မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 9, 2020

ဇြဲကပင္ေတာင္က လမ္းျပေလးေတြ

 ဇြဲကပင္ေတာင္က လမ္းျပေလးေတြ

----------------------------------------

ဧည့္သည္၏ ေရွ႕မွဦးေဆာင္ကာ ဇြဲကပင္ေတာင္သို႕ 

တက္ေနေသာ လမ္းျပေခြးကုိေတြ႕ရစဥ္ (ဓာတ္ပုံ−ေဇယ်ာေထြး)

ညအခ်ိန္  ျဖစ္ရသည့္ အထဲ ရာသီဥတုကလည္း ဆုိးေနတာေၾကာင့္ 

ဦးစုိးေအာင္အလွဴခံ မ႑ပ္ကုိ မသိမ္းေသးဘဲထုိင္ေန မိသည္။ 

ညေနကတည္းက ရြာ လုိက္သည့္မုိး ည ၉ နာရီထုိးခါနီး ထိတိုင္

မတိတ္ေသး။ တစ္ခ်က္ တစ္ခ်က္ေလကပါ ခပ္ျပင္းျပင္း ၀င္လာေတာ့ 

ေလတုိက္လုိက္ တိုင္း သစ္ပင္ႀကီးမ်ားကလည္း တရွဲရွဲျမည္သံေပးကာ

ယိမ္းကေန သည္။ ဦးစုိးေအာင္ေနထုိင္သည့္ ေနရာမွာ ဇြဲကပင္ေတာင္

ေျချဖစ္၍ အျခားေနရာမ်ားထက္ သစ္ႀကီး၀ါးႀကီး၊ အရိပ္ႀကီးထုိးေနသည့္

ေနရာ။ ဖ်တ္ခနဲလွ်ပ္စီး လက္လုိက္ခ်ိန္ဆုိ ေလႏွင့္မုိး၏ ေခၚေဆာင္ရာ 

သစ္ပင္မ်ားဟုိ ယမ္းသည္ခါေနသည္ကုိ အထင္း သားျမင္ေနရသည္။ 

ထုိအခ်ိန္ တြင္ မုိးေရစက္မ်ားၾကား ေတာင္ေျခ လမ္းအတိုင္း ဆင္းလာ

ေသာအရိပ္ ေလးတစ္ခုကုိ ဦးစုိးေအာင္ျမင္ လုိက္ရသည္။ 

ထုိအရိပ္ကေလး၏ ေနာက္တြင္ေတာ့ အရိပ္ႏွစ္ခု။


ေတာင္ေပၚမွ ခပ္သုတ္သုတ္ ဆင္းလာေသာ အရိပ္ေလးမ်ား 

တျဖည္းျဖည္း ဦးစုိးေအာင္၏အ လွဴခံမ႑ပ္ထဲ ေျပး၀င္လာၾကသည္။ 

အနားအေရာက္ ၾကည့္လုိက္ေတာ့ လူႏွစ္ေယာက္ႏွင့္ ေခြးတစ္ေကာင္။

အသက္(၄၀) ေက်ာ္အရြယ္ လင္မယားႏွစ္ ေယာက္က မုိးေရေတြရႊဲရႊဲ

စုိလုိ႔။ ဇြဲကပင္ေတာင္ေျခလည္းေရာက္၊ မုိးလုံေလလုံ အလွဴခံမ႑ပ္ထဲ 

ေရာက္လာေသာ္လည္း သူတို႔ ခမ်ာ စိတ္ခ်လက္ခ်မနားႏုိင္ရွာ။


ထမင္းဆိုင္ကုိ အသည္းအသန္ လိုက္ရွာၾကသည္။ ဦးစုိးေအာင္ကုိလည္း 

ထမင္းဆိုင္ဘယ္ နားရွိလဲဟုေမးသည္။ အခ်ိန္က ည ၉ နာရီေက်ာ္ေနၿပီမုိ႔ 

ထမင္း ဆိုင္မ်ားပိတ္ေနၿပီဟု ေျပာျပေတာ့ ေယာက်္ားျဖစ္သူက မိန္းမကုိ

ထားကာ ဇြဲကပင္ေတာင္ေျခ လုမၺိနီဥယ်ာဥ္ အျပင္ဘက္သုိ႔ ထမင္းထြက္

၀ယ္သည္။ သူတို႔ ထြက္၀ယ္သည့္ထမင္းမွာ သူတို႔ စားရန္မဟုတ္။ 

သူတို႔ႏွင့္အတူ ေတာင္ေပၚမွဆင္းလာေသာ ေခြး ေလးအတြက္။ 

မုိးေရေတြစုိရႊဲေနသည့္ ေခြးေလးအားထမင္းေကြၽး ေနသည့္ လင္မယား

ႏွစ္ေယာက္ ၏ ပုံရိပ္ကုိဦးစုိးေအာင္ ခုထိမွတ္မိေနေသးသည္။


‘‘သူတို႔လင္မယားႏွစ္ေယာက္ ေတာင္ေပၚကဆင္းလာေတာ့  မုိးနဲ႔၊ 

ေလနဲ႔ လမ္းမျမင္ရေပမယ့္ ေခြးေလးက ေအာက္ေရာက္ေအာင္

ေခၚလာေပးဖုိ႔ ေက်းဇူးေတြတင္ေနၾကတာ’’ ဟုဆံေတာ္ ရွင္ဇြဲကပင္

ဘက္စုံအလွဴခံဌာနမွ ဦးစုိးေအာင္က မုိးညတစ္ည၏ အျဖစ္အပ်က္ကုိ

ျပန္ေျပာျပသည္။


မုိးေလသည္းထန္သည့္ အခ်ိန္တြင္ပင္ ေတာင္ေပၚတြင္မေနခဲ့ဘဲ 

သူတို႔လင္မယားႏွင့္အတူ လိုက္ဆင္းသည့္အျပင္ ေတာင္ ဆင္းလမ္း

