တစ္နွစ္ပတ္လံုး မ႐ုိးနိုင္ေအာင္
မိုးအဆက္မျပတ္ရြာတဲ႔ ေနရာေဒသေလး
----------------------------------------------
ေျပာခ်င္လြန္းလို႔ကေန တစ္ဆင္႔ ထူးထူးျခားျခားအေနနနဲ႕
ေျပာျပေပးခ်င္တာကေတာ႔ တစ္နွစ္ပတ္လံုး မိုးအျမဲရြာေနတဲ႔
ရြာကေလးတစ္ရြာ အေႀကာင္းကို ေဖာက္သည္ခ် ေျပာျပေပး
သြားမွာ ျဖစ္ပါတယ္။
အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း မက္ခါေလယာ ျပည္နယ္ထဲမွာရွိတဲ႔
ေမာ္ဆင္ရမ္ ( Mawsynram ) ဆိုတဲ႔ ရြာငယ္ေလးဟာ တစ္နွစ္ပတ္လံုး
မိုးအဆက္မျပတ္ ရြာသြန္းေလ႔ရွိျပီး ဒီရြာေလးမွာေနထိုင္တဲ႔ ေဒသခံေတြ
ကေတာ႔ အျပင္သြားတိုင္း ထီးျဖစ္ေစ မိ္ုးကာျဖစ္ေစ အျမဲယူေဆာင္
သြားႀကရပါတယ္။
ဘာေႀကာင္႔ ဒီလိုအျမဲ မိုးရြာသြန္းေနရတာလဲဆိုရင္ ရြာေလးရဲ႕
ပတ္ခ်ာလည္မွာ ဟိမဝႏၲာေတာင္တန္းႀကီးေတြ ဝန္းရံထားျပီး
ဒီေတာင္တန္းႀကီးေတြက တိမ္တိုက္ေတြ ေရြ႕လ်ားသြားေနတာကို
ပိတ္ေနသလိုျဖစ္တာေႀကာင္႔ မိုးအျမဲ ရြာသြန္းေနသလို ျဖစ္ပါတယ္။
တစ္နွစ္ပတ္လံုး မိုးအဆက္မျပတ္ ရြာသြန္းေလ႔ရွ္ိျပီး မိုးရြာမႈအနည္းဆံုး
ကာလ ကေတာ႔ ဒီဇင္ဘာလ ကေန ေဖေဖာ္ဝါရီ လ ပဲ ျဖစ္ပါတယ္။
ဒီေဒသေလးမွာ နွစ္စဥ္ရြာတဲ႔ မိုးေရခ်ိ္န္ေတြဟာ ၄၇၆ လက္မ
ရွိျပီးေတာ႔ ၁၉၅၈ ခုနွစ္ကဆို မိုးေရခ်ိန္ လက္မ ၁၀၀၀ အထိ
မိုးရြာသြန္းခဲ႔လို႔ မိုးေရခ်ိန္ အျမင္႔မားဆံုးေဒသ အျဖစ္ စံခ်ိန္တင္
ခဲ့တဲ႔အထိ ျဖစ္ခဲ႔ရပါတယ္။ ဒါေႀကာင္႔ ေဒသခံေတြအေနနဲ႔ ဒီလို
မိုးေရခ်ိန္ျမင္႔မားတဲ႔ ျဖစ္ရပ္မ်ိဳး ထပ္မႀကံဳေတြ႔ရဖို႔ ဆုေတာင္းေန
ၾကတယ္လို႔လည္း ေျပာပါတယ္။
ရာသီဥတု အပူခ်ိန္ကေတာ႔ ဇန္နဝါရီလအထိ ပွ်မ္းမွ် ၁၁ ဒီဂရီ
စင္တီဂရိတ္ ရွိျပီးေတာ႔ ၾသဂုတ္လအထိဆိုရင္ ၂၀ ဒီဂရီစင္တီဂရိတ္
အထက္မွာ ရွိပါတယ္။ အဆက္မျပတ္ မုိးရြာသြန္းမႈေတြေႀကာင္႔
ဒီ ေဒသမွာ ေနေရာင္ျခည္ ထြက္ရွိမႈ ကေတာ႔ ရွားပါးတယ္လို႔ပဲ
ဆိုရမွာ ျဖစ္ပါတယ္။
ကဲ… မိုးတစ္နွစ္ပတ္လံုးရြာေနတဲ႔ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း
ေမာ္ဆင္ရမ္ ရြာငယ္ေလး အေႀကာင္းကိုဖတ္ရႈျပီးေတာ႔ မိုးရြာရင္
ေကာ္ဖီေသာက္ျပီး လြမ္းေဆြးတတ္တဲ႔ ကိုယ္႔ေဘာ္ဒါေတြ အတြက္
လက္ဆင္႔ကမ္းမွ်ေဝေပးလိုက္ႀကပါဦး ။
