မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 9, 2020

ကမာၻႀကီးရဲ ့သမိုင္းကိုေျပာင္းလဲသြားေစတဲ့ အမွားေသးေသးေလး ( ၁၀ ) ခု

 ကမာၻႀကီးရဲ ့သမိုင္းကိုေျပာင္းလဲသြားေစတဲ့ 

အမွားေသးေသးေလး ( ၁၀ ) ခု.

ကမ္ဘာကြီးရဲ့သမိုင်းကိုပြောင်းလဲသွားစေတဲ့ 

အမှားသေးသေးလေး ( ၁၀ ) ခု


၁။ ။ တိုက္တန္းနစ္သေဘၤာၾကီး နစ္ျမဳပ္ခဲ့ရတဲ့ အဓိကအခ်က္ကေတာ့ ေသာ့တစ္ေခ်ာင္း ေပ်ာက္ေန ခဲ့လို႕ပါပဲ။

အဲ့ဒီညတုန္းက သေဘၤာရဲ႕ ဒုတိယအရာရွိ David Blair ဟာ Charles Lightoller နဲ႕တာဝန္လဲ ခဲ့တယ္။

Blair ထြက္သြားတဲ့ အခ်ိန္မွာ Charles ကုိ မွန္ေျပာင္း သိမ္းထားတဲ့ ေသတၱာေသာ့ ေပးဖုိ႕ေမ့သြားခဲ့တာေၾကာင့္ မေတာ္တဆ ျဖစ္ရပ္ၾကီး ျဖစ္သြားခဲ့တာပါ။

တကယ္လုိ႕ သူ႕မွာသာ မွန္ေျပာင္း ရွိေနခဲ့ရင္ ေရခဲတံုးကို အေဝးကေန ျမင္ႏုိင္ခဲ့ျပီး သေဘၤာကုိ အခ်ိန္မွီ လမ္းေၾကာင္းေျပာင္းခဲ့ ႏုိင္လိမ့္မယ္လုိ႕ သူက ေျပာခဲ့ပါတယ္။

.

၁။ ။ တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့ရတဲ့ အဓိကအချက်ကတော့ သော့တစ်ချောင်း ပျောက်နေ ခဲ့လို့ပါပဲ။

အဲ့ဒီညတုန်းက သင်္ဘောရဲ့ ဒုတိယအရာရှိ David Blair ဟာ Charles Lightoller နဲ့တာဝန်လဲ ခဲ့တယ်။

Blair ထွက်သွားတဲ့ အချိန်မှာ Charles ကို မှန်ပြောင်း သိမ်းထားတဲ့ သေတ္တာသော့ ပေးဖို့မေ့သွားခဲ့တာကြောင့် မတော်တဆ ဖြစ်ရပ်ကြီး ဖြစ်သွားခဲ့တာပါ။

တကယ်လို့ သူ့မှာသာ မှန်ပြောင်း ရှိနေခဲ့ရင် ရေခဲတုံးကို အဝေးကနေ မြင်နိုင်ခဲ့ပြီး သင်္ဘောကို အချိန်မှီ လမ်းကြောင်းပြောင်းခဲ့ နိုင်လိမ့်မယ်လို့ သူက ပြောခဲ့ပါတယ်။

