Infrared
======
ကျွန်တော် ဒီ Electromagnetic Spectrum အကြောင်းဆွေးနွေးခဲ့တာ
အတော်ကြာပါပြီ... အဲ့အချိန်တုန်းကလည်း ဖတ်မိမှတ်မိသမျှကို နားလည်သလိုပြန်လည်
မျှဝေဆွေးနွေးခဲ့တာပေါ့ဗျာ... အကြောင်းအရာတစ်ရပ်ဆိုတာကလည်း လေ့လာလေလေ
ပိုပြီးကျယ်ပြန့်လေလေပါပဲ.... အရာအားလုံးခရေစေ့တွင်းကျ သိမြင်နားလည်ဖို့ဆိုတာက
တော့ ကျွန်တော်တို့ဥာဏ်အဆင့်အတန်းနဲ့ မဖြစ်နိုင်ဘူးလို့ထင်တာပါပဲဗျာ....
အခုလည်း ဖတ်ရင်းမှတ်ရင်းထပ်သိလာသမျှလေးတွေကို MEF ညီအစ်ကိုမောင်နှမတွေ
လည်း ဖတ်မှတ်လေ့လာလို့ရအောင် ဆက်ဆွေးနွေးပေးသွားပါ့မယ်....
အခုဆွေးနွေးမှာကတော့ IR(Infrared) အကြောင်းပေါ့ဗျာ...
IR ကို စတင်တွေ့ရှိသူကတော့ ဂျာမနီနိုင်ငံသား ဂီတနဲ့ နတ္ခတ္တဗေဒပညာရှင်
Sir Frederick William Herschel (1738-1822) ဖြစ်ပါတယ်... သူဟာ ၁၇၅၇ မှာတော့
အင်္ဂလန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ပါတယ်... ပြီးတော့ သူ့ရဲ့ ညီမဖြစ်သူ
Caroline နဲ့အတူ telescopes တွေတည်ဆောက်ပြီး ကောင်းကင်ပြင်ကိုစောင့်ကြည့်
လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်... ၁၇၈၁ ခုနှစ်မှာတော့ ယူရေးနပ်စ်ဂြိုလ်ကို ရှာဖွေတွေ့
ရှိမှုနဲ့အတူ နာမည်ကျော်ကြားလာခဲ့ပါတယ်... ၁၈၀၀ ပြည့်နှစ်မှာတော့ Herschel ဟာ
အလွန်အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။ သူဟာကွဲပြား
ခြားနားတဲ့အရောင်တွေအလိုက် အပူဖြတ်သန်းစီးဆင်းမှုပမာဏကို စိတ်ဝင်တစားလေ့လာ
ခဲ့ပါတယ်... နေရောင်ခြည်ကို လေ့လာစူးစမ်းတာကနေ ကွဲပြားတဲ့ရောင်စဉ်တွေအလိုက်
သီးခြားပူနွေးမှု အဆင့်များရှိမယ်လို့ ယူဆခဲ့ပါတယ်...
Herschel ဟာ သုံးမြှောင့်ဖန်တုံးကို အသုံးပြုပြီး နေရောင်ကနေ အလင်း
ရောင်စဉ်တွေ ခွဲဖြာလာအောင်လုပ်ဆောင်ပါတယ်... ပြီးတော့ အရောင်တစ်ခုစီအလိုက်
အပူချိန်ကိုတိုင်းတာရယူပါတယ်.... အဲ့လိုတိုင်းတာရာမှာ အပူကိုပိုမိုစုပ်ယူနိုင်ဖို့
အမည်းရောင်ထိပ်ဖူးရှိတဲ့ အပူချိန်တိုင်းကိရိယာ (Thermometer) သုံးခုကိုအသုံးပြုပါတယ်....