တစ္ေလွ်ာက္လုံး ေစာင့္ေခၚကာ ေတာင္ေျခသုိ႔ အႏၲရာယ္ ကင္းကင္း

ပုိ႔ေဆာင္ေပးခဲ့သျဖင့္ အဆုိပါလင္မယားက ေခြးေလး ကုိ ေက်းဇူးတင္

ေနၾကျခင္းျဖစ္သည္။ အဆုိပါလင္မယားကဲ့သုိ႔ ပင္ ဇြဲကပင္ေတာင္သုိ႔

တက္ဖူးၾကသူ အမ်ားစုသည္လည္း ေတာင္ေပၚသုိ႔ လိုက္တက္ေပးေသာ

လမ္း ျပေခြးေလးမ်ားကုိ တစ္ႀကိမ္ မဟုတ္ တစ္ႀကိမ္ေတာ့ ႀကံဳေတြ႕ 

ဖူးၾကပါလိမ့္မည္။ တိတိက်က် ဆုိရလွ်င္ ၂၀၁၇ မွစ၍ အဆုိပါ လမ္းျပ

ေခြးေလးမ်ား ဧည့္သည္ မ်ားႏွင့္အတူ ေတာင္ေပၚလုိက္ တက္ျခင္း

ျဖစ္သည္။ ၂၀၁၇ မတုိင္မီကေတာ့ ဇြဲကပင္ေတာင္ ေပၚတြင္ ေခြးမႀကီး

တစ္ေကာင္ရွိသည္။ ယင္းေခြးမႀကီးက ေတာင္ေပၚမွေတာင္ေအာက္

ဆင္းသည့္ ဧည့္သည္မ်ားႏွင့္အတူ ပါလာေလ့ ရွိသည္။ သုိ႔ေသာ္ 

သူက ေတာင္ေျခသုိ႔ ဧည့္သည္ႏွင့္လုိက္လာလွ်င္ ဇြဲကပင္ဘက္စုံ

အလွဴခံ မ႑ပ္ကုိ ေက်ာ္ေလ့မရွိ။ ယင္း အလွဴခံမ႑ပ္မွပင္ ေတာင္ေပၚသုိ႔ 

ျပန္တက္သြားေလ့ရွိသည္။ ၂၀၁၇ အတြင္းမွာ အဆိုပါေခြးမႀကီး အဆိပ္မိ၍

ေသသြားၿပီး ေနာက္ ေတာင္ေျခမွ အသက္ (၂) ႏွစ္ခြဲခန္႔ရွိသည့္ ေခြးေလး

ႏွစ္ေကာင္က ေခြးမႀကီး၏တာ၀န္ကုိ ပခုံးေျပာင္း ယူလုိက္ျခင္းျဖစ္သည္။


လမ္းျပေခြးဟုဆုိ၍ အျခား ႏုိင္ငံေတြမွာလုိ စနစ္တက် ေလ့က်င့္ေပးထား

သည့္ တန္ဖုိးႀကီး ေခြးမ်ားေတာ့မဟုတ္။ တန္ဖုိး ႀကီးအစားအစာ၊ အသား

ငါး စသျဖင့္ ဆီဦးေထာပတ္ေကြၽး၍ ေမြးရေသာ ေခြးေလးမ်ားလည္း

မဟုတ္ပါ။ သက္သတ္လြတ္ထမင္း စားႏုိင္ေသာ၊ ကိတ္မုန္႔အလြန္ႀကိဳက္ 

ေသာ အုန္းခြံေရာင္ ပိန္ပိန္က်စ္က်စ္ ဗမာေခြးေလးမ်ားသာျဖစ္သည္။ 

သူတို႔မွာ ၾကင္နာတတ္ သည့္ ဧည့္သည္မ်ားႏွင့္အတူ ေတာင္ေပၚသုိ႔

လုိက္တက္ရင္း လမ္းျပျဖစ္မွန္းမသိ ျဖစ္သြားၾကသည့္ ေခြးေလးမ်ား

ဆုိလွ်င္ ပုိမွန္ပါ လိမ့္မည္။


အဆုိပါေခြးႏွစ္ေကာင္သည္ ေတာင္ေျခတြင္ ေမြးၿပီးေတာင္ေျခ တြင္ပင္

ႀကီးျပင္းလာၾကျခင္းျဖစ္သည္။ ေမြးခ်င္းေခြးသုံးေကာင္အနက္ အမ

ႏွစ္ေကာင္က ေတာင္တက္ဧည့္သည္မ်ားအား ေန႔စဥ္ လမ္းျပေပးေလ့

ရွိသည္။ ဧည့္သည္မ်ားႏွင့္အတူ ေတာင္ေပၚ လုိက္တက္သည္။

ဧည့္သည္မ်ား ႏွင့္အတူ ဆင္းသည္။ ဧည့္သည္ မ်ားေတာင္ေပၚတြင္

အိပ္လွ်င္ သူတို႔ပါ ေတာင္ေပၚတြင္ လုိက္အိပ္တတ္သည္။ ထူးျခားခ်က္မွာ

သူတို႔ႏွင့္အတူ ေတာင္ေပၚသို႔တက္သည့္ ဧည့္သည္ျဖင့္သာ ခရီးဆုံးအထိ

လိုက္ေလ့ရွိသည္။ လမ္းတြင္ အျခားဧည့္သည္မ်ားေတြ႕၍ ေခၚလွ်င္လည္း

လုိက္ေလ့မရွိ။ စတက္သည့္ဧည့္သည္ ေတာင္ေပၚတက္၍ ေတာင္ေပၚမွ

ျပန္ဆင္းကာ ေတာင္ေျခေရာက္ သည္အထိ အတူလုိက္ေလ့ရွိသည္။ 

ေပ ၂,၀၀၀ ေက်ာ္ျမင့္ေသာ ဇြဲကပင္ေတာင္သုိ႔ ဇန္န၀ါရီႏွင့္ ေဖေဖာ္၀ါရီ

လမ်ားတြင္ ဧည့္သည္ လာေရာက္မႈမ်ားေလ့ရွိၿပီး ယင္း အခ်ိန္မ်ားတြင္ 

