သက္ရွိ႐ုပ္တုမ်ား စုေပါင္းျပသသည့္ပြဲေတာ္
------------------------------------------------
ၿငိမ္သက္ၿပီး ေနတတ္ၾကတာကုိ ႐ုပ္႐ွင္နဲ႔ တီဗီသတင္းေတြမွာ ျမင္ေတြ႕
ဖူးၾကမယ္ထင္ပါတယ္။ သူတုိ႔ကုိ ဥေရာပမွာေတာ့ လမ္းေပၚက အႏုပညာ
သည္ေတြလုိ႔ သတ္မွတ္ၾကပါတယ္။ သူတုိ႔ေတြထဲမွာ အႏုပညာျပသဖုိ႔
အေပ်ာ္တမ္းလုပ္သူေတြ ရွိသလုိ၊ ေငြေၾကးရလုိမႈနဲ႔ လုပ္တဲ့သူေတြလည္း
ရွိပါတယ္။
အခုပုံေတြမွာ ေတြ႕ျမင္ရတာေတြကေတာ့ မၾကာေသးခင္က
႐ုိေမးနီးယားႏုိင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သက္႐ွိလူသား႐ုပ္တုပြဲေတာ္က
ပုံရိပ္ေတြပဲျဖစ္ပါတယ္။ ႏုိင္ငံေပါင္း ၈ ႏုိင္ငံက လူသား႐ုပ္တု
ဝါသနာ႐ွင္ေတြစုေပါင္းၿပီး ဆန္းသစ္တဲ့ ဝတ္စုံပုစံမ်ဳိးစုံ ဝတ္ဆင္ၿပီး
မတူညီတဲ့ အသြင္သဏၭာန္ ၆၄ မ်ဳိးကုိ ႐ုပ္တုပုံသဏၭာန္လုပ္ၿပီး
ၿမဳိ႕ေတာ္ ဘူခါရက္စ္မွာ ပြဲေတာ္တစ္ခုက်င္းပၿပီး သူတုိ႔ရဲ႕အႏုပညာကုိ
ထုတ္ေဖာ္ျပသခဲ့တာျဖစ္ပါတယ္။
source:perierga
=============================
သက်ရှိရုပ်တုများ စုပေါင်းပြသသည့်ပွဲတော်
------------------------------------------------
လူသားတွေ အရုပ်တစ်ရုပ်လို အချိန်ကာလကြာရှည်စွာ မလှုပ်မယှက်နဲ့
ငြိမ်သက်ပြီး နေတတ်ကြတာကို ရုပ်ရှင်နဲ့ တီဗီသတင်းတွေမှာ မြင်တွေ့
ဖူးကြမယ်ထင်ပါတယ်။ သူတို့ကို ဥရောပမှာတော့ လမ်းပေါ်က အနုပညာ
သည်တွေလို့ သတ်မှတ်ကြပါတယ်။ သူတို့တွေထဲမှာ အနုပညာပြသဖို့
အပျော်တမ်းလုပ်သူတွေ ရှိသလို၊ ငွေကြေးရလိုမှုနဲ့ လုပ်တဲ့သူတွေလည်း
ရှိပါတယ်။
အခုပုံတွေမှာ တွေ့မြင်ရတာတွေကတော့ မကြာသေးခင်က
ရိုမေးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သက်ရှိလူသားရုပ်တုပွဲတော်က
ပုံရိပ်တွေပဲဖြစ်ပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံက လူသားရုပ်တု
ဝါသနာရှင်တွေစုပေါင်းပြီး ဆန်းသစ်တဲ့ ဝတ်စုံပုစံမျိုးစုံ ဝတ်ဆင်ပြီး
မတူညီတဲ့ အသွင်သဏ္ဌာန် ၆၄ မျိုးကို ရုပ်တုပုံသဏ္ဌာန်လုပ်ပြီး
မြို့တော် ဘူခါရက်စ်မှာ ပွဲတော်တစ်ခုကျင်းပပြီး သူတို့ရဲ့အနုပညာကို
ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
source:perierga

No comments:
Post a Comment