ကမ္ဘာ့လေထုအတွင်း များပြားလာပြီး ညစ်ညမ်းစေတဲ့အပြင် ကမ္ဘာကြီး ပူနွေးလာစေအောင်၊
ရာသီဥတု ပြောင်းလဲ ဆိုးရွားလာစေအောင် ဖန်တီးနေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့ CO2 တွေ လျှော့ချရေးအတွက် အစီအစဉ် အမျိုးမျိုးကို ယခုအခါ သိပ္ပံပညာရှင်
တွေက ရှာဖွေ တင်ပြလာကြပါတယ်။ ဒီဇယ်ဆီစတဲ့ တွင်းထွက်လောင်စာတွေကို အသုံး
မပြုကြဖို့၊ သယ်ယူပို့ဆောင်ရေးမှာ လျှပ်စစ်ကားတွေ အသုံးပြုကြဖို့ စတဲ့ အစီအစဉ်တွေ
ကအစ အာကာသအတွင်း နေရဲ့အလင်းရောင်ကို ကာဆီးနိုင်တဲ့ ဧရာမ ထီးတန်းကြီးတွေ
ထားရှိဖို့နဲ့ ပင်လယ်ရေအတွင်း မျောနေတဲ့ ရေမှော်ပင် Algae တွေကို သံသတ္တုဓာတ်ပါတဲ့
မြေသြဇာတွေ ထည့်ပေးပြီး ပွားများအောင် လုပ်ကာ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့
အမြောက်အမြား စုပ်ယူတဲ့ နည်းလမ်းတွေအထိ တင်ပြခဲ့ကြပါတယ်။ အဲဒီ အစီအစဉ်
အချို့ဟာ ကောင်းပေမယ့် တချို့အစီအစဉ်တွေဟာ တခြားဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့
အတွက် လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲတာ တွေ့ရပါတယ်။
ယခုအခါ အမိကမ္ဘာမြေကြီးဟာ မိမိမှာရှိတဲ့ သဘာဝပို့ဆောင်ရေးစနစ်တစ်ခုနဲ့ ကမ္ဘာ့လေထု
အတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို အာကာသ ဟင်းလင်းပြင် Outer Space
အတွင်း စုပ်ထုတ်ပြီး စွန့်ပစ်နိုင်တဲ့ နည်းလမ်းကို သိပ္ပံပညာရှင်တွေက တွေ့ရှိလာကြပါတယ်။
မကြာမီက ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံ ဘူမိရူပဗေဒအဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ ကယ်လီဖိုးနီးယား
တက္ကသိုလ်မှ ဒေါက်တာ အဲဖရက်ဝေါင်း- Dr. Alfred Wong က ကာဘွန်ဒိုင် အောက်ဆိုဒ်
ဓာတ်ငွေ့တွေကို အာကာ သအတွင်း ပို့ဆောင်စွန့်ပစ်နိုင်တဲ့ နည်းလမ်းကို တင်ပြခဲ့ပါတယ်။
ခေတ်မီသိပ္ပံပညာတွေကို အသုံးချပြီး လူ သားတွေရဲ့ တွန်းအားပေးမှုနဲ့ ကမ္ဘာမြေကြီးရဲ့
သံလိုက်စက်ကွင်း- Magnetic Field ဟာ ရွေ့လျားစက် ခါးပတ်ကြီး Conveyer Belt တစ်ခုလို
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ကမ္ဘာ့အပြင်ဘက် အာကာသ ဟင်းလင်းပြင်ထဲသို့
ပို့ဆောင် စွန့်ပစ်နိုင်တယ်လို့ သိရပါတယ်။
ဒေါက်တာဝေါင်းက ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို ဘယ်လို စွန့်ပစ်ကြမှာလဲ
ဆိုတဲ့ ပြဿနာထက် ဘယ်လောက်ဝေးဝေး နေရာကို စွန့်ပစ်နိုင်မှာလဲဆိုတဲ့ ပြဿနာက
ပိုပြီး အရေးကြီးတယ်လို့ ထောက်ပြခဲ့ပါတယ်။ သူရဲ့ တွက်ချက်မှုတွေအရ အနည်းငယ်
လောက်သော တွန်းအား အကူအညီနဲ့ ကမ္ဘာ့သံလိုက် စက်ဝန်းဟာ ရွေ့လျားစက်ခါးပတ်
