ကန်ဇွန်းဥ နှင့် ကင်ဆာရောဂါ
ကင်ဆာအတွက်ပါ အစာလဲဆေး ဆေးလဲအစာ
ကန်ဇွန်းဥဟာ အာဟာရပေါကြွယ်ဝတယ်။
ဗီတာမင် စီ နှင့် အေ ပိုများတယ်။
အမြဲတမ်းစားပေးရင် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး အသက်ရှည်စေတယ်။
ကန်ဇွန်းဥမှာ ဖိုင်ဘာအမျှင်များပြားစွာ ပါဝင်လို့ အစာအိမ်နှင့် အူအတွင်း
ရွေ့လျားမှုကို မြှင့်တင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။
လိပ်ခေါင်းရောဂါ နှင့် စအိုကွဲနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အူမကြီးကင်ဆာ နဲ့ စအိုပြွန်ကင်ဆာရောဂါတို့ကို ကာကွယ်ပေးရာမှာ အကျိုးပြုတယ်။
အနောက်နိုင်ငံ သုတေသနပြုချက်အရ ဟော်မုန်းအတုလို့ခေါ်နိုင်တဲ့ ဓာတ်တွေပါဝင်လို့
ရင်သားကင်ဆာ နဲ့ အူမကြီးကင်ဆာတို့ကို ထိန်းချုပ်နိုင်တယ် ဆိုပါတယ်။
ထို့ပြင် ဝတဲ့လူတွေ အဆီချဖို့ ကန်ဇွန်းဥကို စားသုံးနိုင်ပါတယ်။
အရိုးအဆစ်များ ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ ရောဂါကိုလည်း
ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ် ။
ကန်ဇွန်းဥကို ပူနွေးစဉ် စားသုံးသင့်ပါတယ် ။ စားတဲ့နေရာမှာလဲ ဆီနဲ့တို့စားသင့်ပါတယ် ။
ကန်ဇွန်းဥမှာပါတဲ့ ဓာတ်အချို့ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှု
အားကောင်းစေလို့ ဖြစ်ပါတယ် ။ အစာအိမ် အချဉ်ပေါက်သူတွေကတော့ ကန်ဇွန်းဥက
အစာအိမ်ထဲမှာ အက်စစ်လိုဖြစ်ပေါ်စေလို့ ရှောင်ကြဉ်သင့်ပါတယ် ။
ကန်ဇွန်းဥအခွံမှာ အမည်းစက် ပွင့်နေရင် ၊ အညှောင့်ပေါက်နေရင် မစားသင့်ပါ ။
အဆိပ်တက်ပါသည် ။
Credit : Lu Swan Lay
No comments:
Post a Comment