ေခြးကေလးႏွစ္ေကာင္လည္း ေန႔စဥ္အႀကိမ္ေရမ်ားမ်ား အတက္အဆင္း

လုပ္ၾက ရသည္။ ဧည့္မ်ားေသာေန႔တြင္ တစ္ေန႔တည္းႏွင့္ သုံးေခါက္

(အတက္အဆင္း ေျခာက္ေခါက္) လုိက္သည္မ်ားလည္းရွိေၾကာင္း 

ဦးစုိးေအာင္က ေျပာျပသည္။


ေတာင္ေျခသုိ႔ ခရီးသြားကားမ်ား ဆုိက္သည္ႏွင့္ သူတုိ႔မွာ ဖင္ တႂကြႂကြ၊ 

ဧည့္သည္မ်ားေနာက္က မေယာင္မလည္လုိက္ၾကည့္၍ သူတုိ႔ကုိအေရးလုပ္

ယုယၾကင္နာ လွ်င္ေတာ့ အဆုိပါဧည့္သည္မ်ား ႏွင့္အတူ ေတာင္ေပၚထိ

ပါသြား ေလ့ရွိသည္။


ေတာင္တက္လမ္း တစ္ေလွ်ာက္တြင္ ဧည့္သည္မ်ား၏ ေရွ႕မွ ဦးေဆာင္

သြားသည္။ အခ်ိဳ႕ေနရာမ်ားတြင္ ေတာင္တက္လမ္း ႏွစ္သြယ္ျဖစ္ေနလည္း

စိတ္ပူစရာ မရွိ။ လမ္းမသိ ေခြးေနာက္လုိက္ ဆုိသလုိ သူတို႔ေနာက္ကုိသာ

စိတ္ခ်လက္ခ် လုိက္သြား႐ုံပင္။ ဧည့္သည္မ်ားက ႐ႈခင္းၾကည့္ ဓာတ္ပုံ႐ုိက္

လွ်င္ ေခြးေလးက မလွမ္းမကမ္းတြင္ မေယာင္မလည္လုပ္ရင္း ေစာင့္ေန

တတ္သည္။ ဧည့္သည္မ်ားက မုန္႔ေကြၽးလွ်င္ စားၿပီး ေရတိုက္လွ်င္ 

ေသာက္ သည္။ မုန႔္မေကြၽးလည္း ျပႆနာ မရွိ။ ဧည့္သည္မ်ားႏွင့္အတူ 

ေတာင္ေပၚအထိ လုိက္သည္။ အခ်ိဳ႕ေနရာမ်ားတြင္ တက္ရသည္ မွာ 

မတ္ေစာက္သျဖင့္ ဧည့္သည္မ်ား ေမာပန္း၍ နားၾကလွ်င္ ေခြးေလးကလည္း

ဧည့္သည္မ်ားအနီးတြင္ လဲွအိပ္ရင္း ေစာင့္ေနတတ္သည္။ ဧည့္သည္မ်ား

အေမာေျပ၍ ထလွ်င္ေတာ့ သူကလဲွအိပ္ၿပီး က်န္ေနခဲ့ေလ့မရွိ။ 

တက္တက္ႂကြ ႂကြပင္ ေရွ႕မွဦးေဆာင္တက္သြား တတ္သည္။


‘‘ဇြဲကပင္ေတာင္ေျခေရာက္တာနဲ႔ အဲဒီေခြးေလးက အနားမွာ ရစ္သီရစ္သီ

လုပ္ေနတာ။ ထင္ ထားတာက ေတာင္ေပၚတက္ရင္ သူလွည့္ျပန္သြား

ေလာက္မယ္ ထင္တာ။ ေတာင္ကအျမင့္ႀကီးေလ။ တကယ္တမ္း ခရီး

ေလးပုံ တစ္ပုံေလာက္ေရာက္တဲ့အထိ လုိက္လာတုန္း။ သူကအေရွ႕က 

သြားလုိက္၊ ဓာတ္ပုံ႐ိုက္ေနရင္ အေရွ႕အနားမွာ ေစာင့္ေပးလုိက္ 

လုပ္ေနတာ။ သြားတာက မိန္းကေလးခ်ည္းပဲသုံးေယာက္။ ေခြး ေလးက

 လမ္းျပေပးသလုိျဖစ္ေနေတာ့ ေတာင္ေပၚတက္ရတာ စိတ္လုံၿခံဳမႈတစ္ခု

ေတာ့ ရသြားတယ္’’ ဟု ဇြဲကပင္ေတာင္တက္ခဲ့သည့္ မထက္ထက္မုိးျမင့္

က သူ ေတြ႕ခဲ့သည့္ လမ္းျပေခြးအေၾကာင္းကုိ ေျပာျပသည္။


ဧည့္သည္မ်ား၏ ေရွ႕မွ လမ္းျပရင္း ေခြးကေရွ႕ေရာက္ လြန္းေန၍ 

တစ္ခါတစ္ရံ မ်က္ျခည္ျပတ္က်န္ခဲ့သည့္အခါမ်ိဳး တြင္လည္း ျပန္လွည့္

လာၿပီး လာေခၚတတ္သည္။ မုိးရာသီကာလ မ်ားတြင္ ေတာင္တက္လမ္း

အခ်ိဳ႕ ေနရာမ်ား၌ ေတာင္က်ေရမ်ားေၾကာင့္ ေခ်ာေနလွ်င္လည္း 

ေရ ေျခာက္သည့္ဘက္မွ ဦးေဆာင္ ေခၚသြားတတ္သည္။


‘‘ခုမွေတြ႕ရတဲ့ အစိမ္းသက္ သက္ေပမယ့္ သူက ေတာင္တက္ လမ္း

တစ္ေလွ်ာက္ နီးနီးကပ္ကပ္ နဲ႔ သူ႔သခင္လုိမ်ိဳး အိမ္မွာေမြးထားလုိ႔ 

အေဖာ္ေခၚလာတဲ့ပုံစံနဲ႔ လုိက္လာတာ’’ဟု ဘားအံတြင္ ေနထုိင္ကာ 

