*** မအိုချင်သူများ …ကိုလာဂျင်ဆောင်ထား ***
================================
သင့်အရေပြားလေး အမြဲတမ်းနုပျိုလန်းဆန်းနေဖို့ ဆိုရင် ကိုလာဂျင်(Collagen)ဆိုတဲ့
ဝေါဟာရကို ရင်းနှီးကျွမ်းဝင်နေဖို့ လိုပါတယ်။ ကိုလာဂျင်ဆိုတာ လူသားတွေ၏
dermis(ခေါ်)အရေပြားရဲ့ အလယ်လွှာထဲမှာရှိနေတဲ့ ပရိုတင်း အမျှင်ဓာတ်တစ်မျိုး
ဖြစ်ကာ၊ အရေပြားရဲ့  ၇၅ ရာခိုင်နှုန်းဟာ ကိုလာဂျင် ပဲဖြစ်ပါတယ်။
အလှအပဗေဒဆိုင်ရာပါရဂူတွေရဲ့  အဆိုအမိန့် အရ၊ ဘဝတစ် သက်တာမှာ
လူတစ်ယောက်ရဲ့ အရေပြား အလှပဆုံးအချိန်ဟာ အသက် ၃၅ နှစ် ဝန်းကျင်လို့
့ဆိုထားကြပါတယ်။ ဒါဘာကြောင့် လဲဆိုရင် လူသားတစ်ဦးရဲ့ ကိုလာဂျင်ဓာတ် ထုတ်လုပ်
နိုင်မှု အထွတ်အထိပ်ဟာ ထိုအသက်အရွယ်ကာလမှာ ဖြစ်နေလို့ ပါဘဲ။ အသက် ၃၅ နှစ်
နောက်ပိုင်းမှစ၍ ကိုလာဂျင်ထုတ်လုပ်မှုဟာ တဖြည်းဖြည်း မသိမသာ လျော့နည်းလာကာ၊
အသက် ၆၀ လောက် မှာတော့ ကိုလာဂျင်အမျှင်တွေ တော်တော်ကြီး နည်းသွားပါပြီ။
ဒါကြောင့် ဇရာရဲ့ လက္ခဏာများအဖြစ် ပါးရေ၊ နားရေတွေ တွန့်  လာရပါပြီ။
တချို့ ကတော့ ဓမ္မတာ ဇရာမတိုင်ခင် စောစော အိုရုပ်ပေါက်ကြပါတယ်။
ဒါကိုဆေးပညာအရ Premature aging(ခေါ်)ဇရာအို စောခြင်းလို့ ခေါ်ပါတယ်။
နေလောင်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးမဝခြင်း၊ အညောင်းထိုင်ခြင်း၊ ရေသောက်
နည်းခြင်း၊ ဆီ ကြော်မုန့်များစားခြင်း၊ ဆေးလိပ် နှင့် အရက်သေစာ သောက်ခြင်းတို့်က
ကိုလာဂျင် ထိခိုက်ပျက်စီးစေတဲ့ အကြောင်းများပါဘဲ။ ကိုလာဂျင်လျော့ပါးလာ၍
ဇရာအိုစောခြင်းအတွက် ဖော်ပြပါအကြောင်းများကို ဆင်ခြင်ကာ လေ့ကျင့်ခန်းလုပ်ခြင်း၊
ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ မှီဝဲသောက်သုံးခြင်း၊ ကိုလာဂျင်(သို့မဟုတ်)
Tretinon(ခေါ်)ကိုလာဂျင်အားပေးပစ္စည်း(သို့ မဟုတ်) ဗီတာမင်စီ(သိုမဟုတ်) ဗီတာမင်
အီး စသည်ဖြင့်ပါတဲ့ အလှပြင်ပစ္စည်းများ သုံးစွဲခြင်းတို့ ဖြင့် ကာကွယ်ထားသင့်ပါတယ်။
အောက် ဖော်ပြပါ အစားအစာလေးများက ကိုလာဂျင်ထုတ်လုပ်နိုင်မှုကို အားဖြည့်ပေး
နိုင်တာကြောင့် မအိုချင်သူများအတွက် သတင်း ကောင်းပါးလိုက်ရပါတယ်။
(၁) ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံး (ခေါ်)
Beet Root စတဲ့ အနီရောင် ဟင်းသီးဟင်း ရွက်တွေထဲမှာ နေလောင်၍ အသားအရေ
ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ lycopene ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါရှိတဲ့အပြင်၊
ကိုလာဂျင်ပမာဏကို တိုးပွားစေနိုင်ပါတယ်။
(ဒေသထွက် သကြားမုန်လာဥ(ခေါ်) မုန်လာဥနီအလုံးတွေကို ရှမ်းပြည်တောင်ပိုင်းမှာ
ရရှိနိုင်သလို၊ City Mart ဆိုင်ကြီးများရဲ့ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် အရောင်း
ကောင်တာများမှာလည်း ဝယ်ယူရ ရှိနိုင်ပါတယ်။)
