Infrared (IR) light အနီအောက်ရောင်ခြည် နှင့် ကျန်းမာရေး
• အလင်းရောင်မှာ သက်တန့်လိုဘဲ အရောင် ၇ မျိုးပါတာကို ပဉ္စမတန်း အထွေထွေ
သိပ္ပံမှာ စသင်ကြရတယ်။ အောက်ဆုံးအနီအောက်ကို အနီအောက်ရောင်ခြည်လို့
ခေါ်ပြီး၊ အပေါ်ဆုံး ခရမ်းရောင်ကနေ ကျော်လွန်တာကို ခရမ်းလွန်ရောင်ခြည်လို့
ခေါ်တယ်။
• အနီအောက်ရောင်ခြည်ဟာ လှိုင်းအလျားရှည်တဲ့ လျှပ်စစ်-သံလိုက် အလင်းဖြစ်တယ်။
၁၈ဝဝ ကတည်းက စတွေ့ခဲ့ပါတယ်။
• လျှပ်စစ်-သံလိုက်အလင်းစုထဲက လှိုင်းအလျားတိုတာတွေက အန္တရာယ်ပေးတယ်။
ဥပမာ ဂါမာရေးလ်၊ အိတ်စ်ရေးလ် နဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဖြစ်တယ်။ လှိုင်းရှည်
တွေထဲမှာ ရေဒီယိုဝေ့ဖ်၊ မိုက်ခရိုဝေ့ဖ်၊ အင်ဖရာရက် တွေပါတယ်။
• အနီအောက်ရောင်ခြည်ကို စက်မှုလုပ်ငန်းတွေ၊ သိပ္ပံဆိုင်ရာအလုပ်တွေနဲ့ ဆေးပညာ
နယ်ပယ်တွေမှာ အသုံးချနိုင်ပါတယ်။ နတ်ခတ္တဗေဒမှာလဲ အဝေးကြည့်မှန်ပြောင်း
လုပ်တယ်။ စစ်ရေးမှာလဲ ညကြည့်ကိရိယာ စတာမျိုးအပါအဝင် တွင်တွင်ကျယ်ကျယ်
သုံးပါတယ်။ ဆက်သွယ်ရေးကိရိယာ၊ လမ်းကြောင်းရှာကိရိယာ၊ သာမိုဂရပ်ဖီ၊ ရုပ်ပုံ
ဖေါ်ခြင်း၊ အပူပေးခြင်း၊ မိုးလေဝသ၊ အနုပညာသမိုင်း၊ စတာတွေမှာလဲ သုံးတယ်။
• ကျန်းမာရေးအသုံးမှာ အနည်းအများချိန်ရတယ်။ အနီအောက်ရောင်ခြည် ပြင်းရင်
ကျန်းမာရေးကို ထိခိုက်စေတယ်။ မျက်စိထိခိုက်တယ်။
• အနီအောက်ရောင်ခြည်ကို ကင်မရာမှာသုံးပြီး အရေပြားထဲက သွေးလှည့်ပတ်မှုကို
သိနိုင်တယ်။
• Infrared saunas အပူပေး ရေချိုးတာလဲ သုံးကြတယ်။ ဥပမာ သွေးတိုး၊ နှလုံရောဂါ၊
ရူမတွိုက် အဆစ်နာ၊
• IR spectroscopy image ပုံဖေါ်နည်းနဲ့ အသဲမှာ steatosic liver tissue ကို သိနိုင်တယ်။
• Optimus H4200 Infrared Heater အခန်းအပူပေးကိရိယာအဖြစ်သုံးတယ်။
မှို (ဖန်းဂတ်စ်) ကိုကာကွယ်တယ်။ လေသန့်တယ်။
• Electric infrared heater လျှပ်စစ်သုံး အနီအောက်မီးလုံကနေ Detoxifying ဖြစ်စေလို့
ခုခံအားကို ကောင်းစေတယ်လို့ ယူဆတယ်။ ကင်ဆာကိုပါ စမ်းသုံးတာလဲရှိတယ်။
• Gout ဂေါက်ရောဂါ၊ Sciatica စိုင်ယာတစ်ကာ (ပေါင်-ခြေတဖက်နာ) ရောဂါအတွက်လဲ
သုံးတယ်။ ခါးနာတာလဲ သုံးတယ်။ အနာကျယ်တာကိုလဲ အသားနု တက်စေအောင်
သုံးတာလဲရှိတယ်။
• အထောက်အကူပြုတဲ့ ကုသချက်တခုသာဖြစ်တာကို သတိပြုရပါမယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၄
