မိမိရင္ေသြးအား ႏို႕တိုက္ေနပံုကို ေစာင့္ၾကည့္္ခံခဲ့ရတဲ့ မိခင္
------------------------------------------------------------------
သူမကေလးရဲ့ ေစာင့္ၾကည့္ကင္မရာေလးဟာ အေ၀းမွ
ထိန္းခ်ဳပ္ခံရပီး သူမကေလးကုိ ႏို႕တုိက္ေနခ်ိန္ေတြမွာ
ေစာင့္ၾကည့္ခံခဲ့ရလို႕ မိခင္တစ္ဦး ေတာ္ေတာ္ေလး အံ့ၾသသြား
ခဲ့ပါတယ္။ ေျမာက္ကယ္ရိုလုိင္းနားသူ Jamie Summit ဟာ
Wifi နဲ႕ခ်ိတ္ဆက္အသံုးျပဳႏိုင္တဲ့ ေစာင့္ၾကည့္ကင္မရာေလးကို
သူ႕ကေလးကိုေစာင့္ၾကည့္ဖို႕ ၀ယ္ယူခဲ့ပါတယ္။ ဒါေပမဲ့ ၂၄ ႏွစ္
အရြယ္ Jamie ဟာ ထုိကင္မရာဟာ Control မရွိပဲ လွဳပ္ရွားေန
တာကို လြန္ခဲ့တဲ့လက စတင္ သတိထားမိခဲ့ပါတယ္။
ျဖစ္ပံုကဒီလုိပါ။ Jamie တုိ႕ဇနီးေမာင္ႏွံဟာ ကေလးအိပ္သြားခ်ိန္မွာ
ညစာတူတူစားရင္း ပုခက္ထဲက ကေလးကို သူတို႕ဖုန္းကေန
လွမ္းၾကည့္ေနၾကပါတယ္။ ဒါေပမဲ့ သူတို႕ Control မလုပ္ရပါပဲ
ကင္မရာဟာ ပုခက္ကေန အိပ္ရာဆီေရြ႕သြားပါတယ္။
ပီးေတာ့ခ်က္ခ်င္းပဲ ပုခက္ဆီျပန္ေရာက္လာျပန္ပါတယ္။ သူတို႕ဟာ
သိသိခ်င္းပဲ အိပ္ခန္းဆီတန္းေျပးၾကည့္ၾကပါတယ္။ Jamie ဟာ
သူ႕အမ်ိဳးသားကို ကင္မရာကို ခ်က္ခ်င္းပိတ္ဖို႕ေျပာခဲ့ပါတယ္။
ဘာလို႕လဲဆိုေတာ့ အဲ့ေန႕မနက္အိပ္ယာထတုန္းက ကင္မရာဟာ
သူမအိပ္ယာကို လွည့္ေနတာ သတိထားမိခဲ့လုိ႕ပါ။ အဲ့တုန္းကေတာ့
Jamie က ဒါဟာ တစ္ခုခုနဲ႕တိုက္မိတာေၾကာင့္လုိ႕ ထင္ခဲ့တာပါတဲ့။
သူမကိုကေလးကို ထိုအိပ္ယာေပၚမွာပဲ ႏို႕တုိက္တာျဖစ္တယ္လို႕
ေျပာပါတယ္။
ထိုဇနီးေမာင္ႏွံဟာ ျဖစ္စဥ္ကို ရဲတပ္ဖြဲ႕ဆီတိုင္ၾကားဖို႕
အစီအစဥ္ရွိခဲ့ေပမယ့္ ရဲတပ္ဖြဲ႕လည္း ဘာမွလုပ္ေပးႏိုင္မယ္
မထင္လုိ႕ မတိုင္ျဖစ္ပါဘူး။ ထုတ္လုပ္တဲ့ Company ကို
Complain တက္ခဲ့ေပမယ့္ သူတို႕လဲဘာမွမတတ္ႏိုင္ခဲ့ပါဘူး။
အေမရိကန္အာဏာပိုင္ေတြကလည္း အရင္ကတည္းက
ကေလးေစာင့္ၾကည့္ကင္မရာေလးေတြဟာ မလံုျခံဳဘူးလို႕
သတိေပးခဲ့ပါတယ္။
source:ဖိုးသူေတာ္
Credit: စပြန္႕ (Daily Hot News)
link -
http://wuwm.com/post/sc-mom-says-baby-monitor-was-hacked-experts-say-many-devices-are-vulnerable
===========================
မိမိရင်သွေးအား နို့တိုက်နေပုံကို စောင့်ကြည့်ခံခဲ့ရတဲ့ မိခင်
