မေမ်ာ္လင့္ပဲ ေတြ႕ရွိခဲ့တဲ့ ေဒၚလာ သန္းခ်ီတန္ေသာ
သမိုင္းဝင္ပစၥည္းမ်ား .
မမျော်လင့်ပဲ တွေ့ရှိခဲ့တဲ့ ဒေါ်လာ သန်းချီတန်သော
သမိုင်းဝင်ပစ္စည်းများ
Robert Palmer ဆိုတဲ့ အမ်ိဳးသားၾကီး တစ္ဦးက ထူးဆန္းတဲ့ အရာကို ေတြ႔ခဲ့ပါတယ္။ အဲ့ဒါကေတာ့ ခူယား တစ္ေကာင္ဟာ သူ႕ျမင္းရဲ႕ ေက်ာေပၚမွာ ပက္လက္ အေနအထား ျဖစ္ေနျပီး သူ႕ကိုယ္မွာ လူမ်က္ႏွာပံု ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ တကယ့္ကို ထင္ထင္ရွားရွား ဆိုေတာ့ အေတာ္ေလး စိတ္ဝင္စား စရာပါပဲ။
.
Robert Palmer ဆိုတဲ့ အမျိုးသားကြီး တစ်ဦးက ထူးဆန်းတဲ့ အရာကို တွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ ခူယား တစ်ကောင်ဟာ သူ့မြင်းရဲ့ ကျောပေါ်မှာ ပက်လက် အနေအထား ဖြစ်နေပြီး သူ့ကိုယ်မှာ လူမျက်နှာပုံ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ တကယ့်ကို ထင်ထင်ရှားရှား ဆိုတော့ အတော်လေး စိတ်ဝင်စား စရာပါပဲ။
++++++++++++++++++++++++++
Wesley Carrington ဟာ သူ႕ရဲ႕ သတၱဳ ရွာေဖြေရးစက္ အသစ္တခုကို သူ႕ျခံထဲမွာ အသံုးခ် ခဲ့ပါတယ္။ မထင္မွတ္ပဲ သူဟာ မိနစ္ 20 ခန္႕အၾကာမွာ ေရာမ ဒဂၤါးေတြ ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ဒီေရွးေဟာင္း ဒဂၤါးေတြက စတာလင္ေပါင္ 1 သန္းခန္႕ တန္တာ ျဖစ္ပါတယ္။
.
Wesley Carrington ဟာ သူ့ရဲ့ သတ္တု ရှာဖွေရေးစက် အသစ်တခုကို သူ့ခြံထဲမှာ အသုံးချ ခဲ့ပါတယ်။ မထင်မှတ်ပဲ သူဟာ မိနစ် 20 ခန့်အကြာမှာ ရောမ ဒင်္ဂါးတွေ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီရှေးဟောင်း ဒင်္ဂါးတွေက စတာလင်ပေါင် 1 သန်းခန့် တန်တာ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++++++++
ေရွးေခတ္ အီဂ်စ္မွာတင္ မံမီေတြ ရွိခဲ့တာ မဟုတ္ပါဘူး။ ကိုလံဘတ္ဟာ အေမရိကားကို ရွာေတြ႕ စဥ္တုန္းက မံမီ ရုပ္အေလာင္း တခုကို ေတြ႕ခဲ့ပါတယ္။ ဒါကေတာ့ ေဆးရည္ စိမ္တာနဲ႕ နီကိုတင္းနဲ႕ ကိုးကိုး ေပါင္းစပ္ျပီး မပုပ္ မသိုးေအာင္ ထားခဲ့တဲ့ ႏွစ္ငါးရာ ေက်ာ္က အေလာင္းတခုကို ေတြခဲ့ပါတယ္။ အခုေတာ့ မန္ခ်က္စတာက ျပတိုက္မွာ ထားရွိထားတာ ျဖစ္ပါတယ္။
.