ဇြဲကပင္ေတာင္သုိ႔ မၾကာခဏတက္ေလ့ရွိေသာ ကုိ ၫြန္႔၀င္းက 

ေတာင္တက္ေခြးေလးမ်ား အေၾကာင္းကုိ ေျပာျပသည္။


 ေတာင္ေပၚသုိ႔ေရာက္လွ်င္ ဧည့္သည္က ေတာင္ေပၚဆုိင္မွ ကိတ္မုန္႔ 

၀ယ္ေကြၽးသည္။ လမ္းျပ ေခြးႏွစ္ေကာင္စလုံးက ကိတ္မုန္႔ အလြန္ႀကိဳက္

ေၾကာင္း ေတာင္ေပၚမွ ဆုိင္ရွင္အမ်ိဳးသားက ဆုိသည္။ ထုိ႔ေၾကာင့္ 

ေတာင္ေပၚ ေရာက္သည့္ ဧည့္သည္မွန္သမွ် လမ္းျပေခြးမ်ားကုိ ကိတ္မုန္႔

သာ ေကြၽးၾကသည္။ ကိတ္မုန္႔အ၀စား ၿပီးလွ်င္ေတာ့ သူလုိက္ခဲ့ေသာ 

ဧည့္သည္အနီးတြင္ ၿငိမ္သက္စြာ အေမာေျဖ လဲေလ်ာင္းေနတတ္သည္။


 ‘‘သူတို႔က အရမ္းဉာဏ္ ေကာင္းတယ္။ ကိတ္မုန္႔ေကြၽးရင္ ခ်က္ခ်င္း

စားတယ္။ ေပါင္မုန္႔ဆုိ လွ်င္ ခ်ီၿပီး သြားဝွက္တယ္။ ေန႔ဖုိ႔ ညစာေလ။ 

ကိတ္မုန္႔က်ေတာ့ သဲ ေပေတာ့ ခ်က္ခ်င္းစားတယ္။ အလည္ေတြ’’ဟု 

ဇြဲကပင္ေတာင္ ႏွစ္ႀကိမ္တက္ခဲ့သည့္ မေ၀မာထြန္းက လမ္းျပေခြးေလး

မ်ား၏ အမူအက်င့္ကုိေျပာျပသည္။


ဧည့္သည္က အနားယူ အေမာေျဖ၊ ႐ႈခင္းၾကည့္ ဘုရားရွိခုိး ၿပီး၍ 

ေတာင္ေအာက္ဆင္းဖုိ႔ျပင္ လွ်င္ေတာ့ လမ္းျပေခြးေလးလည္း 

ေတာင္ေအာက္လိုက္ဖုိ႔ျပင္ၿပီ။ လဲေလ်ာင္းေနရာမွထကာ ဧည့္သည္ေရွ႕မွ

ဆင္းေတာ့သည္။ လုိက္ခဲ့ ဟု ေခၚစရာလည္းမလုိ။ သူႏွင့္အတူတက္ခဲ့

ေသာ ဧည့္သည္၏ အရိပ္အကဲကုိၾကည့္၍ ေရွ႕မွ ဦး ေဆာင္ဆင္းေတာ့

သည္။ ေတာင္ ဆင္းလမ္းတစ္ေလွ်ာက္လုံး ဦး ေဆာင္ေခၚလာၿပီး 

ေတာင္ေျခဆံေတာ္ရွင္ ဘက္စုံအလွဴခံမ႑ပ္ကုိ ေက်ာ္လွ်င္ေတာ့ 

ဧည့္သည္မ်ားက မုန္႔ဆုိင္ထဲကုိ ဦးစြာ၀င္ေတာ့သည္။ မုန္႔ဆိုင္မွ ကိတ္မုန္႔

ဝယ္၍ လမ္းျပေခြးေလးကုိ ေကြၽးၿပီးေတာ့ ႏႈတ္ဆက္ကာ လမ္းခြဲၾကသည္။


 ‘‘တခ်ိဳ႕ဧည့္သည္က်ေတာ့ လည္း ဆင္းလာတာေနာက္က်၊ ဆိုင္ကပိတ္

ေနေတာ့ ေခြးေလးကုိ မုန္႔ေကြၽးေပးပါဆုိၿပီး ေငြေပးသြားတယ္။ ကြၽန္ေတာ္

တို႔ပဲ မုန္႔၀ယ္ၿပီး ေကြၽးရတာေပါ့’’ ဟု ဦးစုိးေအာင္ က ေျပာသည္။


 ယင္းမွာ လမ္းျပေခြးႏွစ္ေကာင္၏ နိစၥဓူ၀ သူတို႔ဘာသာ ယူထားေသာ

တာ၀န္။ မုိးရြာရြာ၊ ေနပူပူ ေတာင္ေပၚမတက္သည့္ ေန႔ဟူ၍ မရွိေၾကာင္း 

ဇြဲကပင္ေတာင္ေျခတြင္ ေနထုိင္သည္မွာ သံုးႏွစ္ရွိၿပီျဖစ္သည့္ 

ဦးစုိးေအာင္ က ေျပာသည္။


ထူးျခားခ်က္အေနျဖင့္ အဆုိပါ ေခြးႏွစ္ေကာင္သည္ ႏုိင္ငံျခားသား

ဧည့္သည္မ်ားႏွင့္အတူ လုိက္ေလ့မရွိဘဲ ျပည္တြင္းဧည့္သည္ မ်ားႏွင့္သာ

လုိက္ေလ့ရွိေၾကာင္း ဦးစုိးေအာင္က ေျပာသည္။ ႏုိင္ငံျခားသားမ်ားကလည္း

သူတို႔ကုိ အေရးမလုပ္သျဖင့္ မလုိက္ျခင္း ျဖစ္ႏုိင္ေၾကာင္း ၎၏အျမင္ကုိ 

ေျပာသည္။


‘‘မုိးတြင္းက်ေတာ့ ဧည့္သည္ နည္းတယ္။ ဧည့္သည္နည္းေတာ့ သူတို႔

သက္သာတာေပါ့။ ဒါေပမဲ့ အနည္းဆုံး တစ္ေခါက္ေတာ့ တက္ရတာပါပဲ’’

