ကျနော်က ဦးမောင်မောင်ရဲ့အဆုတ်ပါ
ကျနော်က ဦးမောင်မောင်ရဲ့ ညာဘက်အဆုတ်ပါ။ ကျနော်က ဘယ်ဘက် အဆုတ်ထက်
ကြီးတာမို့ အဆုတ်ကိုယ်စား ပြောခြင်းဖြစ်ပါတယ်။ ကျနော့်မှာ အပိုင်း(lobe) ၃ပိုင်းရှိပြီး၊
ကျနော့်မိတ်ဆွေ ဘယ်ဘက် အဆုတ်မှာ အပိုင်း၂ ပိုင်းပဲရှိပါတယ်။ ဦးမောင်မောင်
ကျနော်တို့ ကိုမြင်ရင် အံ့သြသွားမယ်။ သူက ကျနော်တို့ကို ဟောင်လောင်းပေါက်
ဘော်လုံးတွေ သူ့ရင်ပတ်ထဲမှာချိတ်ထားတယ်လို့ထင်တာ။ ကျနော်တို့က ဟောင်လောင်း
ပေါက်မဟုတ်ပါဘူး။ ကျနော်တို့ကို ဖြတ်ကြည့်ရင် ရာဘာ ရေမြုပ်လိုမျိုး တွေ့ရပါမယ်။
(မြတ်ဘုရားက အဆုတ်ကို မညီမညာ ဖြတ်တောက်ရာရှိသော မုန့်အပိုင်းအစတွေနဲ့
တူတယ်လို့ ဟောတော် မူခဲ့ပါတယ်)
ကျနော်က ပန်းရောင်မဟုတ်ပါဘူး။ ဦးမောင်မောင် ခလေးဘဝတုန်း ကတော့
ဟုတ် တယ်။ အခုတော့ တစ်သန်းရဲ့လေးပုံတစ်ပုံ စီးကရက်တွေရယ်၊ တစ်ဘီလီရံရဲ့
တစ်ဝက်ခန့်သော ညစ်ညမ်းတဲ့ မြို့လေထုကြောင့် စိတ်ဝင်စားစရာမကောင်းတဲ့
အမည်းစက်တွေနဲ့ မီးခိုး ရောင်ဖြစ်နေပါပြီ။
ဦးမောင်မောင်ရဲ့ ရင်ပတ်ထဲမှာ သပ်သပ်စီခွဲခြားထားတဲ့ အလုံပိတ်အခန်း ၃ခန်း ရှိပါ
တယ်။ တစ်ခန်းက နှလုံးအတွက်၊ တစ်ခန်းက ကျနော့် အတွက်၊ ကျန်တစ်ခန်း က ကျနော့်
မိတ်ဆွေ ဘယ်ဘက် အဆုတ်အတွက်ပါ။ ကျနော်က အခန်းလုံးပြည့် လွတ်လွတ် လပ်လပ်
တွဲလောင်းဆွဲနေပါတယ်။ ကျနော့် ကိုယ်အလေးချိန် ၅၀၀ ဂရမ်ရှိပါတယ်။ ကျနော့်မှာ
ကြွက်သားတွေမရှိပါဘူး။ ဒါကြောင့် ကြွက်သား အားကိုးပြီး ဘာမှ တက်တက်ကြွကြွ
မလုပ်နိုင်ပါဘူး။ ကျနော့်အခန်းထဲမှာ လေဟာနယ် အနည်းငယ် ရှိပါတယ်။ ဒါကြောင့်
ဦးမောင်မောင်ရဲ့ ရင်ပတ် ပြန့်ကား(expand) သွားရင် ကျနော်လည်းလိုက် ပြန့်ကား
ပါတယ်။ ဦးမောင်မောင် အသက်ရှုထုတ်လိုက်ရင် ကျနော် ပျော့ခွေ (collapse) သွားပါ
တယ်။ တကယ်က ဆန့်လိုက်၊ ရှုံ့လိုက် လုပ်တဲ့ စက်ပါပဲ (recoil machine)။ တကယ်လို့
ဦးမောင်မောင်ရဲ့ ရင်ပတ် ဒဏ်ရာရပြီး ဖောက်မိသွားရင် ကျနော့် လေဟာနယ် ပျက်သွား
ပါတယ်။ အနာကျက်ပြီး လေဟာနယ် ပြန်မဖြစ်မချင်း ကျနော်ပျော့ခွေကျကာ