ရှေးခေတ် အီဂျစ်မှာတင် မံမီတွေ ရှိခဲ့တာ မဟုတ်ပါဘူး။ ကိုလံဘတ်ဟာ အမေရိကားကို ရှာတွေ့ စဉ်တုန်းက မံမီ ရုပ်အလောင်း တခုကို တွေ့ခဲ့ပါတယ်။ ဒါကတော့ ဆေးရည် စိမ်တာနဲ့ နီကိုတင်းနဲ့ ကိုးကိုး ပေါင်းစပ်ပြီး မပုပ် မသိုးအောင် ထားခဲ့တဲ့ နှစ်ငါးရာ ကျော်က အလောင်းတခုကို တွေခဲ့ပါတယ်။ အခုတော့ မန်ချက်စတာက ပြတိုက်မှာ ထားရှိထားတာ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++
James Hyatt ဆိုတဲ့ ကေလးကေတာ့ အေတာ္ ေဆာ့ပါတယ္။ သူဟာ 3 ႏွစ္သာ ရွိျပီး သူအေဆာ့ ေကာင္းလို႕ မိဘေတြ ခ်မ္းသာ ခဲ့ရပါတယ္။ အဲ့ဒါကေတာ့ သူ႕အေဖရဲ႕ သတၱဳ ရွာေဖြစက္ကို ယူကစား ရာကေန 16 ရာစုက ေဒၚလာ 4 သန္းတန္ ေရႊျပားေတြကို ျခံထဲက ေတြ႕ခဲ့ျခင္း ျဖစ္ပါတယ္။
.
James Hyatt ဆိုတဲ့ ကလေးကတော့ အတော် ဆော့ပါတယ်။ သူဟာ 3 နှစ်သာ ရှိပြီး သူအဆော့ ကောင်းလို့ မိဘတွေ ချမ်းသာ ခဲ့ရပါတယ်။ အဲ့ဒါကတော့ သူ့အဖေရဲ့ သတ္တု ရှာဖွေစက်ကို ယူကစား ရာကနေ 16 ရာစုက ဒေါ်လာ 4 သန်းတန် ရွှေပြားတွေကို ခြံထဲက တွေ့ခဲ့ခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++
လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္က အစားအေသာက္ ခ်က္ျပဳတ္နည္း စာအုပ္ကို ေတြ႕ရင္ ဘယ္ေလာက္ ေစ်းၾကီးမလဲ ခန္႕မွန္း မိမွာပါ။ သူတို႕ဟာ သားေရျပားေပၚမွာ စာေရးတာျဖစ္ျပီး Anglo-Saxon ဆိုတဲ့ စာအုပ္ကေတာ့ အစားအေသာက္ ခ်က္ျပဳတ္နည္း ေတြကို ေရးထားတာ ျဖစ္ပါတယ္။ ေရွးေဟာင္း လက္တင္စာေပရဲ႕ မူလ အစကို သံုးထားလို႕ ဘာသာေဗဒ ပညာရွင္ေတြ ဘာသာျပန္ျပီး ဟင္းခ်က္နည္း ေတြကို ထုတ္ေဖာ္ ခဲ့ပါတယ္။
.
လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အစားအသောက် ချက်ပြုတ်နည်း စာအုပ်ကို တွေ့ရင် ဘယ်လောက် ဈေးကြီးမလဲ ခန့်မှန်း မိမှာပါ။ သူတို့ဟာ သားရေပြားပေါ်မှာ စာရေးတာဖြစ်ပြီး Anglo-Saxon ဆိုတဲ့ စာအုပ်ကတော့ အစားအသောက် ချက်ပြုတ်နည်း တွေကို ရေးထားတာ ဖြစ်ပါတယ်။ ရှေးဟောင်း လက်တင်စာပေရဲ့ မူလ အစကို သုံးထားလို့ ဘာသာဗေဒ ပညာရှင်တွေ ဘာသာပြန်ပြီး ဟင်းချက်နည်း တွေကို ထုတ်ဖော် ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++
အျမႊာဆိုတာ သတၱဝါ ေတာ္ေတာ္မ်ားမ်ား ေမြးၾကပါတယ္။ ဒါကေတာ့ လိပ္ဥေလး တစ္လံုးထဲက အေကာင္ေပါက္ေလး ႏွစ္ေကာင္ျဖစ္ျပီး ဒီလိပ္ကေလးေတြ ရင္ခ်င္းဆက္ ေနတာ ျဖစ္ပါတယ္။ ဒါကို ဆရာဝန္ေတြက အခ်ိန္ဖဲ့ျပီး ခြဲေပးခဲ့ပါတယ္။ ဒီခြဲစိတ္ခကို အေမရိကန္ အစိုးရက ေထာက္ပံ့ ေပးခဲ့ပါသတဲ့။
.
အမြွှာဆိုတာ သတ္တဝါ တော်တော်များများ မွေးကြပါတယ်။ ဒါကတော့ လိပ်ဥလေး တစ်လုံးထဲက အကောင်ပေါက်လေး နှစ်ကောင်ဖြစ်ပြီး ဒီလိပ်ကလေးတွေ ရင်ချင်းဆက် နေတာ ဖြစ်ပါတယ်။ ဒါကို ဆရာဝန်တွေက အချိန်ဖဲ့ပြီး ခွဲပေးခဲ့ပါတယ်။ ဒီခွဲစိတ်ခကို အမေရိကန် အစိုးရက ထောက်ပံ့ ပေးခဲ့ပါသတဲ့။
+++++++++++++++++++++++++++++++++++
ဒီေျခေထာက္ၾကီးကို ဘာေျခေထာက္လို႕ ျမင္မိၾက ပါသလဲ။ ငွက္တစ္ေကာင္ရဲ႕ ေျခေထာက္ထက္လည္း မ်ားစြာ ၾကီးျပီးေတာ့ နယူးဇီလန္က အိုဝင္ေတာင္မွာ ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ခဲေနတဲ့ အရပ္ေဒသမို႕ သူ႕ေျခေထာက္ ႀကီးကိုလည္း အေကာင္းတိုင္း ေတြ႕ရတာ ျဖစ္ပါတယ္။ ဒါဟာ လြန္ခဲ့တဲ့ ႏွစ္ 3300 ကျဖစ္ျပီးေတာ့ ရႈးပ်ံၾကီး တစ္ေကာင္ရဲ႕ ေျခေထာက္ ျဖစ္ပါတယ္။
.
ဒီခြေထောက်ကြီးကို ဘာခြေထောက်လို့ မြင်မိကြ ပါသလဲ။ ငှက်တစ်ကောင်ရဲ့ ခြေထောက်ထက်လည်း များစွာ ကြီးပြီးတော့ နယူးဇီလန်က အိုဝင်တောင်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ခဲနေတဲ့ အရပ်ဒေသမို့ သူ့ခြေထောက် ကြီးကိုလည်း အကောင်းတိုင်း တွေ့ရတာ ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် 3300 ကဖြစ်ပြီးတော့ ရှုးပျံကြီး တစ်ကောင်ရဲ့ ခြေထောက် ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++
UFO ပံုစံ ေက်ာက္ျပားၾကီးကို ရုရွားႏိုင္ငံ Volgograd မွာ ေတြ႔ခဲ့တာ ျဖစ္ပါတယ္။ အခ်င္း 2 မီတာ ေလာက္ရွိျပီး တကယ့္ကို လွပတဲ့ အျပားၾကီး ျဖစ္ပါတယ္။ ဒါကို ေရွးေခတ္လူ ေတြကပဲ ေက်ာက္သားေတြကို ညီေအာင္ ညွိခဲ့ၾကတာလား မေသခ်ာပါဘူး။ ျဖစ္ႏုိင္တာ ကေတာ့ ေရွးေခတ္ အေဆာက္အဦး ေတြရဲ႕ အလွဆင္တဲ့ ေက်ာက္ျပားၾကီး ျဖစ္ေလာက္ပါတယ္။
.