(၂) ဟင်းနုနယ်၊ ကိုက်လံ၊ ထောပတ်သီး စတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်နှင့် သစ်သီးဝလံ
တွေမှာ sulfur ဓာတ်ကြွယ်ဝစွာပါရှိနေ ပါတယ်။ ၄င်းဓာတ်များက ကိုလာဂျင်ပရိုတင်းကို
တိုးမြှင့်စွာထုတ်လုပ်စေပါတယ်။
(၃) လိမ္မော်သီး၊ မုန်လာဥနီ(ခေါ်)ခါကြက်ဥ၊ အဝါရောင်ကန်စွန်းဥ၊ အဝါရောင်ပြောင်းဖူး၊
အာလူး စတဲ့ လိမ္မော်ဝါရောင်ခြယ် သစ်သီးဝလံများမှာ ဗီတာမင်အေ ပေါပေါများများ
ပါရှိတာကြောင့်၊ အသားအရေအတွက် ကိုလာဂျင်ပရိုတင်းကို သိုလှောင်သိမ်းဆည်း
ပေးထားနိုင်ပါတယ်။
(၄) အနက်ရောင် ဘလူးဘယ်ရီ၊ အနီရောင် ရက်စ်ဘယ်ရီ စတဲ့ ဘယ်ရီသီးများမှာပါရှိတဲ့
သဘာဝဓာတ်တိုးဆန့် ကျင်ပစ္စည်းများ က ကိုလာဂျင်ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။
(ထို နိုင်ငံခြားဖြစ် ဘယ်ရီသီးများကို City Mart ဆိုင်ကြီးများ ရဲ့  သစ်သီးဝလံ အရောင်း
ကောင်တာများမှာ ဝယ်ယူရရှိနိုင်ပါတယ်။)
(၅) သံပုရာသီး၊ သံပရိုသီး၊ ဂရိတ်ဖရု စတဲ့ အချဉ်သီးများမှာ* amino၃အက်ဆစ်တွေ
ပါရှိနေကြပြီး၊ ၄င်းအက်ဆစ်ဓာတ်တွေက ကိုလာဂျင်အဖြစ် ပြောင်းလဲပစ်နိုင်တာကြောင့်
အသားအရေကို ကြည်လင်စေရုံသာမက တင်းရင်းလာစေနိုင်ပါတယ်။
(၆) ပဲပိစပ်(ခေါ်)ပဲပုပ် နှင့် ၄င်းဖြင့်လုပ်ထားသော တို့ ဟူး၊ ပဲနို့ ရည်တို့မှာ
genistein(ခေါ်)အပင်မှရရှိတဲ့ စွမ်းအားပြည့် သဘာဝ ဟိုမုန်းဓာတ်တွေ ပါရှိနေပါတယ်။
ထိုဓာတ်က ကိုလာဂျင် အမြောက်အများ ထုတ်လုပ်မှုကို အားပေးပါတယ်။
(၇) Green Tea (ခေါ်) လ္ဘက်ရွက် အစိမ်းများက အရေပြားရဲ့ ကိုလာဂျင်ပရိုတင်း
တည်ဆောက်မှုကို အထူးအားပေးတာကြောင့်၊ အရွယ်တင်နုပျိုစေဖို့ လ္ဘက်ရည်ကြမ်း
သောက်ပေးသင့်ပါတယ်။
(၈) ပရိုတင်းဓာတ်ကြွယ်ဝသော ကြက်ဥ၊ ငုံးဥများက ကိုလာဂျင်ထုတ်လုပ်မှုကို
ကောင်းကျိုးပြုသလို၊ ဗီတာမင် နှင့် သတ္တုဓာတ် များကြွယ်ဝတဲ့ ပင်လယ်စာ
ကမာကောင်များကလည်း ကိုလာဂျင်ကို ကောင်းစွာ တည်ဆောက်ပေးနိုင်ပါတယ်။
(၉) အိုမီဂါ-၃ ဖက်ဆီးအက်ဆစ်များက ကိုလာဂျင်ထုတ်လုပ်မှုကို
စွမ်းအားဖြည့်ပေးနိုင်တာကြောင့် ၄င်းအက်ဆစ်ဓာတ်ကြွယ်ဝစွာ ပါရှိတဲ့
ဆယ်လ်မွန်ငါး၊ ပင်လယ်ငါးကြီးများ၊ ငါးကြီးဆီ တို့ အပြင် ဗာဒံစေ့၊ သီဟိုစေ့
စတဲ့ အစေ့အဆံတို့်ကို စားပေးသင့်ပါတယ်။
(၁၀) *ကြက်သွန်ဖြူထဲမှာ ပါရှိတဲ့ sulfur ဓာတ်က ခန္ဓာကိုယ်၏ ကိုလာဂျင်
အပျက်အဆီးများကို အသစ်တဖန် ပြန်လည်ကောင်း မွန်အောင် တည်ဆောက်ပေးနိုင်
ပါတယ်။ ထို့ နည်းတူ သခွားသီးလတ်လတ်ဆတ်ဆတ်ထဲမှာလည်း sulfur ဓာတ်တွေ
မြင့်မားစွာ ပါရှိနေတာကြောင့် ကိုလာဂျင်ထုတ်လုပ်မှုအတွက် တန်ဖိုးနည်းသခွားသီး
လေးများကို မေ့မထားသင့်ပါဘူး။
အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေရှင်။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

No comments:
Post a Comment