ဘာအလုပ်မှ မလုပ်နိုင် တော့ပါဘူး။
ကျနော့်ကို အနားကပ်သေ သေချာချာကြည့်ပါ။ ဦးမောင်မောင်ရဲ့ ၁၀ စင်တီမီတာ
ရှည်တဲ့ လေပြွန်ဟာ အောက်ပိုင်းမှာ နှစ်ခွဖြစ်သွားပါတယ်။ တစ်ခုက ကျနော့်အတွက်
ကျန်တစ်ခုက ကျနော့် မိတ်ဆွေ အတွက်။ အဲ့ဒီလေပြွန်က ကျနော့်ကိုယ်ထဲမှာ သစ်ပင်
ဇောက်ထိုး ထားသလို ထပ်ပြီး ခွဲသွားတယ်။ အဲ့ဒီ လေပြွန်တွေက လေသယ်တဲ့ လေပိုက်
ရိုးရိုးတွေပဲ။ တကယ် အလုပ် လုပ်တာက နောက်ဆုံး သပျက်သီးလို အလွန်သေးငယ်တဲ့
လေအိပ်ကလေးတွေပါ။ သူတို့တွေအားလုံးကို ဖြန့်ခင်းလိုက်မယ်ဆိုရင် တင်းနစ်ကွင်း
တစ်ဝက်လောက်ရှိမယ်။
လေအိပ်ကလေးတိုင်းကို ပင့်ကူမျှင်လို သွေးကြောမျှင်လေးတွေနဲ့ ဖုံးအုပ်ထားတယ်။
နှလုံးက မှုတ်ထုတ်လိုက်တဲ့ သွေးတွေ သွေးကြောမျှင်တွေထဲ ရောက်လာတယ်။ အဲ့ဒီမှာ
သွေးဥနီတွေ တစ်လုံးချင်း တန်းစီပြီး တစ်စက္ကန့်လောက် သွားကြတယ်။ အဲ့ဒီအချိန်မှာ
အလွန် ထူးခြားတဲ့ ဖြစ်ပျက်မှုတွေ ဖြစ်ပွားတယ်။ လေအိပ်ကလေးတွေရဲ့ အလွန်ပါးလွှာတဲ့
အရေပြား (membrane) ကနေ ကာဘွန်ဒိုင်အောက်ဆိုက် အဆိပ်ဓာတ်တွေ လေအိပ်ထဲ
စိမ့်ဝင်သွားတယ်။ တချိန်ထဲမှာ သွေးဥနီတွေက လတ်ဆပ်တဲ့ အောက်ဆီဂျင် ဓာတ်ကို
စုပ်ယူသွားကြတယ်။ ဓာတ်ငွေ့ ဖလှယ်ရာ ဆိုင်လိုပါပဲ တစ်ဘက်က အပြာရောင်သွေးတွေ
ဝင်လာကြပြီး အခြား တစ်ဘက်က ချယ်ရီနီရောင်သွေးတွေ ပြန်ထွက်သွားကြတယ်။
ဦးမောင်မောင်ရဲ့ အရေးကြီးတဲ့ အင်္ဂါတွေ အထူးသဖြင့်နှလုံးက အော်တို (auto) အလုပ်
လုပ်တယ်။ များသောအားဖြင့် ကျနော်တို့လည်း အော်တို ပါ။ ဒါပေမဲ့ စိတ်ကြိုက်လည်း
လုပ်နိုင်တယ်။ ခလေးဘဝတုန်းက ဦးမောင်မောင် စိတ်ဆိုးပြီး အသက်မရူပဲ အောင့်ထား
တဲ့အခါ သူ အပြာရောင် ပြောင်းသွားတယ်။ သူ့အမေက အလွန်အမင်း စိတ်ပူသွားတယ်။
ဒါပေမဲ့ သူ ဒုက္ခ မရောက်ခင် ကျနော်တို့က အော်တို အသက်ပြန်ရူတယ်။ သူကြိုက်ကြိုက်
မကြိုက်ကြိုက် အသက် ပြန်ရူမှာ။
ကျနော်တို့ရဲ့ အော်တို အသက်ရူတဲ့ စင်တာ (auto respiratory centre) က ဥနှောက်ရဲ့
အောက်၊ ကျောရိုးထဲက လာတဲ့ နပ်ကြောမကြီးနဲ့ ဆုံတဲ့ medulla oblongata မှာရှိတယ်။
