မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, February 19, 2015

သာသနာ့အလံတော်

  ဗိုလ်မှူးကြီး ဟင်နရီ စတီးလ် အောလ်ကော့

သာသနာ့အလံတော်


ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အသုံးပြုနေကြတဲ့ ဘုရားရှင်ရဲ့ရောင်ခြည်တော်(၆)သွယ်ကို ကိုယ်စားပြု ရည်ညွှန်းထားတဲ့ သာသနာ့အလံကို တီထွင်ပြုလုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဟာ အမေရိကန် တပ်မတော်က ဗိုလ်မှူးကြီး ဟင်နရီ စတီးလ် အောလ်ကော့ ဖြစ်တယ်ဆိုတာ သိတဲ့သူတွေရှိသလို မသိတဲ့သူတွေလဲ ရှိကြမှာမို့ ဗဟုသုတအဖြစ် တင်ပြလိုက်တာပါ။

“ သီအိုဆိုဖီအသင်းကို တည်ထောင်သူလည်းဖြစ်၊ သာသနာ့ အလံတော်ကို စတင်ပြုလုပ်ခဲ့ သူလည်း  ဖြစ်သော ကာနယ် အောလ်ကော့သည် သီဟိုဠ်ကျွန်းတစ်ခွင် ပြဲပြဲစင်အောင် ပျောက်စေနည်းဖြင့် ရောဂါစုံကို ကုသပေးခဲ့သည်။ ကာနယ်အောလ်ကော့သည်လည်း မက်စမာကြီးကဲ့သို့ပင် စိတ်ညှို့ပါရဂူ တစ်ဦးဖြစ်သည်။ လူနာများကို နှုတ်မှပျောက်စေဟု ပြော၍လည်း ကုသည်။ လက်ဖြင့် သပ်ပေးခြင်းဖြင့် လည်း ကုသည်။ နောက်ဆုံးတွင်လူနာတွေ ကြိတ်ကြိတ်တိုးလာပြီး မနိုင်မနင်း ဖြစ်လာသောအခါ ရေစည်တစ်ခုလုံးကို လက်နှင့်သပ်ပြီး ပျောက်စေဟု “မန်း” ၍ ကုသခဲ့ရာ ပျောက်သည်ချည်းဖြစ်သည်။”

   အထက်ပါစာပိုဒ်ကို ဆောင်းပါးတစ်ခုမှာတွေ့လိုက်ရတော့ သူဟာ သိရီလင်္ကာနဲ့ အိန္ဒိယတို့မှာ အချိန်အတော်ကြာအောင် ကျင်လည်ခဲ့ပြီး ကျနော်တို့ထက် နှစ်တစ်ရာလောက်စောပြီး ဗုဒ္ဓသာသနာနဲ့ အကျွမ်းတဝင်ဖြစ်ခဲ့ပြီးတော့ သမထ, ဝိပဿနာတွေကြောင့် အများနဲ့မတူတဲ့ စိတ်စွမ်းအင်တွေ ရရှိခဲ့မယ်လို့ ကောက်ချက်ချမိပါတယ်။ အဲဒီ ရရှိလာတဲ့ စိတ်စွမ်းအင်တွေနဲ့ပဲ လူသားတွေအတွက် ကောင်းကျိုးပြုပေးနိုင် ခဲ့တယ် ဆိုတာကို အထက်ပါဆောင်းပါးလေးက သက်သေပြနေတာတော့ အမှန်ပါပဲ။

   ဗုဒ္ဓဘာသာနဲ့လည်း ထဲထဲဝင်ဝင် ရင်းနှီးပတ်သက်ခဲ့မှု ရှိခဲ့လို့သာ ဘုရားရှင်ရဲ့ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်အလံလေးတစ်ခု ပြုလုပ်ဖို့ရာ စိတ်ကူးပေါ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံး သူကိုယ်တိုင်တောင်မှ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ခံယူထားခဲ့သလား ဆိုတာကိုတော့ ကျနော်တို့ မသိနိုင်ပေမယ့် သူတီထွင်ဖန်တီးပေးခဲ့တဲ့ သာသနာ့အလံတော်ကြီးဟာဖြင့် နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာစွာ တည်ရှိနေသွားဦးမှာ ဆိုတာကတော့ အသေအချာပါပဲ။

No comments:

Post a Comment