------------------------------------------------------------------
သူမကလေးရဲ့ စောင့်ကြည့်ကင်မရာလေးဟာ အဝေးမှ
ထိန်းချုပ်ခံရပီး သူမကလေးကို နို့တိုက်နေချိန်တွေမှာ
စောင့်ကြည့်ခံခဲ့ရလို့ မိခင်တစ်ဦး တော်တော်လေး အံ့သြသွား
ခဲ့ပါတယ်။ မြောက်ကယ်ရိုလိုင်းနားသူ Jamie Summit ဟာ
Wifi နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ စောင့်ကြည့်ကင်မရာလေးကို
သူ့ကလေးကိုစောင့်ကြည့်ဖို့ ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၄ နှစ်
အရွယ် Jamie ဟာ ထိုကင်မရာဟာ Control မရှိပဲ လှုပ်ရှားနေ
တာကို လွန်ခဲ့တဲ့လက စတင် သတိထားမိခဲ့ပါတယ်။
ဖြစ်ပုံကဒီလိုပါ။ Jamie တို့ဇနီးမောင်နှံဟာ ကလေးအိပ်သွားချိန်မှာ
ညစာတူတူစားရင်း ပုခက်ထဲက ကလေးကို သူတို့ဖုန်းကနေ
လှမ်းကြည့်နေကြပါတယ်။ ဒါပေမဲ့ သူတို့ Control မလုပ်ရပါပဲ
ကင်မရာဟာ ပုခက်ကနေ အိပ်ရာဆီရွေ့သွားပါတယ်။
ပီးတော့ချက်ချင်းပဲ ပုခက်ဆီပြန်ရောက်လာပြန်ပါတယ်။ သူတို့ဟာ
သိသိချင်းပဲ အိပ်ခန်းဆီတန်းပြေးကြည့်ကြပါတယ်။ Jamie ဟာ
သူ့အမျိုးသားကို ကင်မရာကို ချက်ချင်းပိတ်ဖို့ပြောခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ အဲ့နေ့မနက်အိပ်ယာထတုန်းက ကင်မရာဟာ
သူမအိပ်ယာကို လှည့်နေတာ သတိထားမိခဲ့လို့ပါ။ အဲ့တုန်းကတော့
Jamie က ဒါဟာ တစ်ခုခုနဲ့တိုက်မိတာကြောင့်လို့ ထင်ခဲ့တာပါတဲ့။
သူမကိုကလေးကို ထိုအိပ်ယာပေါ်မှာပဲ နို့တိုက်တာဖြစ်တယ်လို့
ပြောပါတယ်။
ထိုဇနီးမောင်နှံဟာ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ဆီတိုင်ကြားဖို့
အစီအစဉ်ရှိခဲ့ပေမယ့် ရဲတပ်ဖွဲ့လည်း ဘာမှလုပ်ပေးနိုင်မယ်
မထင်လို့ မတိုင်ဖြစ်ပါဘူး။ ထုတ်လုပ်တဲ့ Company ကို
Complain တက်ခဲ့ပေမယ့် သူတို့လဲဘာမှမတတ်နိုင်ခဲ့ပါဘူး။
အမေရိကန်အာဏာပိုင်တွေကလည်း အရင်ကတည်းက
ကလေးစောင့်ကြည့်ကင်မရာလေးတွေဟာ မလုံခြုံဘူးလို့
သတိပေးခဲ့ပါတယ်။
source:ဖိုးသူတော်
Credit: စပွန့် (Daily Hot News)
link -
http://wuwm.com/post/sc-mom-says-baby-monitor-was-hacked-experts-say-many-devices-are-vulnerable



No comments:
Post a Comment