မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, February 4, 2015

အစားအသောက်ဖြင့် ဓာတ်စုလွတ် ( Free Radical )များ ရှင်းထုတ်နည်း

အစားအသောက်ဖြင့် ဓာတ်စုလွတ် ( Free Radical )များ ရှင်းထုတ်နည်း။


    ဓာတ်စုလွတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်ပြုမှုဖြစ်စဉ်အတွင်း ပေါ်ပေါက်တဲ့
ဘေးထွက်ပစ္စည်းဖြစ်တယ်။ ဒီအောက်ဆီရိုင်ဗိုနျူကလီအစ် အက်စစ် Deoxyribonucleic
acid (D.N.A)၊ ကိုလက်ဂျင်ပရိုတင်းနှင့် တစ်သျှူးဆဲလ်များကို ဖျက်စီးပစ်နိုင်တယ်။


အရေပြားတွန့်ခြင်း၊ လူကြီး လူအိုတွေမှာလို အမည်းစက်ထခြင်းအပြင် ကင်ဆာရောဂါနှင့်
ဇရာဒုဗ္ဗလရောဂါ စတဲ့ ရောဂါ အများအပြား ဖြစ်ပွားစေတယ်။
    ဓာတ်စုလွတ်တွေ ရှင်းထုတ်ပစ်နိုင်ဖို့ ဟင်းနုနယ် (Spinach)၊ ဂျူးရွက်၊
ရွှေဖရုံသီး၊ ကြက်သွန်နီ၊ ပန်းငရုပ်ပွ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ရေမုန်ညင်းလို ဟင်းသီး
ဟင်းရွက်များ၊ ပဲပုပ်ပဲ၊ သစ်ကြားသီး၊ မြေပဲ၊ သီဟိုစေ့၊ ထင်းရှုးစေ့၊ ဗာဒံစေ့တို့လို အခွံမာ
အစေ့အဆံများနှင့် လုံးတီးဆန်ကြမ်း ထမင်း၊ ဝက်သည်းဟင်းရည် စတဲ့ အယ်ကာလီဓာတ်
ကဲတဲ့ အစများ များများစားပေးပါ။
    ပုံမှန်အခြေအနေမျိုးမှာ လူ့ခန္ဓာကိုယ်ရဲ့ သွေးရည်အတွင်း အယ်ကာလီဓာတ်
ပိုကဲနေတတ်တယ်။ အတကယ်လို့ အက်စစ်ဓာတ်လွန်ကဲနေလျှင် ရောဂါမျိုးစုံ ဖြစ်လာနိုင်
ဖွယ်ရှိတယ်။ နေ့စဉ် အစားအသောက် ဥပမာ- ခြေနှစ်ချောင်းနှင့် ခြေလေးချောင်းအသား
များ၊ ငါး၊ သကြား၊ ဆန်၊ ဂျုံတွေကနေ ဇီဝဖြစ်စဉ်ကြောင့် ပေါ်ပေါက်တဲ့အရာများဟာ
သွေးရည်ကို အက်စစ်ဓာတ် ပိုစေတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပင်လယ်ကျောက်
ကဝတ်၊ သစ်သီး၊ နို့ထွက်အစာများလို အယ်ကာလီဓာတ်ပိုတဲ့အစာများ များများစားပေး
ခြင်းဖြင့် သွေးရည်ကို အယ်ကာလီဓာတ် အနည်းငယ်ကဲတဲ့ ပုံမှန် အနေအထားမျိုးမှာ
ရှိစေပါလိမ့်မယ်။

No comments:

Post a Comment