ေလလံတင္ ေရာင္းခ်ေတာ့မယ့္
Mr. Bean ဇာတ္လမ္းထဲက ကားေလး
-------------------------------------------
ဆယ္စုႏွစ္ (၂)စုၾကာ ပရိသတ္ေတြကို ရယ္ေမာစရာေတြ
ေပးစြမ္းခဲ့တဲ့ Mr. Bean ဟာသစီးရီးထဲက Mr. Bean ရဲ႕
ကားေလးကေတာ့ ပရိသတ္ေတြ အမွတ္တရအေနနဲ႔
စုေဆာင္းထားလို႔ ရေတာ့မွာပါ။ ေလလံကုမၸဏီ iCollector ကေန
ေဟာလိဝုဒ္နာမည္ေက်ာ္ ဇာတ္ကားေတြထဲက ပစၥည္းေတြကို
ေလလံတင္ ေရာင္းခ်လ်က္ရိွရာ ယခုတစ္ခါမွာေတာ့ Mr. Bean ရဲ႕
ကားေလး ပါဝင္လာခဲ့တာျဖစ္ပါတယ္။
ကားအမ်ိဳးအစားက Leyland Mini 1000 ျဖစ္ၿပီး စတင္ေစ်းကေတာ့
ကန္ေဒၚလာ (၆)ေသာင္း ကေန စတင္ေစ်းေခၚထားပါတယ္။ ကားကို
ေလလံတင္ထားတဲ့ စာမွာေတာ့ “ေခတ္ေဟာင္း Mini 1000 ကား၊
ကိုယ္ထည္ Austin Citron အစိမ္းေရာင္နဲ႔ ကားစက္ဖံုး matte
အနက္ေရာင္၊ ကားနံပါတ္ C607 EUW” လုိ႔ ေရးသားထားပါတယ္။
ကားတံခါးမွာေတာ့ Bean ဇာတ္လမ္းထဲမွာ သံုးေနက် ေသာ့ခေလာက္
ေလးလည္း တပ္ရက္သားေလး ထည့္ေပးထားပါတယ္။
ကားကို ျပသထားဖို႔ေတာ့ အင္ဂ်င္ေတြကို ျဖဳတ္ထားေပမယ့္
ပါရိွမယ့္ အင္ဂ်င္ေတြကေတာ့ မူလအင္ဂ်င္ေတြျဖစ္ေၾကာင္း
ေဖာ္ျပထားပါတယ္။ အခုခ်ိန္ထိ ေမာင္းလို႔ရ၊ မရေတာ့ အင္ဂ်င္ကို
စမ္းသပ္ျခင္း မျပဳရေသးပါဘူး။
Mr. Bean ဟာသ႐ုပ္သံစီးရီးကေတာ့ (၁၉၉၀)ခုႏွစ္ကေန
(၁၉၉၅)ခုႏွစ္အထိ ယူေကႏုိင္ငံမွာ ျပသခဲ့တဲ့ ကမၻာေက်ာ္
႐ုပ္သံစီးရီးတစ္ခုျဖစ္ပါတယ္။ အပိုင္းအားျဖင့္ (၁၅)ပိုင္းပါဝင္ၿပီး
ယေန႔ေခတ္အထိ ကမၻာတစ္ဝွမ္းက ပရိသတ္ေတြအတြက္
မ႐ိုးႏုိင္ေသးတဲ့ ဟာသစီးရီးေလးလည္း ျဖစ္ပါတယ္။
White (Shwemom)
Ref: Metro
https://metro.co.uk/2018/06/05/mr-beans-actual-car-sale-right-second-spare-60000-7608554/
==========================
လေလံတင် ရောင်းချတော့မယ့်
Mr. Bean ဇာတ်လမ်းထဲက ကားလေး
-------------------------------------------
ဆယ်စုနှစ် (၂)စုကြာ ပရိသတ်တွေကို ရယ်မောစရာတွေ
ပေးစွမ်းခဲ့တဲ့ Mr. Bean ဟာသစီးရီးထဲက Mr. Bean ရဲ့
ကားလေးကတော့ ပရိသတ်တွေ အမှတ်တရအနေနဲ့
စုဆောင်းထားလို့ ရတော့မှာပါ။ လေလံကုမ္ပဏီ iCollector ကနေ
ဟောလိဝုဒ်နာမည်ကျော် ဇာတ်ကားတွေထဲက ပစ္စည်းတွေကို
လေလံတင် ရောင်းချလျက်ရှိရာ ယခုတစ်ခါမှာတော့ Mr. Bean ရဲ့
ကားလေး ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ကားအမျိုးအစားက Leyland Mini 1000 ဖြစ်ပြီး စတင်ဈေးကတော့
ကန်ဒေါ်လာ (၆)သောင်း ကနေ စတင်ဈေးခေါ်ထားပါတယ်။ ကားကို
လေလံတင်ထားတဲ့ စာမှာတော့ “ခေတ်ဟောင်း Mini 1000 ကား၊
ကိုယ်ထည် Austin Citron အစိမ်းရောင်နဲ့ ကားစက်ဖုံး matte
အနက်ရောင်၊ ကားနံပါတ် C607 EUW” လို့ ရေးသားထားပါတယ်။
ကားတံခါးမှာတော့ Bean ဇာတ်လမ်းထဲမှာ သုံးနေကျ သော့ခလောက်
လေးလည်း တပ်ရက်သားလေး ထည့်ပေးထားပါတယ်။
ကားကို ပြသထားဖို့တော့ အင်ဂျင်တွေကို ဖြုတ်ထားပေမယ့်
ပါရှိမယ့် အင်ဂျင်တွေကတော့ မူလအင်ဂျင်တွေဖြစ်ကြောင်း
ဖော်ပြထားပါတယ်။ အခုချိန်ထိ မောင်းလို့ရ၊ မရတော့ အင်ဂျင်ကို
စမ်းသပ်ခြင်း မပြုရသေးပါဘူး။
Mr. Bean ဟာသရုပ်သံစီးရီးကတော့ (၁၉၉၀)ခုနှစ်ကနေ
(၁၉၉၅)ခုနှစ်အထိ ယူကေနိုင်ငံမှာ ပြသခဲ့တဲ့ ကမ္ဘာကျော်
ရုပ်သံစီးရီးတစ်ခုဖြစ်ပါတယ်။ အပိုင်းအားဖြင့် (၁၅)ပိုင်းပါဝင်ပြီး
ယနေ့ခေတ်အထိ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေအတွက်
မရိုးနိုင်သေးတဲ့ ဟာသစီးရီးလေးလည်း ဖြစ်ပါတယ်။
White (Shwemom)
Ref: Metro
https://metro.co.uk/2018/06/05/mr-beans-actual-car-sale-right-second-spare-60000-7608554/

No comments:
Post a Comment