++++++++++++++++++++++++++++++++


၂။ ။ ၁၉၉၉ ခုႏွစ္က လႊတ္တင္ခဲ့တဲ့ Lockheed Martin လုိ႕ေခၚတဲ့ မားစ္ျဂိဳလ္တု တစ္ခုေပါ့။
ဒီျဂိဳလ္တုမွာဆုိရင္ မက္ထရစ္စနစ္ မသံုးတဲ႔  ျဗိတိန္ ေရတြက္စနစ္သံုးျပီး ဒံုးက်ည္ကို တည္ေဆာက္ခဲ့ျပီးေတာ့ Nasa ရဲ႕တြက္ခ်က္မႈ ေတြကိုလည္း လ်စ္လ်ဴရွဳကာ ျဂဳိလ္တုကုိ လႊတ္တင္လုိက္တယ္။
ျဂိဳလ္တုက လမ္းေၾကာင္းလြဲ သြားျပီးေတာ့ လိုက္ရွာ မရေတာ့ပဲ ဘယ္ကုိ ေရာက္သြားမွန္း မသိေတာ့ပါဘူး။
တကယ္လုိ႕သာ သူတုိ႕ မက္ထရစ္ စနစ္သံုးျပီး တြက္ခ်က္ ခဲ့မယ္ဆုိရင္ အခုလိုမ်ိဳး ကုန္က်စရိတ္ သန္းခ်ီျပီး တည္ေဆာက္ထားတဲ့ အရာတစ္ခုက အလကား ျဖစ္သြားခဲ့မွာ မဟုတ္ဘူး။
.
၂။ ။ ၁၉၉၉ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Lockheed Martin လို့ခေါ်တဲ့ မားစ်ဂြိုလ်တု တစ်ခုပေါ့။
ဒီဂြိုလ်တုမှာဆိုရင် မက်ထရစ်စနစ် မသုံးတဲ့  ဗြိတိန် ရေတွက်စနစ်သုံးပြီး ဒုံးကျည်ကို တည်ဆောက်ခဲ့ပြီးတော့ Nasa ရဲ့တွက်ချက်မှု တွေကိုလည်း လျစ်လျူရှုကာ ဂြိုလ်တုကို လွှတ်တင်လိုက်တယ်။
ဂြိုလ်တုက လမ်းကြောင်းလွဲ သွားပြီးတော့ လိုက်ရှာ မရတော့ပဲ ဘယ်ကို ရောက်သွားမှန်း မသိတော့ပါဘူး။
တကယ်လို့သာ သူတို့ မက်ထရစ် စနစ်သုံးပြီး တွက်ချက် ခဲ့မယ်ဆိုရင် အခုလိုမျိုး ကုန်ကျစရိတ် သန်းချီပြီး တည်ဆောက်ထားတဲ့ အရာတစ်ခုက အလကား ဖြစ်သွားခဲ့မှာ မဟုတ်ဘူး။
++++++++++++++++++++++++++


၃။ ။ ၁၉၆၁ ခုႏွစ္တုန္းက Bay of Pigs လုိ႕အမည္ရတဲ့ စစ္ဆင္ေရးတစ္ခု ရွိခဲ့တယ္။
ဒီစစ္ေဆးေရးဟာ ေျမျပင္တပ္ ေတြေရာ ေဝဟင္တပ္ ေတြေရာ ေပါင္းျပီးေတာ့ က်ဴးဘားကို တုိက္မယ့္ စစ္ဆင္ေရးပါပဲ။
ဒါေပမယ့္ ပင္တဂြန္ဟာ Nicaragua နဲ႕ Cuba ၾကားက အခ်ိန္ ျခားနားခ်က္ကို ထည့္မတြက္ခဲ့ မိတာေၾကာင့္ ေလယာဥ္ေတြဟာ တစ္နာရီ ေနာက္က်ျပီးမွ ေရာက္သြားတဲ့အတြက္
ေျမျပင္တပ္ေတြ အတုန္းအရံုး က်ဆံုးသြား ခဲ့တဲ့အတြက္ စစ္ရွံဳးခဲ့ ရပါတယ္။ အေမရိကန္ အစိုးရ နဲ႕ ပင္တဂြန္ ရဲ႕ စိတ္ပ်က္စရာ အေကာင္းဆံုး နဲ႕ အဆိုးရြားဆံုး အမွားတစ္ခုပါပဲ။
.
၃။ ။ ၁၉၆၁ ခုနှစ်တုန်းက Bay of Pigs လို့အမည်ရတဲ့ စစ်ဆင်ရေးတစ်ခု ရှိခဲ့တယ်။
ဒီစစ်ဆေးရေးဟာ မြေပြင်တပ် တွေရော ဝေဟင်တပ် တွေရော ပေါင်းပြီးတော့ ကျူးဘားကို တိုက်မယ့် စစ်ဆင်ရေးပါပဲ။
ဒါပေမယ့် ပင်တဂွန်ဟာ Nicaragua နဲ့ Cuba ကြားက အချိန် ခြားနားချက်ကို ထည့်မတွက်ခဲ့ မိတာကြောင့် လေယာဉ်တွေဟာ တစ်နာရီ နောက်ကျပြီးမှ ရောက်သွားတဲ့အတွက်
မြေပြင်တပ်တွေ အတုန်းအရုံး ကျဆုံးသွား ခဲ့တဲ့အတွက် စစ်ရှုံးခဲ့ ရပါတယ်။ အမေရိကန် အစိုးရ နဲ့ ပင်တဂွန် ရဲ့ စိတ်ပျက်စရာ အကောင်းဆုံး နဲ့ အဆိုးရွားဆုံး အမှားတစ်ခုပါပဲ။
++++++++++++++++++++++++++++++++++++