အပူချိန်တိုင်းကိရိယာတစ်ခုကနေ အရောင်တစ်ခုကို တိုင်းတာနေတဲ့အချိန်မှာ အခြား
နှစ်ခုက ကပ်လျက်ရှိတဲ့ အရောင်များကို တိုင်းတာယူပါတယ်... အဲ့လိုတိုင်းတာရာမှာ
အရောင်အားလုံးဟာ သူ့အောက်မှာရှိတဲ့ အရောင်ထက် အပူချိန်ပိုမိုတာကို သတိပြုမိလာ
ပါတယ်... ဆိုလိုတာကတော့ ခရမ်းရောင်ကနေပြီး အပူချိန်တဖြည်းဖြည်း မြင့်တက်လာ
ရာမှာ အနီရောင်မှာ အမြင့်ဆုံးဖြစ်လာတဲ့သဘောပါ.... ဒီအချက်ကိုသတိပြုမိပြီးတဲ့နောက်
မှာ Herschel ဟာ အနီရောင်ရဲ့ အလွန်မှာရှိတဲ့ မမြင်နိုင်တဲ့ နေရာမှာတိုင်းတာကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်.... အဲ့ဒီအခါမှာ ၎င်းအပိုင်းမှာရှိတဲ့ အပူချိန်ဟာ တခြားနေရာ
အားလုံးထက်မြင့်မားနေတာကို အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရပါတယ်...
Herschel ဟာ အနီရောင်ရဲ့ အလွန်မှာရှိတဲ့ မမြင်နိုင်တဲ့ ဒီရောင်စဉ်ကို
“Calorific Rays” လို့နာမည်ပေးပြီး လေ့လာစမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်....
အဲ့လိုလေ့လာခဲ့ရာမှာ ဒီရောင်စဉ်ဟာ အလင်းရောင်လိုပဲ အလင်းပြန်ခြင်း (reflection)၊
အလင်းယိုင်ခြင်း (refraction)၊ စုပ်ယူခံရနိုင်ခြင်း (absorbing) နဲ့ ဖြာထွက်ထုတ်လွှင့်နိုင်
ခြင်း (transmitting) စတဲ့ ဝိသေသလက္ခဏာတွေ ရှိတယ်ဆိုတာကို ထပ်မံ သိရှိလာခဲ့
ပါတယ်... Sir William (ကျွန်တော်မဟုတ် :P) ရှာဖွေတွေ့ရှိခဲ့တဲ့ အလင်းရောင်ပုံစံ
တစ်မျိုးဖြစ်တဲ့ “Calorific Rays” ကို နောက်ပိုင်းမှာ Infrared လို့နာမည်ပေးခဲ့ပါတယ်....
(infra ဆိုတာကတော့ below လို့အဓိပ္ပါယ်ရပါတယ်).Herschel ရဲ့ စမ်းသပ်တွေ့ရှိမှုဟာ
အနီအောက်ရောင်ခြည် (IR) ကိုရှာဖွေတွေ့ရှိရုံသာမကဘဲ ကျွန်တော်တို့မျက်စိနဲ့ မမြင်
နိုင်တဲ့ အလင်းရောင်စဉ်တစ်မျိုး ရှိနေသေးတယ်ဆိုတာကို ပထမဦးဆုံး သက်သေ
ပြနိုင်တဲ့အတွက် အလွန်အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုဖြစ်လာပါတယ်... ဒီအချက်ကပဲ
လျှပ်စစ်သံလိုက်လှိုင်း (EM) ကိုဆက်လက်လေ့လာဖို့ အခြေခံအကျဆုံး အချက် ဖြစ်လာ
ခဲ့ပါတယ်... Herschel ရဲ့ စမ်းသပ်မှုမှာ အသုံးပြုခဲ့တဲ့ သုံးမြှောင့်ဖန်တုံးနဲ့ မှန်တွေကိုတော့
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ National Museum of Science and Industry မှာ
ပြသထားတယ်လို့ သိရပါတယ်...
ဆက်လက်ဆွေးနွေးသွားပါဦးမယ်.....