ကြီး တစ်ခုလို ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ကမ္ဘာကို ဘယ်တော့မှ ပြန်မလာ
နိုင်အောင် အာကာသကြီး အတွင်းသို့ စုပ်ထုတ်၊ ပို့ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
တစ်နည်းအားဖြင့် အမိ ကမ္ဘာမြေကြီးမှာ သဘာဝ တရားကြီးက ဖန်တီးထားတဲ့
သယ်ယူပို့ဆောင်တဲ့ စနစ်တစ်ခု ရှိနေပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို
ဖယ်ရှား ရှင်းလင်းနိုင်တယ်လို့ ညွှန်ပြခဲ့ပါတယ်။
ဒေါက်တာ ဝေါင်းဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက အလာစကာပြည်နယ်၊
Fairbanks ဒေသအနီးမှာ နေရောင်ခြည်ရဲ့စွမ်းအင်ကို လေ့လာတဲ့ High Power Auroral
Stimulation ဌာနတစ်ခုကို ဖွင့်လှစ် ထားရှိပြီး သုတေသနပြုခဲ့ပါတယ်။ နေအရုဏ်တက်ချိန်၊
ရောင်နီအလင်းတန်း Auroras တွေမှာ အမှုန် Particles အများအပြား ပါဝင်ပြီး ကမ္ဘာ့
လေထုကို လာရောက်ရိုက်ခတ်ပါတယ်။ အဲဒီအမှုန်တွေဟာ ဂိုင်ဂါဝပ် Gigawatts များစွာရှိတဲ့
လျှပ်စစ်စွမ်းအင်တွေကို သယ်ဆောင်လာကြပါတယ်။ အဲဒီ လျှပ်စစ်စွမ်းအင်တွေကို အသုံး
ချပြီး ကမ္ဘာ့လေထု အတွင်းမှာ ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေရဲ့ သိပ်သည်း
ဆကို လျှော့ချနိုင် တယ်လို့ ဒေါက်တာဝေါင်းက တင်ပြခဲ့ပါတယ်။
ဒေါက်တာဝေါင်းက သူပြောတဲ့ သဘာဝ ရွေ့လျားစက်ခါးပတ်ကြီးဟာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်း
ဖြစ်တဲ့ အာတိတ်ဒေသမှာ ရှိတယ်လို့ ညွှန်ပြခဲ့ပါတယ်။ အာတိတ်ဒေသ ကောင်းကင်မှာ
ကမ္ဘာ့သံလိုက်ဓာတ် လမ်းကြောင်းကြီးဟာ အာကာသ ဟင်းလင်းပြင်ဆီကို ဖောက်ထွက်ဖို့
အကောင်းဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ တခြား လမ်းကြောင်း တစ်ခုက ကမ္ဘာ့
တောင်ဘက်ဝင်ရိုးစွန်းဖြစ်တဲ့ အတ္တလန္တိတ် ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ
ဝေါင်းရဲ့ အယူအဆဟာ ကာဘွန်ဒိုင်အောက်ဆိုဒ် မော်လီကျူးတွေဟာ လေထုထဲမှာရှိတဲ့
အီလက်ထရွန်တွေနဲ့ပေါင်းဆုံမိကာ ကာဘွန်ဒိုင်အောက်ဆိုဒ် အိုင်းယွန်း CO2 ions တွေ
ဖြစ်လာပြီး လျှပ်စစ်အမဓာတ် Negatively Charged ကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ အယူအဆ
က စတင်ပါတယ်။ ဒုတိယ အဆင့်ကတော့ ကမ္ဘာမြေကြီးရဲ့ လေထုထဲမှာ ဆက်တိုက်
ထောင်လိုက် လျှပ်စစ်စီးကြောင်း Vertical Electrical Field တစ်ခုဖြစ် ပေါ်နေတတ်ပါတယ်။
ကမ္ဘာ့လေထု အပေါ်လွှာဟာ အလွန်ကြီးမားတဲ့ ဘက်ထရီတစ်လုံးနဲ့တူပါတယ်။ လျှပ်စီး
လက်ပြီး မိုးချုန်းတာ၊ မိုးကြိုး မုန်တိုင်းတွေ ကျရောက်တာတွေ မြင်ရကြားရခြင်းဖြင့် သိရှိနိုင်
ပါတယ်။ အဲဒီ လျှပ်စစ်အမဓာတ်အဖြစ် ပြောင်းလဲသွားပြီး အထက်သို့ ပျံတက်ပါတယ်။
