မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, February 6, 2015

VISIBLE LIGHT



    လူ၏အမြင်အာရုံကို လာရောက်ရိုက်ခတ်နိုင်သော တနည်းအားဖြင့် လူ၏
မျက်စေ့ဖြင့်မြင်နိုင်သော electromagnetic radiation ကို visible light ဟုခေါ်ပါတယ်။


visible light ကို visible spectrum၊ optical spectrum ဒါမှမဟုတ် light (အလင်း)
စသဖြင့်လည်း ခေါ်ကြပါသေးတယ်။ သူ့ရဲ့ wavelengths ကတော့ သာမန်အားဖြင့်
380 ကနေ 750 nm အတွင်းရှိပါတယ်။ အလင်းဟာ အနီအောက်ရောင်ခြည်
(infrared)နဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet) တို့ရဲ့ကြားမှာ ရှိပါတယ်။ အလင်းကို
ပိုးစုန်းကျူးတွေကစပြီး လျှပ်စစ်မီးသီးတွေကနေ ကြယ်တွေ နေတွေ စတာတွေက
ထုတ်လွှတ်ကြပါတယ်။

    အလင်းရောင်ကို သူ့ရဲ့ရောင်စဉ်များအပေါ်မူတည်ပြီး ထပ်မံခွဲခြားနိုင်ပါတယ်။
ကျွန်တော်တို့နဲ့ရင်းနီးပြီးသားဖြစ်တဲ့ အိုက်ဆက်နယူတန် ( Isaac Newton ) က အလင်းကို
ရောင်စဉ် ၇ မျိုးအဖြစ်ပထမဆုံး ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ နယူတန်မတိုင်ခင် ၄ ရာစု
လောက်ကတည်းက ရော်ဂျာဘေကွန် ( Roger Bacon ) က အလင်းမှ ရောင်စဉ်များ
ခွဲဖြာကြောင်း တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ရောင်စဉ် ၇ မျိုးကို အောက်ပါအတိုင်း အမျိုးမျိုး
မှတ်သားကြပါတယ်။

Richard Of York Gave Battle In Vain =
Red, Orange, Yellow, Green, Blue, Indigo, Violet

ROY G. BIV =
Red, Orange, Yellow, Green, Blue, Indigo, Violet

ကျွန်တော်တို့မြန်မာလိုကတော့ ဒီလိုမှတ်သားဖူးပါတယ်။

ခင် မေ ပျို စိန် ဝတ် လာ နော် = ခရမ်း မဲနယ် အပြာ အစိမ်း အဝါ လိမ္မော် အနီ

    ဒီကနေ့ခေတ်မှာတော့ မဲနယ် (indigo) ကို အလင်းရဲ့ ရောင်စဉ်အဖြစ်
ခွဲခြားသတ်မှတ်ခြင်း မပြုတော့ပါဘူး။ ဒါကြောင့် အလင်းရဲ့ရောင်စဉ်ဟာ ၆ မျိုးသာ
ရှိပါတော့တယ်။ ဒါကတော့အလင်းရဲ့ ရောင်စဉ်ကို မှတ်သားခွဲခြားထားပုံပါ။    

မြန်မာအင်ဂျင်နီယာဖိုရမ်မှ

No comments:

Post a Comment