+++++++++++++++++++++++++++++++++++++++++++
အနီအောက်ရောင်ခြည်၏ကောင်းကျိုးများ
အနီအောက်ရောင်ခြည် အထူးသဖြင့် Far Infrared သည်
အသွေး၊ အသားများပြန်လည်ဖြစ်ထွန်းမှု(Regeneration)ကိုအားပေးခြင်း
နှစ်ခြိုက်စွာအိပ်စက်စေမှုကိုအားပေးခြင်း
ခန္ဓာကိုယ်၏လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ပေးနိုင်ခြင်း
ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ခြင်း
နာကျင်မှုဝေဒနာကိုဖြေဖျောက်ပေးနိုင်ခြင်း
သွေးလည်ပတ်မှုအားကောင်းစေခြင်း
ကြွက်သားများပိုမိုကျန်းမာစေခြင်း
ခန္ဓာကိုယ်တွင်းရှိ cell များ၏ အောက်ဆီဂျင်ပမာဏကိုမြှင့်တင်ပေးနိုင်ခြင်း
ခန္ဓာကိုယ်တွင်းရှိ မလိုအပ်သောပစ္စည်းများနှင့် အဆိပ်များကိုစွန့်ထုတ်ပေးနိုင်ခြင်း
အာရုံကြောစနစ်များကိုအားကောင်းစေခြင်း
ကိုယ်ခံအားစနစ်(Immunity)ကိုမြှင့်တင်ပေးနိုင်ခြင်း
ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများအားထိန်းညှိပေးနိုင်ခြင်း
ပြန်ရည်ကြော(Lymph) စနစ်များကို ကောင်းမွန်စေခြင်း
အချုပ်အားဖြင့်ဆိုသော် အနီအောက်ရောင်ခြည်သည် ရောဂါများကို တိုက်ရိုက်
တိုက်ဖျက်ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကို ပုံမှန်ဖြစ်စေကာ ရောဂါ
ဝေဒနာများကို သက်သာ ပျောက်ကင်းစေခြင်းဖြစ်သည်။ ထို့ပြင် အနီအောက်ရောင်ခြည်
သည် အရိုးကြီးထွားမှုအတွက် လိုအပ်ချက်တစ်ခုဖြစ်ရာ အနီအောက်ရောင်ခြည်သည်ပင်
အရိုးပွရောဂါကို ကာကွယ်နိုင်စွမ်းရှိသည်။
နေ့စဉ်ထိတွေ့လို့ရသလား
အနီအောက်ရောင်ခြည်ကို နေ့စဉ်ထိတွေ့ခြင်းသည်ပင် အားကစားလုပ်ခြင်း၏
အာနိသင်နှင့်ထပ်တူညီသော အကျိုးများရရှိနိုင်သည်။
ဘေးထွက်ဆိုးကျိုးရှိသလား
အနီအောက်ရောင်ခြည်သည် ခန္ဓာကိုယ်တွင်းသို့ အပူအနေဖြင့် ဝင်ရောက်သောကြောင့်
အောက်ပါ ဝေဒနာရှင်များတွင် အထူးသတိပြု၍ အသုံးပြုသင့်သည်။
၁။ အပူအအေးအာရုံမခံနိုင်သူများ
၂။ ခန္ဓာကိုယ်အပူချိန်ထိန်းညှိနိုင်မှုပျက်စီးနေသောသူများ
၃။ အချို့သွေးရောဂါများ
How Far Infrared Technology Works *(upload)
http://youtu.be/ZnadfyxnQic
Far Infrared Frequency Demonstration - How Far Infrared Work
http://youtu.be/EnA9yJos0Do

No comments:
Post a Comment