ရက်အနည်းငယ် ကြာတဲ့အခါ အမြင့် ၁၂၅ ကီလိုမီတာအထိ တက်သွားနိုင်ပြီး ကမ္ဘာမြေကြီးရဲ့
သံလိုက်ဓာတ် စက်ဝန်းထဲရောက်ရှိသွားကာ အာကာသ ဟင်းလင်းပြင်ထဲသို့ စုပ်ထုတ်
ပစ် လိုက်သလို ထွက်သွားနိုင်ပါတယ်။
ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေမှာ ကမ္ဘာ့သံလိုက်ဓာတ်စွမ်းအားဟာ အာကာသဟင်းလင်းပြင်သို့
မျဉ်းဖြောင့်အတိုင်း တက်သွားပါတယ်။ လျှပ်စစ်အမဓာတ်စီးနေတဲ့ CO2 အိုင်းယွန်းတွေဟာ
အဲဒီကမ္ဘာ့သံလိုက် စက်ဝန်းထဲရောက်သွားရင် တစ်စက္ကန့်မှာ ၁၇ ကြိမ်လည်ပတ်ပြီး လေဗွေ
လှိုင်းကြီးတစ်ခုလို အာကာထဲ လည်ပတ်ပြီးသွားတယ်လို့ဆိုပါတယ်။
ဒေါက်တာ ဝေါင်းက လက်ရှိ အခြေအနေမှာ သဘာဝတရားအရ အာကာသထဲ
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ရောက်ရှိမှု ပမာဏဟာ အလွန်နည်းပါး နေသေးတယ်လို့
ဆိုပါတယ်။ လွတ်တင်ထားတဲ့ ဂြိုဟ်တုတွေဆီကရရှိတဲ့ သတင်း အချက်အလက်တွေအရ
အဲဒီအချက်ကို သိရှိရပါတယ်။ ဒါကြောင့် ကမ္ဘာ့လေထု အတွင်းမှာရှိနေတဲ့ ကာဘွန်ဒိုင်
အောက်ဆိုဒ်ဓာတ်ငွေ့ ပမာဏကို ရှိသင့်တဲ့ ပမာဏသာထားပြီး ကျန် ပိုလျှံနေတဲ့ ပမာဏကို
အာကာသ အတွင်းကို စုပ်ထုတ်ပြီး စွန့်ပစ်နိုင်ရင် လက်ရှိကြုံတွေ့နေရတဲ့ ရာသီဥတု
ပြောင်းလဲမှု ပြဿနာကို ဖြေရှင်းနိုင်စရာရှိတယ်လို့ ဒေါက်တာဝေါင်းက ထောက်ပြပါတယ်။
လေထုတွင်း ကာဘွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့တွေကို ယခု ထက်ပိုမိုကာ လျှပ်စစ်
အမဓာတ်စီးလာအောင် အလွန်အားကောင်းတဲ့ လေဆာရောင်ခြည် Lasers တွေ အသုံးပြု
လုပ်နိုင်တယ်လို့ ဒေါက်တာဝေါင်းက တင်ပြခဲ့ပါတယ်။ အဲဒီ CO2 အိုင်းယွန်းတွေကို
ဝင်ရိုးစွန်းဒေသက သံလိုက်ဓာတ် စက်ဝန်းထဲ စီးဝင်ရောက်ရှိသွားအောင်လည်း ရေဒီယို
အသံလှိုင်းတွေ အသုံးပြုပြီး တွန်းအားပေးသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ ဝေါင်း
အနေနဲ့ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ သူအသုံးပြုမယ့် လေဆာရောင်ခြည်နဲ့
ရေဒီယိုလှိုင်း ပို့လွှတ်တဲ့စက် Radio Transmitters တွေအတွက် စွမ်းအင်လိုအပ်ချက်
ဘယ်လောက်အထိ လိုမှာလဲဆိုတဲ့ စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ အကယ်၍
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ဒါဇင်အနည်းငယ်လောက်သာ လိုအပ်ပြီး ဆောင်ရွက်နိုင်ရင်
ကမ္ဘာ့လေထုထဲမှာ ရှိနေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ အာကာသသို့
စုပ်ထုတ်ပြီး စွန့်ပစ်ရေး အစီအစဉ်ဟာ များစွာ အထောက်အကူ
ဖြစ်လာနိုင်ကြောင်းပါ ခင်ဗျား။
Ref: A Stairway to Heaven,
မောင်ပုဆိုးကြမ်း
No comments:
Post a Comment