မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 9, 2020

အၾကပ္အတည္းနဲ႔ ရင္ဆုိင္ေနရတဲ့ အင္ဒိုစူလ္တန္

 အစဥ္အလာကို ခ်ိဳးေဖာက္မိတာေၾကာင့္ 

အၾကပ္အတည္းနဲ႔ ရင္ဆုိင္ေနရတဲ့ အင္ဒိုစူလ္တန္

-------------------------------------------------------


အင္ဒိုနီးရွားႏိုင္ငံ ယိုဂ်ာကာတာၿမိဳ႕ရဲ႕ အနာဂတ္ဟာ ေ၀၀ါးလ်က္

ရွိေနၿပီျဖစ္ေၾကာင္း နန္းတြင္းစူလ္တန္ မိသားစု၀င္ေတြက ေဖာ္ထုတ္

ေျပာဆိုခဲ့ပါတယ္။ စူလ္တန္ဟာ သူနတ္ရြာလားတဲ့အခါ နန္းေမြ

ဆက္ခံသူေနရာကို သမီးအၾကီးဆံုးကို ေပးခဲ့မယ္လို႔ လ်ာထားေနဟန္

ရွိပါတယ္။ ဒါကို စူလ္တန္ရဲ႕ညီအစ္ကိုေတြက အစဥ္အလာအားျဖင့္ 

ထီးနန္းဆက္ခံသူေနရာကို အမ်ိဳးသားေတြဆီပဲ လႊဲေျပာင္းေလ့ရွိတဲ့

အတြက္ေၾကာင့္ ရာစုႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းလာခဲ့တဲ့ ရိုးရာကို

ဖ်က္တယ္ဆိုၿပီး စူလ္တန္ရဲ႕ ဆံုးျဖတ္ခ်က္အေပၚ အၾကီးအက်ယ္ 

ေဒါသထြက္လ်က္ရွိေနၾကပါတယ္။

Hamengkubuwono X ဟာ အင္ဒိုနီးရွားမွာ ထင္ရွားတဲ့ 

စူလ္တန္ဘုရင္ျဖစ္ပါတယ္။  Hamengkubuwono X ဟာ 

ႏိုင္ငံတြင္းကအမ်ိဳးသမီးေတြကို အၾကီးအကဲေခါင္းေဆာင္ေတြအျဖစ္ 

ေနရာေပးေလ့ရွိတဲ့ စူလ္တန္တစ္ဦးလည္းျဖစ္ပါတယ္။

Princess Mangkubumi

စူလ္တန္ရဲ႕မိသားစုတြင္းမွာေတာ့ စူလ္တန္က သမီးအၾကီးဆံုးျဖစ္တဲ့

မင္းသမီး Mangkubimi ကို ေနရာေပးတဲ့အေပၚ မေက်မနပ္ ျဖစ္ပြား

ေနၾကပါတယ္။ တကယ္လို႔ စူလ္တန္ေသဆံုးၿပီး Mangkubimi သာ 

အေမြဆက္ခံသူ ျဖစ္လာခဲ့ရင္ ပုန္ကန္ၿပီး စူလ္တန္ရဲ႕ဇနီးနဲ႔ သမီးေတြကို 

နန္းေတာ္ကေန ေမာင္းထုတ္ပစ္မယ္လို႔ မိသားစု၀င္ေတြက 

ၾကိမ္းထားၾကပါတယ္။

စူလ္တန္မိသားစု၀င္ တစ္ဦးျဖစ္တဲ့ Prabukusumo က 

“ကြ်န္ေတာ္တို႔ စူလ္တန္ရွိေနတုန္းေတာ့ မပုန္ကန္ပါဘူး။ အခုေတာ့ 

မတိုက္ခိုက္ေသးဘူး။ ဒါေပမယ့္ စူလ္တန္ ဒီေလာကၾကီးထဲမွာ 

မရွိေတာ့တဲ့အခ်ိန္မွာ Mangkubumi သာ စူလ္တန္ျဖစ္လာခဲ့ရင္ 

မိသားစု၀င္ေတြက အကုန္ပုန္ကန္ၾကဖို႔ သေဘာတူထားၿပီးပါၿပီ။ 

အဲဒီအခ်ိန္က်ရင္ စူလ္တန္ရဲ႕မိန္းမေရာ၊ သမီးေတြေရာ နန္းေတာ္ကေန

အကုန္ေမာင္းထုတ္ပစ္မယ္။ သူတို႔ကို မိသားစု၀င္ေတြအျဖစ္ 

အသိအမွတ္ မျပဳေတာ့ဘူး။” လို႔ဆိုခဲ့ပါတယ္။


အင္ဒိနီးရွားမွာ အခုလိုနန္းေရးနန္းရာေတြရႈပ္ေထြးေနခဲ့တာဟာ

ၿပီးခဲ့တဲ့(၂၀၁၅)ခုႏွစ္ေလာက္ တည္းကပါ။ စူလ္တန္က သမီးၾကီး

Pembayun ကိုစူလ္တန္အေမြဆက္ခံသူေတြကိုသာေပးေလ့ရွိတဲ့ 

Gusti Kanjeng Ratu Mangkubumi (တစ္ဦးတည္းေသာ

ကမာၻေျမကိုကိုင္စိုးသူ) အျဖစ္ဘြဲ႕အမည္ေျပာင္းလဲေပးခဲ့ရာမွ 

နန္းတြင္းမိသားစုေတြၾကားထဲ အခုလိုဂယက္ထလာခဲ့တာျဖစ္ပါတယ္။


လင္းလင္း (ShweMom)