ဟု ၎ကေျပာသည္။


ေခြးေလးမ်ားမွာ ေတာင္ေျခ လုမၺိနီဥယ်ာဥ္ ဆြမ္းစားေက်ာင္း မ်ားတြင္ 

ထမင္းစားသည္။ သာသနာ့နယ္ေျမအတြင္း သက္သတ္လြတ္စားၾကသည္

ျဖစ္၍ ကန္စြန္းရြက္ေၾကာ္၊ ႐ုံးပတီသီးေၾကာ္၊ ပဲ ဟင္း စသည္တို႔ႏွင့္ 

နယ္ေကြၽး ေၾကာင္း၊ တစ္ေန႔ႏွစ္ႀကိမ္ေကြၽးေၾကာင္း ဦးစုိးေအာင္က 

ေျပာျပသည္။


 ညဘက္ေရာက္လွ်င္ေတာ့ လမ္းျပေခြးေလးမ်ား၏ နားခုိရာ မွာ 

ေကဘယ္လ္အလွဴခံမ႑ပ္ ေနာက္ေက်ာဘက္ရွိ သစ္စက္ တြင္

ျဖစ္သည္။ ေန႔စဥ္ နံနက္ ၆ နာရီေလာက္ဆုိ ဇြဲကပင္ဘက္စုံ အလွဴခံ

မ႑ပ္အတြင္းရွိ ခုံေဘး တြင္ထုိင္ကာ ဧည့္သည္မ်ား လာရာလမ္းကုိ 

ေမွ်ာ္ၾကည့္ေနေလ့ရွိသည္။


‘‘ဧည့္သည္ေတြ ကားထုိးတဲ့ ဘက္ကုိ ေမွ်ာ္ၾကည့္ေနတာ။ ၿပီး ရင္ 

အနားသြားၿပီး လုိက္နမ္းၾကည့္တယ္။ သူတို႔ကုိ မလုိလားတဲ့ပုံစံ 

မျပဘူးဆုိရင္ေတာ့ အဲဒါလုိက္ တက္သြားေတာ့တာပဲ’’ ဟု 

ဦးစုိးေအာင္က ေျပာသည္။


ယခင္အဆိပ္သင့္ေသဆုံးခဲ့ေသာ ေခြးမႀကီးကပဲ သူတို႔ကုိ မွာၾကားခဲ့သြား

ေလသလား၊ ေခြးမ ႀကီးဆီကပဲ ေကာင္းေသာအေမြ ကို သူတို႔ဘာသာ 

သင္အံဆက္ခံ ခဲ့ေလသလားေတာ့မသိ။ သာသနာ့ေျမဇြဲကပင္ေတာင္တြင္

သူတို႔၏ အျပဳအမူက စိမ္းစုိေနေသာ ေတာရိပ္၊ ေတာင္ရိပ္မ်ားႏွင့္ အၿပိဳင္

လွပေနသည္။


မေကြၽးလည္း မျငဴစူ။ သူ႔ တာ၀န္သူ ၿပီးဆုံးသည္အထိ လုပ္ေဆာင္ရင္း

တန္ဖုိးရွိလွေသာ ေခြး မ်ားအျဖစ္ ဇြဲကပင္ေတာင္သုိ႔ လာသည့္ 

ဧည့္သည္မ်ားကုိ ေမွ်ာ္ေနဦးမည္မွာ အေသအခ်ာပင္ျဖစ္သည္။      ။


source:myanmar24h

credit:7daydaily

========================


ဇွဲကပင်တောင်က လမ်းပြလေးတွေ

----------------------------------------


ဧည့်သည်၏ ရှေ့မှဦးဆောင်ကာ ဇွဲကပင်တောင်သို့ 

တက်နေသော လမ်းပြခွေးကိုတွေ့ရစဉ် (ဓာတ်ပုံ−ဇေယျာထွေး)


ညအချိန်  ဖြစ်ရသည့် အထဲ ရာသီဥတုကလည်း ဆိုးနေတာကြောင့် 

ဦးစိုးအောင်အလှူခံ မဏ္ဍပ်ကို မသိမ်းသေးဘဲထိုင်နေ မိသည်။ 

ညနေကတည်းက ရွာ လိုက်သည့်မိုး ည ၉ နာရီထိုးခါနီး ထိတိုင်

မတိတ်သေး။ တစ်ချက် တစ်ချက်လေကပါ ခပ်ပြင်းပြင်း ဝင်လာတော့ 

လေတိုက်လိုက် တိုင်း သစ်ပင်ကြီးများကလည်း တရှဲရှဲမြည်သံပေးကာ

ယိမ်းကနေ သည်။ ဦးစိုးအောင်နေထိုင်သည့် နေရာမှာ ဇွဲကပင်တောင်

ခြေဖြစ်၍ အခြားနေရာများထက် သစ်ကြီးဝါးကြီး၊ အရိပ်ကြီးထိုးနေသည့်

နေရာ။ ဖျတ်ခနဲလျှပ်စီး လက်လိုက်ချိန်ဆို လေနှင့်မိုး၏ ခေါ်ဆောင်ရာ 

သစ်ပင်များဟို ယမ်းသည်ခါနေသည်ကို အထင်း သားမြင်နေရသည်။ 

ထိုအချိန် တွင် မိုးရေစက်များကြား တောင်ခြေ လမ်းအတိုင်း ဆင်းလာ

သောအရိပ် လေးတစ်ခုကို ဦးစိုးအောင်မြင် လိုက်ရသည်။ 

ထိုအရိပ်ကလေး၏ နောက်တွင်တော့ အရိပ်နှစ်ခု။


တောင်ပေါ်မှ ခပ်သုတ်သုတ် ဆင်းလာသော အရိပ်လေးများ 

တဖြည်းဖြည်း ဦးစိုးအောင်၏အ လှူခံမဏ္ဍပ်ထဲ ပြေးဝင်လာကြသည်။ 

အနားအရောက် ကြည့်လိုက်တော့ လူနှစ်ယောက်နှင့် ခွေးတစ်ကောင်။

အသက်(၄၀) ကျော်အရွယ် လင်မယားနှစ် ယောက်က မိုးရေတွေရွှဲရွှဲ

စိုလို့။ ဇွဲကပင်တောင်ခြေလည်းရောက်၊ မိုးလုံလေလုံ အလှူခံမဏ္ဍပ်ထဲ 

ရောက်လာသော်လည်း သူတို့ ခမျာ စိတ်ချလက်ချမနားနိုင်ရှာ။


ထမင်းဆိုင်ကို အသည်းအသန် လိုက်ရှာကြသည်။ ဦးစိုးအောင်ကိုလည်း 

ထမင်းဆိုင်ဘယ် နားရှိလဲဟုမေးသည်။ အချိန်က ည ၉ နာရီကျော်နေပြီမို့ 

ထမင်း ဆိုင်များပိတ်နေပြီဟု ပြောပြတော့ ယောကျ်ားဖြစ်သူက မိန်းမကို

ထားကာ ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ် အပြင်ဘက်သို့ ထမင်းထွက်