အလုပ်လုပ်တဲ့ ကြွက်သားတွေက အောက်ဆီဂျင်ကို မီးရှိုပစ်ပြီး ကာဘွန်ဒိုင် အောက်ဆိုက်
အဖြစ်ပြောင်းလိုက်တယ်။ ကာဘွန်ဒိုင်အောက်ဆိုက်က အက်စစ်သတ္တိရှိတာမို့ သူတို့များ
လာတာကို အသက်ရူတဲ့စင်တာက သိတယ်။ စင်တာက သိတာနဲ့ ကျနော့်တို့ကို မြန်မြန်
ရှုခိုင်း တော့တာပဲ။ အက်စစ်သတ္တိတွေ ပိုများလာရင် ဥပမာ ဦးမောင်မောင် အားကစား
လုပ်တဲ့ အခါ မျိုးမှာ ကျနော့်တို့ကို မြန်မြန်နဲ့ ပြင်းပြင်းရှုခိုင်းတယ်။
ဦးမောင်မောင် အေးအေးဆေးဆေး လှဲနေတဲ့အခါ တစ်မိနစ်ကို လေ ၉ လီတာပဲ
လိုပါတယ်။ ထိုင်ရင် ၁၈ လီတာ၊ လမ်းလျှောက်ရင် ၂၇၊ ပြေးရင် ၅၆ လီတာလိုပါတယ်။
ဦးမောင်မောင်က စားပွဲ ကုလားထိုင်မှာ ထိုင်အလုပ်လုပ်သူမို့ သူ အောက်ဆီဂျင်
သိပ်မလိုပါဘူး။
သာမန်အားဖြင့် သူ တစ်မိနစ်ကို ၁၆ ခါ ရှုပါတယ်။ တစ်ခါရူတိုင်း လေ လီတာဝက်
ရှုသွင်းပါတယ်။ အဲ့ဒီလေက ကျနော့်ကို ဖောင်းရုံ ဖောင်းစေပါတယ်။ ဒီထက် ၈ ဆ ကျနော်
ဖောင်းနိုင်ပါတယ်။ အဲ့ဒီလို အများဆုံးဖောင်းရင်တောင် လေအားလုံး ကျနော့်ဆီ မရောက်
ပါဘူး။ သုံးပုံ တစ်ပုံက လေပိုက်တွေ ထဲမှာပဲ ရှိနေပါတယ်။
ကျနော်က အပူပိုင်းဇုံက စိုစွတ်နွေးထွေးတဲ့ လေမျိုး ကြိုက်တယ်။ ဒီလို စပယ်ရှယ်
လေမျိုးရအောင် စင်တီမီတာ အနည်းငယ်လေးထဲမှာ လုပ်ရတာ တော်တော် ပညာသား
ပါတယ်။ ဦးမောင်မောင်ရဲ့ မျက်လုံးကို စွတ်စိုစေတဲ့ မျက်ရည်အိပ်များ၊ အစိုဓာတ်ထုတ်တဲ့
သူ့နှခေါင်းနဲ့ လည်းချောင်းထဲက ချွဲအိပ်တွေက တစ်နေ့ကို အရည် လီတာဝက်လောက်
ထုတ်ပေးခြင်းဖြင့် ကျနော်လိုအပ်တဲ့ စိုစွတ်တဲ့လေကို ရစေပါတယ်။ အဲ့ဒီနေရာတွေမှာ
ရှိတဲ့ သွေးကြောတွေက အေးတဲ့နေ့တွေမှာ ကြုံ့ခြင်း၊ ပူတဲ့နေ့တွေမှာ ချဲ့ခြင်းဖြင့် လေရဲ့
အပူချိန်ကို ထိန်းပေးပါတယ်။
ပတ်ဝန်းကျင်က ကျနော့်ကို ဒုက္ခ အတော်များများ ရောက်စေနိုင်ပါတယ်။ နေ့တိုင်း
ဦးမောင်မောင် ရူသွင်းတဲ့ လေထဲမှာ ဘက်တီရီးယား ၊ ဗိုင်းရပ် စတဲ့ပိုးတွေပါလာပါတယ်။
နှခေါင်းနဲ့ လည်းချောင်းမှာရှိတဲ့ lysosome ခေါ်တဲ့ ဓာတ်တစ်မျိုးက အဲ့ဒီပိုး တော်တော်