UFO ပုံစံ ကျောက်ပြားကြီးကို ရုရှားနိုင်ငံ Volgograd မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ အချင်း 2 မီတာ လောက်ရှိပြီး တကယ့်ကို လှပတဲ့ အပြားကြီး ဖြစ်ပါတယ်။ ဒါကို ရှေးခေတ်လူ တွေကပဲ ကျောက်သားတွေကို ညီအောင် ညှိခဲ့ကြတာလား မသေချာပါဘူး။ ဖြစ်နိုင်တာ ကတော့ ရှေးခေတ် အဆောက်အဦး တွေရဲ့ အလှဆင်တဲ့ ကျောက်ပြားကြီး ဖြစ်လောက်ပါတယ်။
+++++++++++++++++++++++++++++
ေတာင္အာဖရိက သိပၸံပညာရွင္ ေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေလးရာက ေပၚခဲ့တဲ့ စာေပ ကဝိၾကီး ရွိတ္စပီးယား ေနထိုင္ရာကို ေျခရာေကာက္ခဲ့ ပါတယ္။ သူေတြ႕တာ ကေတာ့ ရွိတ္စပီးယားရဲ႕ နန္းေဆာင္နဲ႕ မလွမ္းမကမ္း အိမ္က ေဆးေျခာက္ေတြ ျဖစ္ျပီး သူဟာ စာေရးစဥ္ ေဆးေျခာက္ကို ေဆးတံထဲ ထည့္ခဲခဲ့တယ္လို႕ ဆိုပါတယ္။
-
တောင်အာဖရိက သိပ္ပံပညာရှင် တွေကတော့ လွန်ခဲ့တဲ့ နှစ်လေးရာက ပေါ်ခဲ့တဲ့ စာပေ ကဝိကြီး ရှိတ်စပီးယား နေထိုင်ရာကို ခြေရာကောက်ခဲ့ ပါတယ်။ သူတွေ့တာ ကတော့ ရှိတ်စပီးယားရဲ့ နန်းဆောင်နဲ့ မလှမ်းမကမ်း အိမ်က ဆေးခြောက်တွေ ဖြစ်ပြီး သူဟာ စာရေးစဉ် ဆေးခြောက်ကို ဆေးတံထဲ ထည့်ခဲခဲ့တယ်လို့ ဆိုပါတယ်။
+++++++++++++++++++++++++++++
4 ႏွစ္သား ေကာင္ေလးဟာ ယာေတာထဲမွာ ေနရင္း သူဟာ ေျမၾကီးကို လက္နဲ႕ ယက္တူးျပီး ကစား ေနပါတယ္။ သူဟာ မထင္မွတ္ပဲ လြန္ခဲ့တဲ့ ႏွစ္ သန္း 100 က Nodosaur အရုိးစုကို ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ဒီအရုိးစု ေက်ာက္ျဖစ္ ႐ုပ္ၾကြင္းကို သူ႕အဖိုးက တူးခဲ့တာ ျဖစ္ပါတယ္။
.
4 နှစ်သား ကောင်လေးဟာ ယာတောထဲမှာ နေရင်း သူဟာ မြေကြီးကို လက်နဲ့ ယက်တူးပြီး ကစား နေပါတယ်။ သူဟာ မထင်မှတ်ပဲ လွန်ခဲ့တဲ့ နှစ် သန်း 100 က Nodosaur အရိုးစုကို တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီအရိုးစု ကျောက်ဖြစ် ရုပ်ကြွင်းကို သူ့အဖိုးက တူးခဲ့တာ ဖြစ်ပါတယ်။
source:cantwait2say










No comments:
Post a Comment