၄။ ။ အေမရိကန္ ေတာ္လွန္ေရး စစ္ပြဲမွာ ေဂ်ာ့ဝါရွင္တန္ဟာ Trenton ျမိဳ႕ကို တပ္စြဲထားတဲ့ Hessain စစ္သားေတြကုိ တိုက္ခိုက္ဖုိ႔ ေဆာင္းတြင္းၾကီး စစ္ခ်ီလာခဲ့တယ္။
ဒါကုိျမင္တဲ့ သစၥာခံ လယ္သမား တစ္ေယာက္ဟာ Hessain ကြန္မန္ဒါ တစ္ေယာက္ဆီကို စာတစ္ေစာင္ ေရးသား ပို႕ေဆာင္ခဲ့တယ္။
ကံဆိုးစြာပဲ Hessain ဟာ ဒီစာကို ေဖာက္မဖတ္ ခဲ့ပါဘူး ။ စစ္ပြဲမွာ သူက်သြားတဲ့ အခ်ိန္မွာ ကြန္မန္ဒါရဲ႕ အိတ္ကပ္ထဲမွာ စာေလးကို ပိတ္လ်က္သား ေတြ႕ခဲ့ရပါတယ္။
တကယ္လုိ႕ သူသာ ေဖာက္ဖတ္ျဖစ္ခဲ့ရင္ ရလဒ္က အၾကီးအက်ယ္ ေျပာင္းလဲ သြားခဲ့မွာပါ။
.
၄။ ။ အမေရိကန် တော်လှန်ရေး စစ်ပွဲမှာ ဂျော့ဝါရှင်တန်ဟာ Trenton မြို့ကို တပ်စွဲထားတဲ့ Hessain စစ်သားတွေကို တိုက်ခိုက်ဖို့ ဆောင်းတွင်းကြီး စစ်ချီလာခဲ့တယ်။
ဒါကိုမြင်တဲ့ သစ္စာခံ လယ်သမား တစ်ယောက်ဟာ Hessain ကွန်မန်ဒါ တစ်ယောက်ဆီကို စာတစ်စောင် ရေးသား ပို့ဆောင်ခဲ့တယ်။
ကံဆိုးစွာပဲ Hessain ဟာ ဒီစာကို ဖောက်မဖတ် ခဲ့ပါဘူး ။ စစ်ပွဲမှာ သူကျသွားတဲ့ အချိန်မှာ ကွန်မန်ဒါရဲ့ အိတ်ကပ်ထဲမှာ စာလေးကို ပိတ်လျက်သား တွေ့ခဲ့ရပါတယ်။
တကယ်လို့ သူသာ ဖောက်ဖတ်ဖြစ်ခဲ့ရင် ရလဒ်က အကြီးအကျယ် ပြောင်းလဲ သွားခဲ့မှာပါ။
+++++++++++++++++++++++++++++