များများကို ဖျက်ဆီးပေးပါတယ်။ ကျန်တဲ့ ကျနော့်ဆီရောက်လာတဲ့ ပိုးတွေကိုတော့
ကျနော် တာဝန် ယူနိုင်ပါတယ်။ ကျနော့်မှာ phagocytes ခေါ်တဲ့ ပိုးသတ်တဲ့ ပတ်တရောင်
(patrol) တွေ ရှိပါတယ်။ သူတို့က ပိုးတွေကို စားသောက်ပစ်လိုက်ပါတယ်။
ညစ်ညမ်းတဲ့လေကတော့ ကျနော့်အတွက် တကယ့်ရန်သူပဲ။ ကျန်တဲ့ အင်္ဂါတွေက
အကာအကွယ် ရှိတယ်။ ကျနော်က ဦးမောင်မောင်ရဲ့ အပြင်မှာ ပတ်ဝန်းကျင်ရဲ့
အန္တရာယ်တွေကြားမှာ ကျနော်က နုညံ့တယ်။ နိုင်လွန်တွေကိုတောင် အရည်ပျော်စေတဲ့
nitrogen dioxide lead, sulphur dioxide, benzopyene, တွေရဲ့ ပတ်ဝန်းကျင်မှာ
နေရတာ။ ကျနော်ရဲ့ လေသန့်ရှင်းတဲ့အလုပ်က နှခေါင်းက စတယ်။ နှခေါင်းထဲက
အမွှေးတွေက အမှိုက်ကြီးတွေကို ဖယ်ပေးတယ်။ နှခေါင်း၊ လည်းချောင်းနဲ့ လေပြွန်တွေက
ထွက်တဲ့ စေးကပ်တဲ့ချွဲတွေက အမှိုက် အသေးတွေကို ခြင်ကပ်တဲ့စက္ကူတွေလို ဖယ်ရှား
ပေးတယ်။ ဒါပေမဲ့ တကယ့် လေ သန့်ရှင်းရေးကို cilia လို့ခေါ်တဲ့ မှန်ဘီးလူးအောက်မှာ
သာ မြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ အမွှေးလေးတွေက လုပ်ရတာ။ ကျနော်ရဲ့ လေပြွန်
တွေမှာ သူတို့တွေ မီလီယျံပေါင်းများစွာ ရှိတယ်။ သူတို့က လေမှာ ယိမ်းနေတဲ့ စပါးပင်
တွေလို တစ်စက္ကန့်မှာ ၁၂ ကြိမ် လှုပ်ရှားခြင်းဖြင့် အောက်မှာရှိတဲ့ အချွဲတွေနဲ့ အမှုံတွေ
အမှိုက်တွေကို လည်းချောင်းရောက်အောင် အပေါ်ဘက်ကို တွန်းတင် ပေးတယ်။
လည်းချောင်းကျတော့ သူတို့ကိုမျိုချလိုက်တယ်။ တကယ်လို့ စီးကရက်ငွေ့တွေနဲ့ ညစ်ညမ်း
တဲ့လေတွေ cilia တွေပေါ်ရောက်လာရင် သူတို့ရဲ့ လှုပ်ရှားမှုတွေ ရပ်ကုန်တယ်။
စီးကရက်ငွေ့တွေနဲ့ ညစ်ညမ်းတဲ့ လေတွေ ဆက်လက်ရှိနေရင် cilia တွေ ပျက်စီးပြီး
သေဆုံး ကုန်တယ်။ cilia သေသွားရင် အစား ပြန်မရတော့ဘူး။ ဦးမောင်မောင် အနှစ်
၃၀ စီးကရက် သောက်ခဲ့တာမို့ သူ့မှာ cilia တွေ မရှိသလောက်ကို နည်းကုန်ပြီ။ သူ့ရဲ့
အချွဲထုတ်တဲ့ နေရာကလည်း ၃ဆလောက်ထူလာပြီး ချွဲတွေ မထုတ်နိုင်တော့ဘူး။