myanmarengineers Forum
+++++++++++++++++++++++++++++++++++++++++++
လျှပ်စစ်သံလိုက်လှိုင်းများနှင့်ရောင်စဉ်များ
=======================
Electromagnetic spectrum တွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့သမျှမှာ အရေးကြီးတဲ့
တစ်ချက်ကျန်နေပါသေးတယ်။ ဒါကတော့ လူ့ကျန်းမာရေးအပေါ် Electromagnetic
spectrum တွေရဲ့ အကျိုးသက်ရောက်မှုပါပဲ။ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာ
တာနဲ့အမျှ လူမှုလိုအပ်ချက်များနှင့်အညီ electronic ပစ္စည်းအမျိုးမျိုးကို တီထွင်ထုတ်လုပ်
လာကြပါတယ်။ မိုဘိုင်းဖုန်းတွေ၊ ကွန်ပြူတာတွေ၊ ရုပ်မြင်သံကြားစက်တွေက စပြီး
စွမ်းအားမြင့် transmission stations ကြီးတွေ၊ electricity pylons တွေနဲ့ overhead
power lines အထိ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့မြင်နေကြရပါတယ်။ ဒီလို electric
နဲ့ electronic ပစ္စည်းတွေကို အသုံးပြုမှုများပြားလာခြင်းဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
electromagnetic radiation တွေ ပိုမိုများပြားလာစေပါတယ်။ ဒါကြောင့်ပဲ ပတ်ဝန်းကျင်နဲ့
ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်ကလည်း ပိုမို တိုးတက်
မြင့်မားလာခြင်းဖြစ်ပါတယ်။
ယခုနောက်ပိုင်းထုတ်လုပ်မှုတွေမှာ လုံခြုံဘေးကင်းမှုအပေါ် သတ်မှတ်အကဲဖြတ်ချက်တွေ
ပြုလုပ်လာကြပါတယ်။ ထုတ်ကုန်တွေကထွက်ရှိတဲ့ electromagnetic waves တွေရဲ့
အချိုးအစားဟာ သတ်မှတ်စံနှုန်းများနဲ့ ညီ၊ မညီ သုံးစွဲသူတွေအပေါ် ဘေးကင်းမှု ရှိ၊ မရှိ
စစ်ဆေးဆုံးဖြတ်ပြီး ထုတ်လုပ်မှုတွေကို ထိန်းချုပ်လာကြပါတယ်။ အမေရိကန်နိုင်ငံမှာ
ဆိုရင် Federal Communications Commission (FCC)၊ American National
Standards Institute (ANSI) နဲ့ Institute of Electrical and Electronics Engineers
(IEEE) စတဲ့အဖွဲ့အစည်းတွေက ၄င်းစံနှုန်းများ လေ့လာစောင့်ကြည့်ရေးမှာ အဓိက
ပါဝင်ပါတယ်။ အဲ့ဒီမှာ SAR = Specific Absorption Rate ကို အဓိကထား သတ်မှတ်
ကြပါတယ်။ SAR ဟာခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေကနေ အပူစုပ်ယူမှု ပမာဏပဲဖြစ်ပါတယ်။
လက်တွေ့မှာတော့ SAR ကို ခန္ဓာကိုယ်ရဲ့ ဧရိယာတစ်ခုအတွင်း အပူချိန်တိုးတက်လာတဲ့
ပမာဏကို တိုင်းတာယူပါတယ်။ FCC ရဲ့သတ်မှတ်ချက်ကတော့ လူခန္ဓာကိုယ်ရဲ့ 20cm
အတွင်း SAR တန်ဖိုးဟာ 1.6 W/kg ထက် မကျော်စေရပါဘူး။ ဒါကြောင့် မိုဘိုင်းဖုန်းတွေရဲ့
ခွင့်ပြုတဲ့ SAR တန်ဖိုးဟာ 1.6 W/kg ဖြစ်ပါတယ်။
များပြားတဲ့ Radio waves ပမာဏနဲ့ ထိတွေ့မှုမှတစ်ဆင့် ကင်ဆာ၊ လူကေးမီးယားနဲ့
အခြားသော ဖောက်လွဲဖောက်ပြန်မှုအချို့ကို ရရှိ ခံစားရနိုင်ပါတယ်။ သင့် အိမ်အနီးက
ဖြတ်သွားတဲ့ overhead power cables တွေဟာလည်းသင့် ကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။