Ref: Dailymail

http://www.dailymail.co.uk/news/article-5802839/Indonesian-sultan-faces-royal-revolt-choosing-DAUGHTER-succeed-him.html

https://en.wikipedia.org/wiki/Princess_Mangkubumi

အင္ဒိုနီးရွားႏိုင္ငံ ယိုဂ်ာကာတာၿမိဳ႕ဟာ

ပါတိတ္ၿမဳိ႕ေတာ္အျဖစ္လည္း ထင္ရွားပါတယ္။

=============================


အစဉ်အလာကို ချိုးဖောက်မိတာကြောင့် 

အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အင်ဒိုစူလ်တန်

-------------------------------------------------------


အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့ရဲ့ အနာဂတ်ဟာ ေ၀ဝါးလျက်

ရှိနေပြီဖြစ်ကြောင်း နန်းတွင်းစူလ်တန် မိသားစုဝင်တွေက ဖော်ထုတ်

ပြောဆိုခဲ့ပါတယ်။ စူလ်တန်ဟာ သူနတ်ရွာလားတဲ့အခါ နန်းမွေ

ဆက်ခံသူနေရာကို သမီးအကြီးဆုံးကို ပေးခဲ့မယ်လို့ လျာထားနေဟန်

ရှိပါတယ်။ ဒါကို စူလ်တန်ရဲ့ညီအစ်ကိုတွေက အစဉ်အလာအားဖြင့် 

ထီးနန်းဆက်ခံသူနေရာကို အမျိုးသားတွေဆီပဲ လွှဲပြောင်းလေ့ရှိတဲ့

အတွက်ကြောင့် ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ ရိုးရာကို

ဖျက်တယ်ဆိုပြီး စူလ်တန်ရဲ့ ဆုံးဖြတ်ချက်အပေါ် အကြီးအကျယ် 

ဒေါသထွက်လျက်ရှိနေကြပါတယ်။


Hamengkubuwono X ဟာ အင်ဒိုနီးရှားမှာ ထင်ရှားတဲ့ 

စူလ်တန်ဘုရင်ဖြစ်ပါတယ်။  Hamengkubuwono X ဟာ 

နိုင်ငံတွင်းကအမျိုးသမီးတွေကို အကြီးအကဲခေါင်းဆောင်တွေအဖြစ် 

နေရာပေးလေ့ရှိတဲ့ စူလ်တန်တစ်ဦးလည်းဖြစ်ပါတယ်။


စူလ်တန်ရဲ့မိသားစုတွင်းမှာတော့ စူလ်တန်က သမီးအကြီးဆုံးဖြစ်တဲ့

မင်းသမီး Mangkubimi ကို နေရာပေးတဲ့အပေါ် မကျေမနပ် ဖြစ်ပွား

နေကြပါတယ်။ တကယ်လို့ စူလ်တန်သေဆုံးပြီး Mangkubimi သာ 

အမွေဆက်ခံသူ ဖြစ်လာခဲ့ရင် ပုန်ကန်ပြီး စူလ်တန်ရဲ့ဇနီးနဲ့ သမီးတွေကို 

နန်းတော်ကနေ မောင်းထုတ်ပစ်မယ်လို့ မိသားစုဝင်တွေက 

ကြိမ်းထားကြပါတယ်။


စူလ်တန်မိသားစုဝင် တစ်ဦးဖြစ်တဲ့ Prabukusumo က 

“ကျွန်တော်တို့ စူလ်တန်ရှိနေတုန်းတော့ မပုန်ကန်ပါဘူး။ အခုတော့ 

မတိုက်ခိုက်သေးဘူး။ ဒါပေမယ့် စူလ်တန် ဒီလောကကြီးထဲမှာ 

မရှိတော့တဲ့အချိန်မှာ Mangkubumi သာ စူလ်တန်ဖြစ်လာခဲ့ရင် 

မိသားစုဝင်တွေက အကုန်ပုန်ကန်ကြဖို့ သဘောတူထားပြီးပါပြီ။ 

အဲဒီအချိန်ကျရင် စူလ်တန်ရဲ့မိန်းမရော၊ သမီးတွေရော နန်းတော်ကနေ

အကုန်မောင်းထုတ်ပစ်မယ်။ သူတို့ကို မိသားစုဝင်တွေအဖြစ် 

အသိအမှတ် မပြုတော့ဘူး။” လို့ဆိုခဲ့ပါတယ်။


အင်ဒိနီးရှားမှာ အခုလိုနန်းရေးနန်းရာတွေရှုပ်ထွေးနေခဲ့တာဟာ

ပြီးခဲ့တဲ့(၂၀၁၅)ခုနှစ်လောက် တည်းကပါ။ စူလ်တန်က သမီးကြီး

Pembayun ကိုစူလ်တန်အမွေဆက်ခံသူတွေကိုသာပေးလေ့ရှိတဲ့ 

Gusti Kanjeng Ratu Mangkubumi (တစ်ဦးတည်းသော

ကမ္ဘာမြေကိုကိုင်စိုးသူ) အဖြစ်ဘွဲ့အမည်ပြောင်းလဲပေးခဲ့ရာမှ 

နန်းတွင်းမိသားစုတွေကြားထဲ အခုလိုဂယက်ထလာခဲ့တာဖြစ်ပါတယ်။


လင်းလင်း (ShweMom)

Ref: Dailymail

http://www.dailymail.co.uk/news/article-5802839/Indonesian-sultan-faces-royal-revolt-choosing-DAUGHTER-succeed-him.html

https://en.wikipedia.org/wiki/Princess_Mangkubumi

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့ဟာ

ပါတိတ်မြို့တော်အဖြစ်လည်း ထင်ရှားပါတယ်။

No comments:

Post a Comment