ဒါတွေကို ဦးမောင်မောင် လုံးဝ မသိဘူး။ တကယ်တော့ သူရေနစ်တော့မှာ။ တကယ်လို့
သာ လုံလောက်တဲ့ ချွဲတွေ လေအိပ်တွေထဲကို ကျသွားရင် ရေတွေ အဆုတ်ထဲဝင်သလိုပဲ
အသက်ရှုရပ်သွားမှာ။ ဒီအန္တရာယ်က ကာကွယ် ပေးနေတာက သူ့ရဲ့ နားငြီးစရာကောင်းတဲ့
ဆေးလိပ်သောက်သူတို့ရဲ့ ချောင်းဆိုးသံပဲ။ ချောင်းဆိုးခြင်းက အသံတိတ် cilia တွေရဲ့
အလုပ်ကို ဝင်လုပ်ပေးရတာ။ ဦးမောင်မောင်အနေနဲ့ သတိပြုရမှာက ကျနော်တို့အနေနဲ့
လေသန့်ရှင်းရေး အလုပ်လုပ်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ် ဆိုတာပဲ။ ဒါကြောင့် ချောင်းဆိုး
ပျောက်ဆေးတွေ မသောက်ဖို့လိုအပ်တယ်။
မကြာခဏ ဦးမောင်မောင် အမှိုက်တွေ ရှုသွင်းတတ်တယ်။ တစ်ချို့အမှိုက်တွေက
ကျနော်တို့ရဲ့ လေပြွန်တွေကို ပိတ်ပစ်တယ်။ တစ်ချို့က ကျနော်တို့ကို အနာရွတ် ဖြစ်စေ
တယ်။ ကျနော်တို့ရဲ့ နုနယ်တဲ့ လေအိပ်တွေရဲ့ နံရံမှာရှိတဲ့ ရှုံနိုင်၊ ဆန့်နိုင်တဲ့ သတ္တိ
(elasticity) ကို ပျက်စီးစေတယ်။ အဲ့ဒီအခါမျိုးမှာ အသက် ရှုထုတ်လိုက်ပေမဲ့ ကျနော်တို့
ပြားချပ်မသွားဘူး။ ဆိုလိုတာက အသက်ရူသွင်းလို့ ရတယ်။ ဒါပေမဲ့ ရှုထုတ်လို့မရဘူး။
ကာဘွန်ဒိုင်အောက်ဆိုက်တွေ လေအိပ်တွေထဲမှာ ကျန်နေတယ်။ အောက်ဆီဂျင်နဲ့
လဲလှယ်လို့မရဘူး။ အကျိုး (result) ကတော့ emphysema ခေါ်တဲ့ အဆုတ်ဖောင်းတဲ့
ရောဂါဖြစ်တယ်။ ဦးမောင်မောင် မသိပေမဲ့ သူ့ရဲ့ လေအိပ် မီလီယျံပေါင်းများစွာမှာ
ဒီအခြေအနေ ဖြစ်နေပြီ။ ဦးမောင်မောင်က စားပွဲမှာ ထိုင်လုပ်ရတဲ့သူမို့ လေ သိပ်မလို
အပ်တာမို့ သူထိုင်နေတဲ့အခါ ဒုက္ခ မပေးပေမဲ့ သူနည်းနည်းလေး လှုပ်ရှားတာနဲ့ အသက်
ရှုမဝ ဖြစ်လာတာ သူ သတိထားမိလာတယ်။ အဲ့ဒါ ကျနော်ရဲ့ သတိပေးချက်ပဲ။
သူ့အနေနဲ့ ကျနော်တို့ကို နည်းနည်း ဂရုစိုက်သင့်ပြီ။ လေကောင်း လေသန့် ရှုပေးဖို့
လိုတယ်။ အကောင်းဆုံးကတော့ ဆေးလိပ်ဖြတ်ဖို့ပဲ။ အဲ့ဒါတွေ မလုပ်နိုင်ဘူးဆိုရင်
သိပ်ဈေးမကြီးတဲ့ လေသန့်ရှင်းတဲ့စက်တစ်လုံး သူ့အိပ်ခန်းထဲမှာ ထားရင် အနည်းဆုံး
၈ နာရီ ကျနော်တို့ နားရတာပေါ့။ နောက်တစ်လုံး သူ့ရုံခန်းမှာထားရင် နောက်ထပ်
