မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Sunday, February 1, 2015

တတိယ သစ်ခုတ်သမားပုံပြင်


တတိယ သစ်ခုတ်သမား ပုံပြင်




တစ်ခါတုန်းက မိန်းမအရမ်းကြောက်ရတဲ့ သစ်ခုတ်သမားတစ်ယောက်ရှိသတဲ့..
သူ့ မိန်းမက နေ့တိုင်း ဆူပူဟိန်းဟောက် ပူညံပူညံလုပ်လွန်းလို့ သစ်ခုတ်သမားဟာ အရမ်းစိတ်ညစ်နေ ပါတယ်တစ်နေ့တော့ သစ်ခုတ်သမားဟာ မိန်းမနားပူတာက သက်သာအောင် မြစ်ဆိပ်ဘေးမှာ အေးအေးဆေးဆေး သစ်သွားခုတ်နေပါတော့တယ် သစ်ခုတ်နေရင်းနဲ့ သူ့ပုဆိန်ဟာ ဟိုပုံပြင်ထဲကအတိုင်း မြစ်ထဲကို ကျသွားပါလေ ရော. အဲဒီမှာ သစ်ခုတ်သမားလည်း အိမ်ရောက်ရင် ပုဆိန်ပျောက်လို့ သူ့မိန်းမ တစ်ညလုံး ပွက်လောရိုက်မှာကို စိုးရိမ်ပြီး ငိုနေပါတဲ့.. အဲဒီမှာ မြစ်စောင့်နတ်ကြီးပေါ်လာပြီး..

 ဟိုသစ်ခုတ်သမားပုံပြင်ထဲကလိုအကျိုးအကြောင်း မေးပြီး ရွှေပုဆိန်ကိုပြပြီးဒါသင့်ပုဆိန်လားဆိုတော့..
သစ်ခုတ်သမားက ငြင်းပါတယ်.. ငွေပုဆိန်ပြတော့လည်း ငြင်းပြီး နောက်ဆုံး သူ့ပိုင်တဲ့ သံပုဆိန်လေးကျမှ ဟုတ်ပါတယ်ဆိုပြီး ရိုးသားစွာဖြေလိုက်တော့ မြစ်စောင့် နတ်ကြီးက သူ့ရိုးသားမှုအတွက် ပုဆိန်သုံးခုလုံး ပေးလိုက်ပါသတဲ့..

ပုံပြင်က မဆုံးသေးပါဘူး.. သစ်ခုတ်သမားဟာ အိမ်လည်းရောက်ရော သူ့မိန်းမကို ဝမ်းသာအားရနဲ့ ရွှေပုဆိန် ငွေပုဆိန်ကိုပေးပြီး ဖြစ်ကြောင်းကုန်စင်ပြောပြပါတယ်..

ဒါကိုသူ့မိန်းမက မယုံပဲ (ရှင် ဘယ်မယားငယ်ဆီက သွားချူလာတာလဲ)ဆိုပြီး ပွမ်ပါတော့တယ်.. သစ်ခုတ်သမားလည်း စိတ်ညစ်ပြီး ကဲ ဒါဆို မင်းပါ မြစ်ကမ်းဘေးလိုက်ခဲ့ကွာ မြစ်စောင့်နတ်ကြီးကို လိုက်မေးကြည့် ဆိုပြီး သူ့မိန်းမကို မြစ်ဆိပ်ကိုခေါ်လာပါတယ်..
မြစ်ဆိပ်ရောက်တော့ သူ့မိန်းမဟာ ခြေချော်ပြီး မြစ်ထဲကိုကျသွားပါလေရော.. အဲ့မှာ မြစ်စောင့်နတ် ကြီးပေါ်လာပြီး အရင်တစ်ခေါက်ကလိုမေးပြီး ကဲဒါမင်းမိန်းမလားဆိုပြီး မိန်းမတစ်ယောက်ကို ပြပါတယ်..





          အဲဒီမိန်းမကတော့ မင်းသမီး မိုးဟေကို ဖြစ်နေပါသတဲ့.. သစ်ခုတ်သမားလည်း ခဏစဉ်းစားပြီး ဟုတ်ပါတယ် သူက ကျွန်တော့်မိန်းမပါဆိုပြီး ပြောတယ်.. အဲဒီမှာ မြစ်စောင့် နတ်ကြီးက အံသြသွားတယ် .. မင်းက ခုန ပုဆိန်တုန်း ကတော့ ရိုးသားစွာဖြေတယ်.. အခုဘာလို့ မဖြေတာလဲဆိုတော့ သစ်ခုတ်သမားက ဒီလိုဖြေပါတယ်.. ကျွန်တော် မရိုးသားတာ မဟုတ်ပါ အရှင်နတ်မင်းကြီး..။

အရှင်နတ်မင်းကြီးရဲ့စေတနာကို ကြောက်လို့ပါ.. အခုမိန်းမကို ကျွန်တော့်မိန်းမ မဟုတ်ပါဘူးဆို အရှင်မင်းကြီးက နောက်တစ်ယောက်ကိုပြမယ်..မဟုတ်ရင် နောက်ဆုံး ကျွန်တော့်မိန်းမကိုပြမယ်..ဒီတော့ ကျွန်တော်က ဟုတ်ပါတယ်လို့ ဝန်ခံရင်..ရှင်နတ်မင်းက ဒီမိန်းမသုံးယောက်လုံးကို ဟိုပုဆိန်တွေတုန်းကလို ကျွန်တော့်ကို ပေးပါလိမ့်မယ်.. 

ကျွန်တော့်မှာ ပထမမိန်းမ တစ်ယောက်နဲ့တင် နေ့စဉ်ညတိုင်း ဆူညံပွက်လောရိုက်တာ ခံနေရပြီး စိတ်ဆင်းရဲနေရ ပါတယ်..နောက်ထပ်နှစ်ယောက်ထပ်ပေါင်းလိုက်ရင်တော့ သေရပါလိမ့်မယ်ဆိုပြီး.. နတ်မင်းကြီးဖန်ဆင်းပေးတဲ့ မိုးဟေကို ကို လက်ဆွဲပြီးထွက်သွား ပါတော့တယ်.. အဲဒီအချိန်ကစပြီး နတ်မင်းကြီးခမျာ နေ့တိုင်း နားညည်း နေပါတော့တယ်..

သစ်ခုတ်သမားမိန်းမကို သူတာဝန်ယူလိုက်ရတာကိုး…………..။

မိန်းမချစ်သူများအတွက်……
**ကိုကိုမောင်**



 





















No comments:

Post a Comment