သင့် မျက်စေ့ကို တိုက်ရိုက်ထိမှန်တဲ့ microwaves တွေဟာ မျက်စေ့တိမ်စွဲခြင်းကို
ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် microwaves မီးဖိုတံခါးနားသွားပြီး အစာတွေ ကျက် မကျက်
သွားကြည့်ဖို့ သတိပြုရပါမယ်။ လတ်တလော လူသိများနေတဲ့ ကိစ္စကတော့ မိုဘိုင်းဖုန်းက
ထွက်လာတဲ့ microwaves တွေဟာ သင့် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်
ဖုန်းကြာရှည်ပြောတတ်သူများ သတိထားဖို့လိုပါတယ်။ လေယာဉ်တင်သင်္ဘောပေါ်မှာ
အလုပ်လုပ်တဲ့သူတွေအတွက် microwaves ကို ကာကွယ်နိုင်တဲ့ ဝတ်စုံတွေ ထုတ်လုပ်
ထားပါတယ်။ ခေတ်ပေါ် တိုက်ခိုက်ရေးလေယာဉ်တွေမှာပါတဲ့ စွမ်းအားမြင့် ရေဒါတွေကြောင့်
ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ထားခြင်းဖြစ်ပါတယ်။
Infra-Red radiation ရဲ့ လူတွေအပေါ်ထိခိုက်မှုကတော့ ရိုးရှင်းပါတယ်။ အလွန်အကျွံ
ထိတွေ့မှုများလာရင် အပူလောင်ပါမယ်။
စူးရှတဲ့ အလင်းရောင်ကလည်း သင့်မျက်စေ့ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် နေကဲ့သို့ တောက်ပတဲ့အလင်းရောင်ကို တိုက်ရိုက်နဲ့ ကြာရှည်စွာ မကြည့်ဖို့
သတိပြုရပါမယ်။
Ultra-Violet ကလည်း သင့်မျက်စေ့ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေကာမျက်မှန်
ဝယ်တဲ့အခါမှာလည်း ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ဈေးပေါတဲ့ နေကာမျက်မှန်
အများစုဟာ Ultra-Violet ကိုမကာကွယ်နိုင်ပါဘူး။ နေကာမျက်မှန် တပ်လိုက်တဲ့အခါမှာ
သူငယ်အိမ်ဟာ ကျယ်သွားပါတယ်။ အကယ်၍ သင့်မျက်မှန်ဟာ Ultra-Violet ကို မကာ
ကွယ်နိုင်ဘူးဆိုရင် မျက်မှန် မတပ်ထားတာထက်ပိုပြီး သင့်မျက်စေ့ကို ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် နေကာမျက်မှန် ဝယ်တဲ့အခါမှာ Ultra-Violet ကို ကာကွယ်နိုင်ကြောင်း သေချာ
တာကို ရွေးဝယ်ဖို့လိုပါတယ်။ ၄င်းအပြင် Ultra-Violet ဟာ အရေပြားကင်ဆာကို ဖြစ်စေ
နိုင်ပါတယ်။ ကမ္ဘာ့လေထုထဲက အိုဇုန်းလွှာတွေဟာ Ultra-Violet ကို အဓိကစုပ်ယူပေး
ပါတယ်။ ဒါကြောင့်ပဲ အိုဇုန်းလွှာ ပါးလွှာလာခြင်းနဲ့ ပတ်သက်လို့ လူတွေ စိတ်ဝင်တစား
ဖြစ်ခဲ့ကြရခြင်း ဖြစ်ပါတယ်။
X-Rays ကတော့ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကင်ဆာရောဂါကိုပါ ဖြစ်စေ
နိုင်ပါတယ်။ ဒါကြောင့် ဆေးရုံက ဓာတ်မှန်ခန်းတွေကို လုံခြုံစွာ ကာရံထားရခြင်း ဖြစ်ပါတယ်။
ဒီလိုကာရံထားရုံနဲ့ မလုံလောက်တဲ့ အတွက် ဓာတ်မှန်ရိုက်တဲ့အခါမှာလည်း တတ်နိုင်သမျှ
မြန်မြန်ဆန်ဆန် လုပ်ဆောင်ရပါတယ်။
Gamma rays တွေကလည်း ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကင်ဆာရောဂါကိုပါ
ဖြစ်စေနိုင်ပါတယ်။ ၄င်းအပြင် ဖွံဖြိုးဆဲ တစ်သျှူးတွေရဲ့ မျိုးရိုးဗီဇဆိုင်ရာပြောင်းလဲမှုတွေကို
လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ Gamma rays တွေကို
သတိပြုသင့်ပါတယ်။
William Paul

No comments:
Post a Comment