၈ နာရီ နားရတာပေါ့။
သူလေ့ကျင့်ခန်း နည်းနည်းနဲ့ အစားအသောက် ဂရုစိုက်ရင် တော်တော်ကောင်းမှာ။
ကိုယ်လက်သွေးပူလေ့ကျင့်ခန်း၊ လမ်းလျှေက်ခြင်း၊ လှေခါးတက်ခြင်း စတာတွေက အသက်
ပြင်းပြင်း ရှုစေခြင်းဖြင့် လေများများ ဝင်စေတယ်။ ဒီ့အပြင် ကျနော်တို့အတွက် အထူး
လေ့ကျင့်ခန်းတွေလည်း ရှိတယ်။ များသောအားဖြင့် ဖြေးဖြေးနဲ့ ပြင်းပြင်းရှုတာ
ကောင်းတယ်။ လေ များများဝင်ပြီး ဓာတ်ငွေ့ လှဲလှယ်ဖို့ အချိန်ပိုရစေတယ်။
ခလေးငယ်တွေနဲ့ အော်ပရာသီးချင်းဆိုသူတွေလို ဗိုက်နဲ့ရှုတာ ပိုကောင်းတယ်။
ဒီနည်းမှာ ရင်ပတ်ကြီး ကျယ်သွားတာမဟုတ်ပဲ diaphragm လို့ခေါ်တဲ့ ရင်ပတ်နဲ့ဗိုက်ကို
ကာထားတဲ့ ခန်းဆီးလို အသားပြားကြီးကို အောက်ကိုနှိမ့်ချလိုက်တာ။ ဒါကြောင့် အသက်
ရှုတဲ့အခါ ဗိုက် ဖောင်းလာတာ (မဟာစည်ဆရာတော် ဘုရားရဲ့ ဖောင်းတယ်၊ ပိန်တယ်
ဆိုတာ ဗိုက်နဲ့ အသက်ရူတဲ့ နည်းပဲ)။ ဒီနည်းမှာ လေတွေ ကျနော်တို့ရဲ့ အောက်ဆုံး
လေအိပ်တွေအထိ ရောက်တယ်။ သူ ဒီနည်းကို လေ့ကျင့်သင့်တယ်။
ဦးမောင်မောင်အနေနဲ့ နေ့စဉ် အိမ်သန့်ရှင်းရေးလိုမျိုး လုပ်သင့်တယ်။ သူထင်တာက
အသက်ရှု ထုတ်လိုက်ရင် ကျနော့်မှာ ဘာမှ မကျန်တော့ဘူးလို့။ အဲ့ဒါ လုံးဝ မဟုတ်ဘူး။
သူ့ အနေနဲ့ ပါးစပ်ကနေ လေတွေကို တတ်နိုင်သမျှ မှုတ်ထုတ်ရမယ်။ တကယ်လို့
သူ့နှုတ်ခမ်းကို စုထား (purse) မယ်ဆိုရင် သူ လေ ပိုပြီး မှုတ်ထုတ်နိုင်မယ်။ ဆေးလိပ်
သောက်နေတုံး သူ့ ပါးစပ်စုပြီး လေမှုထုတ်ရင်သူအံ့သြပြီး ရပ်သွားမှာ။ ဘာလို့လဲဆိုတော့
ဆေးလိပ်ငွေ့တွေ သူ့ ပါးစပ်ထဲက ထွက်လာတာ သူမြင်ရလိမ့်မယ်။ အဲ့ဒီဆေးလိပ်ငွေ့
တွေက သာမာန်အားဖြင့် အဆုတ်ထဲမှာ ကျန်နေတာ။
ကျန်တဲ့ အင်္ဂါတွေက အဆိပ်တွေကို ဖယ်ရှားနိုင်တယ်။ ကျနော်တို့မှာ အဲ့ဒီလို ဖယ်ရှား
နိုင်စွမ်း မရှိဘူး။ ဒါကြောင့် အခုခေတ် လေထု ညစ်ညမ်းမှုကြောင့် အဆုတ်ရောဂါတွေ
ကြောက်ခမန်းလိလိ အဖြစ်များလာတာ။
မြတ်ပန်းရဂုံ
J.D.RADCLIFF ရဲ့ I AM JOE’S BODY ကိုသင့်လျော်အောင်ဘာသာပြန်ပါသည်။

No comments:
Post a Comment