ဝယ်သည်။ သူတို့ ထွက်ဝယ်သည့်ထမင်းမှာ သူတို့ စားရန်မဟုတ်။ 

သူတို့နှင့်အတူ တောင်ပေါ်မှဆင်းလာသော ခွေး လေးအတွက်။ 

မိုးရေတွေစိုရွှဲနေသည့် ခွေးလေးအားထမင်းကျွေး နေသည့် လင်မယား

နှစ်ယောက် ၏ ပုံရိပ်ကိုဦးစိုးအောင် ခုထိမှတ်မိနေသေးသည်။


‘‘သူတို့လင်မယားနှစ်ယောက် တောင်ပေါ်ကဆင်းလာတော့  မိုးနဲ့၊ 

လေနဲ့ လမ်းမမြင်ရပေမယ့် ခွေးလေးက အောက်ရောက်အောင်

ခေါ်လာပေးဖို့ ကျေးဇူးတွေတင်နေကြတာ’’ ဟုဆံတော် ရှင်ဇွဲကပင်

ဘက်စုံအလှူခံဌာနမှ ဦးစိုးအောင်က မိုးညတစ်ည၏ အဖြစ်အပျက်ကို

ပြန်ပြောပြသည်။


မိုးလေသည်းထန်သည့် အချိန်တွင်ပင် တောင်ပေါ်တွင်မနေခဲ့ဘဲ 

သူတို့လင်မယားနှင့်အတူ လိုက်ဆင်းသည့်အပြင် တောင် ဆင်းလမ်း

တစ်လျှောက်လုံး စောင့်ခေါ်ကာ တောင်ခြေသို့ အန္တရာယ် ကင်းကင်း

ပို့ဆောင်ပေးခဲ့သဖြင့် အဆိုပါလင်မယားက ခွေးလေး ကို ကျေးဇူးတင်

နေကြခြင်းဖြစ်သည်။ အဆိုပါလင်မယားကဲ့သို့ ပင် ဇွဲကပင်တောင်သို့

တက်ဖူးကြသူ အများစုသည်လည်း တောင်ပေါ်သို့ လိုက်တက်ပေးသော

လမ်း ပြခွေးလေးများကို တစ်ကြိမ် မဟုတ် တစ်ကြိမ်တော့ ကြုံတွေ့ 

ဖူးကြပါလိမ့်မည်။ တိတိကျကျ ဆိုရလျှင် ၂၀၁၇ မှစ၍ အဆိုပါ လမ်းပြ

ခွေးလေးများ ဧည့်သည် များနှင့်အတူ တောင်ပေါ်လိုက် တက်ခြင်း

ဖြစ်သည်။ ၂၀၁၇ မတိုင်မီကတော့ ဇွဲကပင်တောင် ပေါ်တွင် ခွေးမကြီး

တစ်ကောင်ရှိသည်။ ယင်းခွေးမကြီးက တောင်ပေါ်မှတောင်အောက်

ဆင်းသည့် ဧည့်သည်များနှင့်အတူ ပါလာလေ့ ရှိသည်။ သို့သော် 

သူက တောင်ခြေသို့ ဧည့်သည်နှင့်လိုက်လာလျှင် ဇွဲကပင်ဘက်စုံ

အလှူခံ မဏ္ဍပ်ကို ကျော်လေ့မရှိ။ ယင်း အလှူခံမဏ္ဍပ်မှပင် တောင်ပေါ်သို့ 

ပြန်တက်သွားလေ့ရှိသည်။ ၂၀၁၇ အတွင်းမှာ အဆိုပါခွေးမကြီး အဆိပ်မိ၍

သေသွားပြီး နောက် တောင်ခြေမှ အသက် (၂) နှစ်ခွဲခန့်ရှိသည့် ခွေးလေး

နှစ်ကောင်က ခွေးမကြီး၏တာဝန်ကို ပခုံးပြောင်း ယူလိုက်ခြင်းဖြစ်သည်။


လမ်းပြခွေးဟုဆို၍ အခြား နိုင်ငံတွေမှာလို စနစ်တကျ လေ့ကျင့်ပေးထား

သည့် တန်ဖိုးကြီး ခွေးများတော့မဟုတ်။ တန်ဖိုး ကြီးအစားအစာ၊ အသား

ငါး စသဖြင့် ဆီဦးထောပတ်ကျွေး၍ မွေးရသော ခွေးလေးများလည်း

မဟုတ်ပါ။ သက်သတ်လွတ်ထမင်း စားနိုင်သော၊ ကိတ်မုန့်အလွန်ကြိုက် 

သော အုန်းခွံရောင် ပိန်ပိန်ကျစ်ကျစ် ဗမာခွေးလေးများသာဖြစ်သည်။ 

သူတို့မှာ ကြင်နာတတ် သည့် ဧည့်သည်များနှင့်အတူ တောင်ပေါ်သို့

လိုက်တက်ရင်း လမ်းပြဖြစ်မှန်းမသိ ဖြစ်သွားကြသည့် ခွေးလေးများ

ဆိုလျှင် ပိုမှန်ပါ လိမ့်မည်။


အဆိုပါခွေးနှစ်ကောင်သည် တောင်ခြေတွင် မွေးပြီးတောင်ခြေ တွင်ပင်

ကြီးပြင်းလာကြခြင်းဖြစ်သည်။ မွေးချင်းခွေးသုံးကောင်အနက် အမ

နှစ်ကောင်က တောင်တက်ဧည့်သည်များအား နေ့စဉ် လမ်းပြပေးလေ့

ရှိသည်။ ဧည့်သည်များနှင့်အတူ တောင်ပေါ် လိုက်တက်သည်။

ဧည့်သည်များ နှင့်အတူ ဆင်းသည်။ ဧည့်သည် များတောင်ပေါ်တွင်

အိပ်လျှင် သူတို့ပါ တောင်ပေါ်တွင် လိုက်အိပ်တတ်သည်။ ထူးခြားချက်မှာ

သူတို့နှင့်အတူ တောင်ပေါ်သို့တက်သည့် ဧည့်သည်ဖြင့်သာ ခရီးဆုံးအထိ

လိုက်လေ့ရှိသည်။ လမ်းတွင် အခြားဧည့်သည်များတွေ့၍ ခေါ်လျှင်လည်း

လိုက်လေ့မရှိ။ စတက်သည့်ဧည့်သည် တောင်ပေါ်တက်၍ တောင်ပေါ်မှ

ပြန်ဆင်းကာ တောင်ခြေရောက် သည်အထိ အတူလိုက်လေ့ရှိသည်။ 

ပေ ၂,၀၀၀ ကျော်မြင့်သော ဇွဲကပင်တောင်သို့ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ

လများတွင် ဧည့်သည် လာရောက်မှုများလေ့ရှိပြီး ယင်း အချိန်များတွင် 

ခွေးကလေးနှစ်ကောင်လည်း နေ့စဉ်အကြိမ်ရေများများ အတက်အဆင်း

လုပ်ကြ ရသည်။ ဧည့်များသောနေ့တွင် တစ်နေ့တည်းနှင့် သုံးခေါက်

(အတက်အဆင်း ခြောက်ခေါက်) လိုက်သည်များလည်းရှိကြောင်း 

ဦးစိုးအောင်က ပြောပြသည်။


တောင်ခြေသို့ ခရီးသွားကားများ ဆိုက်သည်နှင့် သူတို့မှာ ဖင် တကြွကြွ၊ 

ဧည့်သည်များနောက်က မယောင်မလည်လိုက်ကြည့်၍ သူတို့ကိုအရေးလုပ်

ယုယကြင်နာ လျှင်တော့ အဆိုပါဧည့်သည်များ နှင့်အတူ တောင်ပေါ်ထိ

ပါသွား လေ့ရှိသည်။


တောင်တက်လမ်း တစ်လျှောက်တွင် ဧည့်သည်များ၏ ရှေ့မှ ဦးဆောင်

သွားသည်။ အချို့နေရာများတွင် တောင်တက်လမ်း နှစ်သွယ်ဖြစ်နေလည်း

စိတ်ပူစရာ မရှိ။ လမ်းမသိ ခွေးနောက်လိုက် ဆိုသလို သူတို့နောက်ကိုသာ

စိတ်ချလက်ချ လိုက်သွားရုံပင်။ ဧည့်သည်များက ရှုခင်းကြည့် ဓာတ်ပုံရိုက်

လျှင် ခွေးလေးက မလှမ်းမကမ်းတွင် မယောင်မလည်လုပ်ရင်း စောင့်နေ

တတ်သည်။ ဧည့်သည်များက မုန့်ကျွေးလျှင် စားပြီး ရေတိုက်လျှင် 

သောက် သည်။ မုန့်မကျွေးလည်း ပြဿနာ မရှိ။ ဧည့်သည်များနှင့်အတူ 

တောင်ပေါ်အထိ လိုက်သည်။ အချို့နေရာများတွင် တက်ရသည် မှာ 

မတ်စောက်သဖြင့် ဧည့်သည်များ မောပန်း၍ နားကြလျှင် ခွေးလေးကလည်း

ဧည့်သည်များအနီးတွင် လဲှအိပ်ရင်း စောင့်နေတတ်သည်။ ဧည့်သည်များ

အမောပြေ၍ ထလျှင်တော့ သူကလဲှအိပ်ပြီး ကျန်နေခဲ့လေ့မရှိ။ 

တက်တက်ကြွ ကြွပင် ရှေ့မှဦးဆောင်တက်သွား တတ်သည်။


‘‘ဇွဲကပင်တောင်ခြေရောက်တာနဲ့ အဲဒီခွေးလေးက အနားမှာ ရစ်သီရစ်သီ

လုပ်နေတာ။ ထင် ထားတာက တောင်ပေါ်တက်ရင် သူလှည့်ပြန်သွား

လောက်မယ် ထင်တာ။ တောင်ကအမြင့်ကြီးလေ။ တကယ်တမ်း ခရီး

လေးပုံ တစ်ပုံလောက်ရောက်တဲ့အထိ လိုက်လာတုန်း။ သူကအရှေ့က 

သွားလိုက်၊ ဓာတ်ပုံရိုက်နေရင် အရှေ့အနားမှာ စောင့်ပေးလိုက် 

လုပ်နေတာ။ သွားတာက မိန်းကလေးချည်းပဲသုံးယောက်။ ခွေး လေးက

 လမ်းပြပေးသလိုဖြစ်နေတော့ တောင်ပေါ်တက်ရတာ စိတ်လုံခြုံမှုတစ်ခု

တော့ ရသွားတယ်’’ ဟု ဇွဲကပင်တောင်တက်ခဲ့သည့် မထက်ထက်မိုးမြင့်

က သူ တွေ့ခဲ့သည့် လမ်းပြခွေးအကြောင်းကို ပြောပြသည်။


ဧည့်သည်များ၏ ရှေ့မှ လမ်းပြရင်း ခွေးကရှေ့ရောက် လွန်းနေ၍ 

တစ်ခါတစ်ရံ မျက်ခြည်ပြတ်ကျန်ခဲ့သည့်အခါမျိုး တွင်လည်း ပြန်လှည့်

လာပြီး လာခေါ်တတ်သည်။ မိုးရာသီကာလ များတွင် တောင်တက်လမ်း

အချို့ နေရာများ၌ တောင်ကျရေများကြောင့် ချောနေလျှင်လည်း 

ရေ ခြောက်သည့်ဘက်မှ ဦးဆောင် ခေါ်သွားတတ်သည်။


‘‘ခုမှတွေ့ရတဲ့ အစိမ်းသက် သက်ပေမယ့် သူက တောင်တက် လမ်း

တစ်လျှောက် နီးနီးကပ်ကပ် နဲ့ သူ့သခင်လိုမျိုး အိမ်မှာမွေးထားလို့ 

အဖော်ခေါ်လာတဲ့ပုံစံနဲ့ လိုက်လာတာ’’ဟု ဘားအံတွင် နေထိုင်ကာ 

ဇွဲကပင်တောင်သို့ မကြာခဏတက်လေ့ရှိသော ကို ညွန့်ဝင်းက 

တောင်တက်ခွေးလေးများ အကြောင်းကို ပြောပြသည်။


 တောင်ပေါ်သို့ရောက်လျှင် ဧည့်သည်က တောင်ပေါ်ဆိုင်မှ ကိတ်မုန့် 

ဝယ်ကျွေးသည်။ လမ်းပြ ခွေးနှစ်ကောင်စလုံးက ကိတ်မုန့် အလွန်ကြိုက်

ကြောင်း တောင်ပေါ်မှ ဆိုင်ရှင်အမျိုးသားက ဆိုသည်။ ထို့ကြောင့် 

တောင်ပေါ် ရောက်သည့် ဧည့်သည်မှန်သမျှ လမ်းပြခွေးများကို ကိတ်မုန့်

သာ ကျွေးကြသည်။ ကိတ်မုန့်အဝစား ပြီးလျှင်တော့ သူလိုက်ခဲ့သော 

ဧည့်သည်အနီးတွင် ငြိမ်သက်စွာ အမောဖြေ လဲလျောင်းနေတတ်သည်။


 ‘‘သူတို့က အရမ်းဉာဏ် ကောင်းတယ်။ ကိတ်မုန့်ကျွေးရင် ချက်ချင်း

စားတယ်။ ပေါင်မုန့်ဆို လျှင် ချီပြီး သွားဝှက်တယ်။ နေ့ဖို့ ညစာလေ။ 

