မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, February 2, 2015

မက်မန်းစိမ်း၏ ဆေးဘက်ဝင်အာနိသင်များ

မက်မန်းစိမ်း ( Green Plum )


    အက်စစ်နှင့် အယ်ကာလီတို့ကို ညီမျှနေအောင် ထိန်းညှိပေးနိုင်တယ်။
မက်မန်းစိမ်းဟာ အရသာချဉ်ပေမယ့် ၎င်းထဲမှာ အယ်ကာလီနွယ်တဲ့ သတ္တုဓာတ်များက
အက်စစ်နွယ်တဲ့ သတ္တုဓာတ်များထက် ပိုများတယ်။ ဒါကြောင့် သွေးရည်ရဲ့ အက်စစ်ဓာတ်
ကို လျော့နည်းစေပြီး အယ်ကာလီပျော့ အနေအထား ဖြစ်စေတယ်။ အကျိုးဆက်အားဖြင့်
ပင်ပန်းနွမ်းလျမှု ပပျောက်စေခြင်း၊ ကာယ ဥာဏစွမ်းအားကို ပွားစေခြင်းတွေဖြစ်စေတယ်။


    မက်မန်းစိမ်းမှာ စီထရစ်အက်စစ် (Citric acid) အမြောက်အများ ပါဝင်တယ်။
၎င်းဟာ ထ    ရိုင်ဟိုက်ဒရစ်အက်စစ် (Trihydric acid)ကို ထွက်ပေါ်နေအောင် စေ့ဆော်
ပေးရာမှ လက်တစ်အက်စစ်နှင့် ကုတ်ကင်း ဂလူကိုနစ်အက်စစ် (Coking gluconic acid)
များလို လူကို ပင်ပန်းနွမ်းလျစေတဲ့ ဓာတ်များကို ခန္ဓာကိုယ်ပြင်ပဆီ စွန့်ထုတ်ပေးတယ်။
လူရဲ့ ကာယ ဥာဏစွမ်းအားကို ပြန်မြင့်တက်လာစေခြင်းဖြစ်တယ်။
    ဒါ့အပြင် မက်မန်းစိမ်းမှာ အသည်းရဲ့ အဆိပ်အပုပ် ရှင်းထုတ်အားကိုလည်း
တိုမြှင့်ပေးနိုင်စွမ်း ရှိပါသေးတယ်။
    လူ့ခန္ဓာကိုယ်ဟာ ပင်ကိုအရတော့ ဇီဝဝတ္ထုများ မျှတနေတဲ့ အနေအထားမျိုးပါ။
သို့သော် ကိုယ်တွင်း ကိုယ်ပြင် ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှု ညစ်ညမ်းမှုကိုလိုက်ပြီး
အရေပြားမှာ ထိခိုက်မှု ပေါ်နိုင်တယ်။ လေထုထဲက ဖုန်မှုန့်၊ မော်တော်ကား အိတ်ဇော
ပိုက်က မီးခိုးနှင့် ရောဂါမျိုးစုံတို့ဟာ အရေပြားရဲ့ အပေါ်ယံအဆီလွှာမှာ ကပ်ငြိတတ်ပြီး
မွှေးကျင်းဝတွေကိုလည်း လာပိတ်ဆို့တတ်တယ်။
    ခရမ်းလွန်ရောင်ခြည် အားပြင်းလာတာနဲ့အမျှ အရေပြားရဲ့ ကြွကန်အားကို
လျော့စေတယ်။ ရေဓာတ် လက်ခံသိုလှောင်ရာ တစ်သျှူးများ ရှုံ့တွခြောက်ကပ်လာလို့
စောစီးစွာ အိုမင်းရတတ်တယ်။
    အရေပြား ထိန်းသိမ်းသန့်ရှင်းမှုအားနည်းလျှင် အလှကုန်ပစ္စည်းက ဓာတ်ကြွင်း
ဓာတ်ကျန်များဟာ အရေပြားကို ထိပါးပြီး အမွှေးကျင်းဝများကို ပိတ်ဆို့တတ်တယ်။
    အနေအထိုင် အစားအသောက် စနစ်မကျခြင်း၊ လုပ်ငန်းဖိစီးမှုကြီးခြင်းနှင့်
စိတ်အပြောင်းအလဲ မြန်ဆန်ခြင်း စတဲ့ အကြောင်းအချက်များဟာ ကိုယ်တွင်း ပြန်ရည်
စိမ့်ထွက်မှုကို ကမောက်ကမဖြစ်စေပြီး ကိုယ်တွင်း ဇီဝဖြစ်စဉ်များကို ထိခိုက်ရာမှ
ပေါ်ပေါက်တဲ့ အဆိပ်အပုပ်များစွာကို အရေပြားရဲ့အောက်လွှာမှာ စုနေစေတတ်ပါတယ်။
    အထက်ဖော်ပြပါ အနေအထား အကြောင်းအချက်ဟာ လူ့ခန္ဓာကိုယ်ရဲ့
သဘာဝအလျောက် ညီညွတ်မျှတနေမှုကို ပျက်ပြားစေတယ်။ အဆိပ်အပုပ်တွေ ပေါ်စေ
တယ်။ အဆိပ်အပုပ်တွေ များလာတာနဲ့အမျှ အမွေးကျင်းဝ ပိတ်ဆို့တာတွေဖြစ်လာတယ်။
ဒီတော့ အခြားထွက်လမ်းရှာတဲ့ အကျိုးဆက်အနေဖြင့် အရေပြားအပေါ်လွှာ နီမြန်း
ရောင်ရမ်းတာ၊ နာကျင်တာ၊ အရေပြား ကြမ်းရှ၊ မွဲခြောက်၊ ဝါညစ်တာတွေ ဖြစ်လာခြင်း
ပါပဲ။ ဒါကြောင့် အရေပြားကနေ အဆိပ်အပုပ် ရှင်းထုတ်မှုကိုလဲ မပေါ့ဆဘဲ အလေးထား
ဘို့ လိုပါတယ်။

No comments:

Post a Comment