၅။ ။ ၁၉၅၀ ျပည့္ႏွစ္တုန္းက ထုတ္လုပ္ခဲ့တဲ့ De Havilland လုိ႕ေခၚတဲ့ ေလယာဥ္ အမ်ိဳးအစားထဲက ႏွစ္စင္းဟာ ၁၉၅၄ ခုႏွစ္က ေလေပၚမွာ ေပါက္ကြဲသြားခဲ့ျပီး လူ ၅၄ ေယာက္ ေသဆံုးခဲ့ ရပါတယ္။
စစ္ေဆးေရး အရာရွိေတြက ေပါက္ကြဲရတဲ့ အေၾကာင္း အရင္းကုိ စစ္ေဆးတဲ့ အခါမွာေတာ့ ေလယာဥ္ရဲ႕ ျပတင္းေပါက္ ေတြေၾကာင့္ဆိုတာ ေတြ႕ရွိရပါတယ္။
ေလယာဥ္ ျပတင္းေပါက္ေတြဟာ ေလးေထာင့္ ျဖစ္ေနတဲ့အတြက္ ေထာင့္ေတြ ေနရာမွာ ဖိအား မ်ားလာတဲ့အခါ ကြဲအက္သြားျပီး ဖိအား မညီမွ်မႈေတြ ျဖစ္လာေစတဲ့ အတြက္ေၾကာင့္ပါပဲ။
.
၅။ ။ ၁၉၅၀ ပြည့်နှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ De Havilland လို့ခေါ်တဲ့ လေယာဉ် အမျိုးအစားထဲက နှစ်စင်းဟာ ၁၉၅၄ ခုနှစ်က လေပေါ်မှာ ပေါက်ကွဲသွားခဲ့ပြီး လူ ၅၄ ယောက် သေဆုံးခဲ့ ရပါတယ်။
စစ်ဆေးရေး အရာရှိတွေက ပေါက်ကွဲရတဲ့ အကြောင်း အရင်းကို စစ်ဆေးတဲ့ အခါမှာတော့ လေယာဉ်ရဲ့ ပြတင်းပေါက် တွေကြောင့်ဆိုတာ တွေ့ရှိရပါတယ်။
လေယာဉ် ပြတင်းပေါက်တွေဟာ လေးထောင့် ဖြစ်နေတဲ့အတွက် ထောင့်တွေ နေရာမှာ ဖိအား များလာတဲ့အခါ ကွဲအက်သွားပြီး ဖိအား မညီမျှမှုတွေ ဖြစ်လာစေတဲ့ အတွက်ကြောင့်ပါပဲ။
+++++++++++++++++++++++++++++++


၆။ ။ ၁၉၉၁ ခုႏွစ္တုန္းက ဝါရွင္တန္ ၊ ပစ္စဘာ့ ၊ ဘယ္တီမိုး ၊ ဆန္ဖရန္စစ္စကိုနဲ႕ LA ကလူေပါင္း ၁၂ သန္းေလာက္ ဖုန္းဆက္သြယ္မရ ျဖစ္ခဲ့တဲ့ အခိုက္အတန္႕ေပါ့။
ျဖစ္သြားခဲ့တဲ့ အေၾကာင္း အရင္းကေတာ့ ဖုန္းဆာဗာ ခ်ိန္းရတဲ့ ဝန္ထမ္းဟာ ကုတ္ရိုက္ရတဲ့ ေနရာမွာ D အစား 6 ကို ရိုက္မိခဲ့တဲ့ အတြက္ပါပဲ။
သူသာ နဲနဲေလာက္ အာရံုစိုက္ျပီး ကုတ္ရိုက္ ခဲ့မယ္ဆိုရင္ အခုလို ဖုန္းဆားဗစ္ ေဒါင္းသြားတာမ်ိဳး ျဖစ္မလာပဲ လူေတြလည္း ထိတ္လန္႕ခဲ့ၾကမွာ မဟုတ္ပါဘူး။
.
၆။ ။ ၁၉၉၁ ခုနှစ်တုန်းက ဝါရှင်တန် ၊ ပစ်စဘာ့ ၊ ဘယ်တီမိုး ၊ ဆန်ဖရန်စစ်စကိုနဲ့ LA ကလူပေါင်း ၁၂ သန်းလောက် ဖုန်းဆက်သွယ်မရ ဖြစ်ခဲ့တဲ့ အခိုက်အတန့်ပေါ့။
ဖြစ်သွားခဲ့တဲ့ အကြောင်း အရင်းကတော့ ဖုန်းဆာဗာ ချိန်းရတဲ့ ဝန်ထမ်းဟာ ကုတ်ရိုက်ရတဲ့ နေရာမှာ D အစား 6 ကို ရိုက်မိခဲ့တဲ့ အတွက်ပါပဲ။
သူသာ နဲနဲလောက် အာရုံစိုက်ပြီး ကုတ်ရိုက် ခဲ့မယ်ဆိုရင် အခုလို ဖုန်းဆားဗစ် ဒေါင်းသွားတာမျိုး ဖြစ်မလာပဲ လူတွေလည်း ထိတ်လန့်ခဲ့ကြမှာ မဟုတ်ပါဘူး။
+++++++++++++++++++++++++++++++


