မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, February 4, 2015

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး


(၁)  ကိုယ်ခံစွမ်းအားနစ်ကို ကောင်းမွန်စေပါတယ်
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့်
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့်
ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ
လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။

(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တို
အာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်း
မှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေ
နိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှုကို နှေးကွေးစေပါတယ်။

(၃) အစာကြေညက်စေပါတယ်
ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့်
အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသ
ပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင်
ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန် သွားစေပါတယ်။ အမျှင်ဓာတ်
တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့
အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။

(၄) မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေ
ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်
တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၅) စွမ်းအင် တိုးစေပါတယ်
ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့်
စွမ်းအင် ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့
အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။

(၆) သွေးတိုးကို ကျစေပါတယ်
ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအား
ကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၇) ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်
ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက်
ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။

(၈) အရိုးကို သန်စွမ်းစေပါတယ်
ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက်
အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့
ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင်
ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။

(၁၀) သိုင်းရွိုက်ကို ကျန်းမာစေပါတယ်
ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက်
အရေးပါ ပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။             

ကြယ်စင်
photo copy from google search
originally posted by Good Health

++++++++++++++++++++++++++++++++++++++++++
ပိန္နဲသီးနဲ့.ကျန်းမာရေးအကျိုးကျေးဇူး

 ပိန္နဲသီးထဲမှာ potassium ပါဝင်မှူကြောင့် body blood pressure ကို
ကောင်းကောင်း ထိန်းပေးထားပါတယ်။ ရုတ်တရက် သွေးအား တက်ချင်းကျချင်းကို
ကောင်းကောင်း ထိန်းပေးထားနိုင်ပါတယ်...

ပိန္နဲသီးအမြစ်မှ ထုတ်ထားတဲ့ အဆီဟာ
ဝမ်းလျှော ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေပါတယ်...

ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ်ရောဂါကိုလည်းပျောက်ကင်းစေနိုင်ပါတယ်...

ပိန္နဲသီးထဲမှာပါဝင်တဲ့ isoflavones,antioxidants,and phytonutrients ဓာတ်တွေဟာ
ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်..

ပိန္နဲသီးဟာ ဆိုရင် ခန္မာကိုယ်တွင်းမှာပေါက်တတ်တဲ့ ဖက်ခွက်နာ၊ ပြည်တည်နာစတဲ့
ရောဂါတွေနဲ့ အစာမကျေဖြစ်ခြင်းကိုလည်း ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်....

ဒါ့အပြင် ပိန္နဲသီးဟာ အရွှယ်မတိုင်ခင်
အိုမင်းရင့်ရော်ခြင်းကိုလည်း ထိရောက်စွာကာကွယ်ပေးပါတယ်။ ခန္မာကိုယ်ထဲက
ဆဲလ်တွေ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုမှ ကာကွယ်ပေးပြီး အသားအရေကို
နုပျိုစေကာ အရိုးတွေ ကိုအလွယ်တကူ ကျိုးခြင်းမှ ကာကွယ်ပေးပါတယ်...

ပိန္နဲသီးဟာ ခန္မာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ protein (အသားဓါတ်).
carbohydrates(ကစီဓါတ်).minerals(သတ္တုဓါတ်)
တို့ကိုလည်း အမြောက်အမြား ထောက်ပံ့ပေးပါတယ်....

ပိန္နဲသီးဟာ စိတ်ဖိစီးမှု၊ စိတ်လှူပ်ရှားမှုတို့ကိုလည်း
ကောင်းကောင်းပျောက်ကင်းစေပါတယ်(စိတ်ကျေနပ်မှုရစေပါတယ်)

ပိန္နဲသီးမှာပါဝင်တဲ့ calories နဲ့ fat တွေဟာ အလွန်နည်းတဲ့အတွက်
ခန္မာကိုယ် အလေးချိန် လျှော့ချချင်သူတွေအတွက် အထူးကောင်းမွန်ပါတယ်...

ပိန္နဲသီး ကိုပုံမှန်စားသုံးချင်းဖြင့် ဝမ်းချုပ်ခြင်းဝေဒနာကိုလည်း ပျောက်ကင်းစေပါတယ်..

နောက်ဆုံးတစ်ခု အနေနဲ့....
ပိန္နဲသီးရဲ့ အမြစ်ဟာ အရေပြားပေါ်မှာဖြစ်တတ်တဲ့
ရောဂါ တော်တော်များများကို ပျောက်ကင်းစေပါတယ်..

ပိန္နဲသီး ထဲမှာပါတဲ့ vitamin ဟာ မျက်လုံးအတွက်အလွန်ကောင်းစေပါတယ်

အထူး ဂရုစိုက်ရမှာက............................................................
ပိန္နဲသီးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ .ဆီးချိုရောဂါသည်တွေ.
အစာအိမ်ရောဂါသည်တွေ အနေနဲ့ အလွန်အကျွံ မစားသင့်ပါဘူး။
အဲ့လိုစားမယ်ဆိုရင်တော့ အစာကိုချေဖျက်ပေးတဲ့ acid ဓာတ်ဟာ တဖြည်းဖြည်း
တိုးလာပြီး အစာအိမ် သွေးကြောပေါက်ခြင်းတွေ ဖြစ်တက်ပါတယ်..

ထို့အပြင် အမျိုးသမီးများ ဓမ္မတာ လာစဉ်မှာလည်း မစားသင့်ပါဘူး...
estrogen hormone ကို ပျက်စီးစေနိုင်ပါတယ်..။

photo copy from google search
credit to >>>မီးအိမ်ရှင်

No comments:

Post a Comment