟာ နှစ်ကုန် စာေးမးပွဲမဖြေခင်တစ်ညမှာ လောင်းကစားဆော့ပြီး သောက်စား ပျော်ပါးကြပါတယ်။ နောက်နေ့မနက်လည်းရောက်ရော စာမေးပွဲဖြေဆိုခန်းကို အချိန်ပြည့်ဖို့ နာရီဝက်အလိုမှ ရောက်လာပါတယ်။
စာမေးပွဲ ဝင်မဖြေရင် တစ်နှစ်ကျတော့မှာဆိုတော့ ကျောင်းသားများက မော်ကွန်းထိန်းခန်းဆီသွားပြီး ဖြေဆိုခွင့်ဖို့တောင်းပါတယ်။ ဒီတော့ ကျောင်းသားလေးယောက်ဟာ မနေ့ညမှ ခရီးဝေးက ပြန်လာခြင်းဖြစ်ကြောင်း ကားဘီးပေါက်သဖြင့် ရွှံ့နွံထဲကနေ တွန်းလာရကြောင်း လိမ်ပြောပါတယ်။ လိမ်လို့ကောင်းအောင်လည်း အဝတ်အစားကို ရွှံ့ဗွက်များလူးလို့ မောကွန်းထိန်းအခန်းသို့ ဝင်ခြင်းဖြစ်ပါတယ်။
ဒီတော့ မော်ကွန်းထိန်းဆရာမ က "ကောင်းပြီလေ၊ ကားဘီးပေါက်တယ် ဆိုတော့လဲ။ မင်းတို့ လေးယောက်အတွက် ၁၀ မိနစ်စာသာဖြေပြီး အောင်နိုင်မယ့် အထူးအခွင့်အရေးရ မေးခွန်းနှစ်ခုပဲ မေးတော့မယ်။ သို့ပေမယ့် တစ်ယောက် တစ်ခန်းစီခွဲထိုင်ပြီး ဖြေရမယ်။ သဘောတူရင် စာမေးပွဲခန်း ကိုယ်စီသွားတော့" လို့ ပြောတဲ့အခါ ကျောင်းသားလေးယောက်က သီးခြားအခန်းတွေဆီ သွားပါတယ်။
ယင်းနောက် ရလာတဲ့ မေးခွန်းကတော့ -
၁။ စာဖြေသူ အမည်ကို ရေးပါ။ (၂-မှတ်)
၂။ ပေါက်ခဲ့သော ကားဘီး (၉၈-မှတ်)
(က) ရှေ့ညာဘီး (ခ) ရှေ့ ဘယ်ဘီး (ဂ) နောက်ညာဘီး (ဃ) နောက်ဘယ်ဘီး
----

No comments:
Post a Comment