၇။ ။ ရုရွားမွ အေမရိကန္ကုိ ၇.၂ မီလ်ံေဒၚလာနဲ႕ ေရာင္းခဲ့တဲ့ ဟီရိုရွီးမား ဗံုးဟာ လူသန္းခ်ီရဲ႕ အသက္ကို ယူေဆာင္ သြားခဲ့တဲ့ ဟီရိုရွီးမား ဗံုးေပါက္ကြဲမႈ ျဖစ္ေစခဲ့တယ္။ ဒီေတာ့ ဒီေရာင္းဝယ္ မႈကုိလည္း အမွားတစ္ခုလို႕ သတ္မွတ္ ရလိမ့္မယ္။
.
၇။ ။ ရုရှားမှ အမေရိကန်ကို ၇.၂ မီလျံဒေါ်လာနဲ့ ရောင်းခဲ့တဲ့ ဟီရိုရှီးမား ဗုံးဟာ လူသန်းချီရဲ့ အသက်ကို ယူဆောင် သွားခဲ့တဲ့ ဟီရိုရှီးမား ဗုံးပေါက်ကွဲမှု ဖြစ်စေခဲ့တယ်။ ဒီတော့ ဒီရောင်းဝယ် မှုကိုလည်း အမှားတစ်ခုလို့ သတ်မှတ် ရလိမ့်မယ်။
+++++++++++++++++++++++++++


၈။ ။ 1631 ခုႏွစ္က King James ဘိုင္ဘယ္ကုိ ျပန္လည္ ထုတ္ေဝခဲ့သူ ႏွစ္ဦးျဖစ္တဲ့ Robert Barker နဲ႕ Martian Lucas ဟာ စကားေျပာခန္း တစ္ခုထဲက Adultery ဆိုတဲ့ စကားလံုးကုိ ထည့္ဖုိ႔ ေမ့သြားခဲ့တယ္။
King Charles လက္ထက္မွာ ဒီအမွားကုိ ေတြ႕ရွိခဲ့တဲ့ အခ်ိန္မွာေတာ့ သူတုိ႕ရဲ႕ လုပ္ငန္း လိုင္စင္ကုိ သိမ္းယူခဲ့ျပီး တစ္ႏွစ္စာ အျမတ္အစြန္း ေငြကိုလည္း ဒဏ္ေငြအျဖစ္ ေပးေဆာင္ ခုိင္းခဲ့ျပီး စာအုပ္အားလံုးကုိ မီးရွိဳ႕ ဖ်က္ဆီး ေစခဲ့တယ္။
.
၈။ ။ 1631 ခုနှစ်က King James ဘိုင်ဘယ်ကို ပြန်လည် ထုတ်ဝေခဲ့သူ နှစ်ဦးဖြစ်တဲ့ Robert Barker နဲ့ Martian Lucas ဟာ စကားပြောခန်း တစ်ခုထဲက Adultery ဆိုတဲ့ စကားလုံးကို ထည့်ဖို့ မေ့သွားခဲ့တယ်။
King Charles လက်ထက်မှာ ဒီအမှားကို တွေ့ရှိခဲ့တဲ့ အချိန်မှာတော့ သူတို့ရဲ့ လုပ်ငန်း လိုင်စင်ကို သိမ်းယူခဲ့ပြီး တစ်နှစ်စာ အမြတ်အစွန်း ငွေကိုလည်း ဒဏ်ငွေအဖြစ် ပေးဆောင် ခိုင်းခဲ့ပြီး စာအုပ်အားလုံးကို မီးရှို့ ဖျက်ဆီး စေခဲ့တယ်။
++++++++++++++++++++++++++++++++


