ဂရိတ်ဖရုသီး
ဗီတာမင်စီနဲ့ လိုင်ကိုပင်းတို့ များစွာပါဝင်တဲ့ ဂရိတ်ဖရုသီးဟာ ဝိတ်လျှော့နေသူတို့
အနှစ်သက်ဆုံး အစာပါ။ ဂရိတ်ဖရုသီးကို မစားခင် နှစ်စက္ကန့်လောက် အနံ့ရှူလိုက်ရုံနဲ့
ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေလို့ပဲ ဖြစ်ပါတယ်။ ဂရိတ်ဖရုအဆီအနံ့ကို
၁၅ မိနစ်ခြား တစ်ကြိမ်ရှူရှိုက်တဲ့ ကြွက်တွေဟာ အစာ စားချင်စိတ်နဲ့ ကိုယ်အလေးချိန်
လျော့နည်းသွားကြောင်း အိုဆာကာတက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။
ဂရိတ်ဖရုအနံ့ဟာ အသည်းအင်ဇိုင်းတွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်နိုင်ကြောင်း
လေ့လာသူတွေက ယုံကြည်ကြပါတယ်။
(ဇွန်)
+++++++++++++++++++++++++++++++++++++++++
ဂရိတ်ဖရုသီး
=======
ဂရိတ်ဖရုသီးမှာ ဖောလိတ်ပါဝင်မှုများတာကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို
သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ ဆေးဝါးသောက်သုံးနေရရင်
တော့ သတိထားပါ။ ဂရိတ်ဖရုသီးနဲ့ ဂရိတ်ဖရုဖျော်ရည်ဟာ ဆေးဝါးတချို့နဲ့ ဓာတ်ပြုမှု
ဖြစ်စေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပါ။
classickyawsan
++++++++++++++++++++++++++++++++++++++++++
ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီး
တွေကို စားသုံးပေးသင့်ကြောင်း သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဒီသုတေသန
ကို Royal Holloway University, St George’s University, လန်ဒန် တက္ကသိုလ်နဲ့
Kingston University London တို့က ပူးပေါင်းလေ့လာမှု ပြုခဲ့တာဖြစ်ပါတယ်။ ဗီတာမင်စီ
ကြွယ်ဝတဲ့ သစ်သီးတွေမှာ ကျွဲကောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊
လီမွန်သီးတွေလို အချဉ်ကဲတဲ့ အသီးတွေအပြင် ကီဝီသီး၊ စတော်ဘယ်ရီ၊ နဲ့ခရမ်းချဉ်သီးတွေ
ပါဝင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာပါဝင်တဲ့ naringenin ဟာ
ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်နိုင်ပြီး PKD2 ဆိုတဲ့ ပရို တင်းကိုတားဆီး
ပေးနိုင်ပါတယ်။ အဲဒီ PKD2ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် Polycystic Kidney့ လို့ခေါ်တဲ့ ကျောက်ကပ်မှာ ရေအိတ်၊ ပြည်တွေနဲ့
ပြည့်နှက်ပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းသွားမယ့် အခြေအနေကို
ဗီတာမင်စီကြွယ်ဝတဲ့ အသီးတွေ စားသုံးပေးပြီး ကာကွယ်နိုင်ပါတယ်။ ဒီလေ့လာမှုမှာ
ကျောက်ကပ်ရေအိတ်တည်နေတဲ့ ကြွက်တွေကို သုတေသနပြုခဲ့ပြီး naringenin ကို
ထိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ PKD2 ပမာဏ သိသိသာသာ လျော့ကျလာ
တာကို တွေ့ရပြီး ကျောက်ကပ်မှာရှိနေတဲ့ ရေအိတ်တွေ လဲလျော့ကျသွားပါတယ်။
ဒါ့အပြင် အသစ်ဖြစ်ပေါ်လာမယ့် ရေအိတ်အခြေအနေကိုလည်း ကာကွယ်နိုင်တယ်လို့
သိရပါတယ်။ Kingston University ရဲ့ဆေးဝါးဗေဒဆိုင်ရာ ပါမောက္ခ Dr.Mark
Carewuna ringenin ရဲ့အာနိသင်ကို ဆက်လက်လေ့လာနေပြီး ဆေးဝါးအဖြစ်
ထွက်ပေါ်လာဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။ အခုလေ့လာမှုကို British Journal
of Pharmacology မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သက်ကို ref: ANI Health Updates Journal
+++++++++++++++++++++++++++++++++++++++++++
အနီရောင်ဂရိတ်ဖရုတ်သီးကို နေ့စဉ်စားသုံးရင် မကောင်းတဲ့ ကိုလက်စထရော
(LDL) အဆင့်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဂျေရုဆလင် တက္ကသိုလ်မှ
လေ့လာမှုအရ သိရပါတယ်။ ဒီအဖြစ်မျိုး ဟာ ကိုလက်စထရောအဆင့်တွေ အရမ်းမြင့်
မားနေပြီး Statin ဆေးဝါးကို မတိုးသူတွေအတွက်ပါ အကျိုး ရှိပါတယ်လို့ ဆိုပါတယ်။
အနီရောင်ဂရိတ်ဖရုသီးမှာ များစွာပါဝင်တဲ့ Limonin ခေါ်တဲ့ အပင်ဒြပ်ပေါင်း တွေဟာ
အသည်းမှ မကောင်းတဲ့ ကိုလက်စထရော (LDL) ထုတ်လုပ်မှုကို ထိန်းချုပ်ထားနိုင်လို့ပါ
လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နေ့စဉ် ဂရိတ်ဖရုသီး စားတဲ့အမျိုးသမီးတွေဟာ
အပိုဆုအနေနဲ့ သုံးလအတွင်း ပေါင် ၂၀ အထိ လျော့ ကျနိုင်တယ်လို့ ဂျွန်ဟော့ကင်း
တက္ကသိုလ်မှ သုတေ သီတွေက ဆိုပါတယ်။
စိုးမြင့်သူ

သင့်အသားအရေက အဆီပြန်တဲ့ အသားအရေ ဆိုရင် ဂရိတ်ဖရုသီးက အကောင်းဆုံး
ပါပဲ။ ဂရိတ်ဖရုသီးမှာ Salicylic Acid ပါဝင်တာကြောင့် ဝက်ခြံ ပျောက်ဆေးတွေလိုပဲ
ချွေးပေါက်တွေကို သန့်ရှင်း စင်ကြယ် စေပါတယ်။
messengernewsjournal
က

No comments:
Post a Comment