ကိတ်မုန့်ကျတော့ သဲ ပေတော့ ချက်ချင်းစားတယ်။ အလည်တွေ’’ဟု 

ဇွဲကပင်တောင် နှစ်ကြိမ်တက်ခဲ့သည့် မဝေမာထွန်းက လမ်းပြခွေးလေး

များ၏ အမူအကျင့်ကိုပြောပြသည်။


ဧည့်သည်က အနားယူ အမောဖြေ၊ ရှုခင်းကြည့် ဘုရားရှိခိုး ပြီး၍ 

တောင်အောက်ဆင်းဖို့ပြင် လျှင်တော့ လမ်းပြခွေးလေးလည်း 

တောင်အောက်လိုက်ဖို့ပြင်ပြီ။ လဲလျောင်းနေရာမှထကာ ဧည့်သည်ရှေ့မှ

ဆင်းတော့သည်။ လိုက်ခဲ့ ဟု ခေါ်စရာလည်းမလို။ သူနှင့်အတူတက်ခဲ့

သော ဧည့်သည်၏ အရိပ်အကဲကိုကြည့်၍ ရှေ့မှ ဦး ဆောင်ဆင်းတော့

သည်။ တောင် ဆင်းလမ်းတစ်လျှောက်လုံး ဦး ဆောင်ခေါ်လာပြီး 

တောင်ခြေဆံတော်ရှင် ဘက်စုံအလှူခံမဏ္ဍပ်ကို ကျော်လျှင်တော့ 

ဧည့်သည်များက မုန့်ဆိုင်ထဲကို ဦးစွာဝင်တော့သည်။ မုန့်ဆိုင်မှ ကိတ်မုန့်

ဝယ်၍ လမ်းပြခွေးလေးကို ကျွေးပြီးတော့ နှုတ်ဆက်ကာ လမ်းခွဲကြသည်။


 ‘‘တချို့ဧည့်သည်ကျတော့ လည်း ဆင်းလာတာနောက်ကျ၊ ဆိုင်ကပိတ်

နေတော့ ခွေးလေးကို မုန့်ကျွေးပေးပါဆိုပြီး ငွေပေးသွားတယ်။ ကျွန်တော်

တို့ပဲ မုန့်ဝယ်ပြီး ကျွေးရတာပေါ့’’ ဟု ဦးစိုးအောင် က ပြောသည်။


 ယင်းမှာ လမ်းပြခွေးနှစ်ကောင်၏ နိစ္စဓူ၀ သူတို့ဘာသာ ယူထားသော

တာဝန်။ မိုးရွာရွာ၊ နေပူပူ တောင်ပေါ်မတက်သည့် နေ့ဟူ၍ မရှိကြောင်း 

ဇွဲကပင်တောင်ခြေတွင် နေထိုင်သည်မှာ သုံးနှစ်ရှိပြီဖြစ်သည့် 

ဦးစိုးအောင် က ပြောသည်။


ထူးခြားချက်အနေဖြင့် အဆိုပါ ခွေးနှစ်ကောင်သည် နိုင်ငံခြားသား

ဧည့်သည်များနှင့်အတူ လိုက်လေ့မရှိဘဲ ပြည်တွင်းဧည့်သည် များနှင့်သာ

လိုက်လေ့ရှိကြောင်း ဦးစိုးအောင်က ပြောသည်။ နိုင်ငံခြားသားများကလည်း

သူတို့ကို အရေးမလုပ်သဖြင့် မလိုက်ခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏အမြင်ကို 

ပြောသည်။


‘‘မိုးတွင်းကျတော့ ဧည့်သည် နည်းတယ်။ ဧည့်သည်နည်းတော့ သူတို့

သက်သာတာပေါ့။ ဒါပေမဲ့ အနည်းဆုံး တစ်ခေါက်တော့ တက်ရတာပါပဲ’’

ဟု ၎င်းကပြောသည်။


ခွေးလေးများမှာ တောင်ခြေ လုမ္ဗိနီဥယျာဉ် ဆွမ်းစားကျောင်း များတွင် 

ထမင်းစားသည်။ သာသနာ့နယ်မြေအတွင်း သက်သတ်လွတ်စားကြသည်

ဖြစ်၍ ကန်စွန်းရွက်ကြော်၊ ရုံးပတီသီးကြော်၊ ပဲ ဟင်း စသည်တို့နှင့် 

နယ်ကျွေး ကြောင်း၊ တစ်နေ့နှစ်ကြိမ်ကျွေးကြောင်း ဦးစိုးအောင်က 

ပြောပြသည်။


 ညဘက်ရောက်လျှင်တော့ လမ်းပြခွေးလေးများ၏ နားခိုရာ မှာ 

ကေဘယ်လ်အလှူခံမဏ္ဍပ် နောက်ကျောဘက်ရှိ သစ်စက် တွင်

ဖြစ်သည်။ နေ့စဉ် နံနက် ၆ နာရီလောက်ဆို ဇွဲကပင်ဘက်စုံ အလှူခံ

မဏ္ဍပ်အတွင်းရှိ ခုံဘေး တွင်ထိုင်ကာ ဧည့်သည်များ လာရာလမ်းကို 

မျှော်ကြည့်နေလေ့ရှိသည်။


‘‘ဧည့်သည်တွေ ကားထိုးတဲ့ ဘက်ကို မျှော်ကြည့်နေတာ။ ပြီး ရင် 

အနားသွားပြီး လိုက်နမ်းကြည့်တယ်။ သူတို့ကို မလိုလားတဲ့ပုံစံ 

မပြဘူးဆိုရင်တော့ အဲဒါလိုက် တက်သွားတော့တာပဲ’’ ဟု 

ဦးစိုးအောင်က ပြောသည်။


ယခင်အဆိပ်သင့်သေဆုံးခဲ့သော ခွေးမကြီးကပဲ သူတို့ကို မှာကြားခဲ့သွား

လေသလား၊ ခွေးမ ကြီးဆီကပဲ ကောင်းသောအမွေ ကို သူတို့ဘာသာ 

သင်အံဆက်ခံ ခဲ့လေသလားတော့မသိ။ သာသနာ့မြေဇွဲကပင်တောင်တွင်

သူတို့၏ အပြုအမူက စိမ်းစိုနေသော တောရိပ်၊ တောင်ရိပ်များနှင့် အပြိုင်

လှပနေသည်။


မကျွေးလည်း မငြူစူ။ သူ့ တာဝန်သူ ပြီးဆုံးသည်အထိ လုပ်ဆောင်ရင်း

တန်ဖိုးရှိလှသော ခွေး များအဖြစ် ဇွဲကပင်တောင်သို့ လာသည့် 

ဧည့်သည်များကို မျှော်နေဦးမည်မှာ အသေအချာပင်ဖြစ်သည်။      ။


source:myanmar24h

credit:7daydaily

No comments:

Post a Comment