၉။ ။ ၁၉၄၄ ခုႏွစ္တုန္းက ဥေရာပကို မဟာမိတ္ေတြ က်ဴးေက်ာ္ လာတာကို ခုခံတိုက္ခိုက္ ဖုိ႕အတြက္ Rommel ကို တာဝန္ေပး အပ္ျခင္းခံရတယ္။
၆ ပတ္အၾကာမွာ Rommel ဟာ သူ႕ဇနီး ေမြးေန႕ပြဲ က်င္းပဖုိ႕ အတြက္ ပိတ္ရက္မွာ အိမ္ျပန္ သြားခဲ့တယ္။
အဲ့ဒီေန႕မွာပဲ မဟာမိတ္ေတြ Normandy ကို က်ဴးေက်ာ္ တုိက္ခိုက္ခဲ့တယ္။ ဒုတိယ ကမၻာစစ္ရွံဳးရတဲ့ အေၾကာင္းအရင္းမွာ ဒီကိစၥက အရင္းခံတစ္ခုပဲ။
တကယ္လုိ႕သာ Rommel ရဲ႕ဇနီး ေမြးေန႕ဟာ တျခားေန႕မွာ ျဖစ္ခဲ့ရင္ သမုိင္းတစ္ခုလံုး ေျပာင္းလဲ သြားႏုိင္တယ္။
.
၉။ ။ ၁၉၄၄ ခုနှစ်တုန်းက ဥရောပကို မဟာမိတ်တွေ ကျူးကျော် လာတာကို ခုခံတိုက်ခိုက် ဖို့အတွက် Rommel ကို တာဝန်ပေး အပ်ခြင်းခံရတယ်။
၆ ပတ်အကြာမှာ Rommel ဟာ သူ့ဇနီး မွေးနေ့ပွဲ ကျင်းပဖို့ အတွက် ပိတ်ရက်မှာ အိမ်ပြန် သွားခဲ့တယ်။
အဲ့ဒီနေ့မှာပဲ မဟာမိတ်တွေ Normandy ကို ကျူးကျော် တိုက်ခိုက်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ရှုံးရတဲ့ အကြောင်းအရင်းမှာ ဒီကိစ္စက အရင်းခံတစ်ခုပဲ။
တကယ်လို့သာ Rommel ရဲ့ဇနီး မွေးနေ့ဟာ တခြားနေ့မှာ ဖြစ်ခဲ့ရင် သမိုင်းတစ်ခုလုံး ပြောင်းလဲ သွားနိုင်တယ်။
++++++++++++++++++++++++++


၁၀။ ။ ၁၉၆၉ ခုႏွစ္တုန္းက ဆိုဗီယက္ေတြ လဆီကို လႊတ္တင္ခဲ့တဲ့ အာကာသ ယာဥ္ရဲ႕ ဆီတုိင္ကီမွ မူလီ တစ္လံုးဟာ ေခ်ာင္ေန တဲ့အတြက္ တုန္ခါတဲ့ အခါမွာ ျပဳတ္ထြက္ျပီး ဆီပန္႕ထဲ ဝင္သြားပါတယ္။
ဒါဟာ လြန္းပ်ံယာဥ္ကုိ လႊတ္တင္ျပီး စကၠန္႕ ၂၀ အတြင္း ျဖစ္ပ်က္သြား ခဲ့တာျဖစ္ျပီး ဒီအမွား ေသးေသးေလးေၾကာင့္ လြန္းပ်ံယာဥ္ တစ္ခုလံုး ေပါက္ကြဲ သြားခဲ့ပါတယ္။
သမိုင္းတစ္ေလ်ာက္ ႏ်ဴကလိယား ေပါက္ကြဲမႈ မဟုတ္တဲ့ ေပါက္ကြဲမႈ ထဲမွာေတာ့ အၾကီးမားဆံုး ေပါက္ကြဲမႈ တစ္ခုပါပဲ။
.
၁၀။ ။ ၁၉၆၉ ခုနှစ်တုန်းက ဆိုဗီယက်တွေ လဆီကို လွှတ်တင်ခဲ့တဲ့ အာကာသ ယာဉ်ရဲ့ ဆီတိုင်ကီမှ မူလီ တစ်လုံးဟာ ချောင်နေ တဲ့အတွက် တုန်ခါတဲ့ အခါမှာ ပြုတ်ထွက်ပြီး ဆီပန့်ထဲ ဝင်သွားပါတယ်။
ဒါဟာ လွန်းပျံယာဉ်ကို လွှတ်တင်ပြီး စက္ကန့် ၂၀ အတွင်း ဖြစ်ပျက်သွား ခဲ့တာဖြစ်ပြီး ဒီအမှား သေးသေးလေးကြောင့် လွန်းပျံယာဉ် တစ်ခုလုံး ပေါက်ကွဲ သွားခဲ့ပါတယ်။
သမိုင်းတစ်လျောက် နျူကလိယား ပေါက်ကွဲမှု မဟုတ်တဲ့ ပေါက်ကွဲမှု ထဲမှာတော့ အကြီးမားဆုံး ပေါက်ကွဲမှု တစ်ခုပါပဲ။

Writer – Min Thu 
credit:Daily Hot News





No comments:

Post a Comment