pMk ( Cant W8 2 Say )
links -
https://www.theatlantic.com/photo/2014/08/meghalaya-the-wettest-place-on-earth/100797/
===========================
တစ်နှစ်ပတ်လုံး မရိုးနိုင်အောင်
မိုးအဆက်မပြတ်ရွာတဲ့ နေရာဒေသလေး
----------------------------------------------
ပြောချင်လွန်းလို့ကနေ တစ်ဆင့် ထူးထူးခြားခြားအနေနနဲ့
ပြောပြပေးချင်တာကတော့ တစ်နှစ်ပတ်လုံး မိုးအမြဲရွာနေတဲ့
ရွာကလေးတစ်ရွာ အကြောင်းကို ဖောက်သည်ချ ပြောပြပေး
သွားမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မက်ခါလေယာ ပြည်နယ်ထဲမှာရှိတဲ့
မော်ဆင်ရမ် ( Mawsynram ) ဆိုတဲ့ ရွာငယ်လေးဟာ တစ်နှစ်ပတ်လုံး
မိုးအဆက်မပြတ် ရွာသွန်းလေ့ရှိပြီး ဒီရွာလေးမှာနေထိုင်တဲ့ ဒေသခံတွေ
ကတော့ အပြင်သွားတိုင်း ထီးဖြစ်စေ မိုးကာဖြစ်စေ အမြဲယူဆောင်
သွားကြရပါတယ်။
ဘာကြောင့် ဒီလိုအမြဲ မိုးရွာသွန်းနေရတာလဲဆိုရင် ရွာလေးရဲ့
ပတ်ချာလည်မှာ ဟိမဝန္တာတောင်တန်းကြီးတွေ ဝန်းရံထားပြီး
ဒီတောင်တန်းကြီးတွေက တိမ်တိုက်တွေ ရွေ့လျားသွားနေတာကို
ပိတ်နေသလိုဖြစ်တာကြောင့် မိုးအမြဲ ရွာသွန်းနေသလို ဖြစ်ပါတယ်။
တစ်နှစ်ပတ်လုံး မိုးအဆက်မပြတ် ရွာသွန်းလေ့ရှိပြီး မိုးရွာမှုအနည်းဆုံး
ကာလ ကတော့ ဒီဇင်ဘာလ ကနေ ဖေဖော်ဝါရီ လ ပဲ ဖြစ်ပါတယ်။
ဒီဒေသလေးမှာ နှစ်စဉ်ရွာတဲ့ မိုးရေချိန်တွေဟာ ၄၇၆ လက်မ
ရှိပြီးတော့ ၁၉၅၈ ခုနှစ်ကဆို မိုးရေချိန် လက်မ ၁၀၀၀ အထိ
မိုးရွာသွန်းခဲ့လို့ မိုးရေချိန် အမြင့်မားဆုံးဒေသ အဖြစ် စံချိန်တင်
ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ ဒီလို
မိုးရေချိန်မြင့်မားတဲ့ ဖြစ်ရပ်မျိုး ထပ်မကြုံတွေ့ရဖို့ ဆုတောင်းနေ
ကြတယ်လို့လည်း ပြောပါတယ်။
ရာသီဥတု အပူချိန်ကတော့ ဇန်နဝါရီလအထိ ပျှမ်းမျှ ၁၁ ဒီဂရီ
စင်တီဂရိတ် ရှိပြီးတော့ သြဂုတ်လအထိဆိုရင် ၂၀ ဒီဂရီစင်တီဂရိတ်
အထက်မှာ ရှိပါတယ်။ အဆက်မပြတ် မိုးရွာသွန်းမှုတွေကြောင့်
ဒီ ဒေသမှာ နေရောင်ခြည် ထွက်ရှိမှု ကတော့ ရှားပါးတယ်လို့ပဲ
ဆိုရမှာ ဖြစ်ပါတယ်။
ကဲ… မိုးတစ်နှစ်ပတ်လုံးရွာနေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း
မော်ဆင်ရမ် ရွာငယ်လေး အကြောင်းကိုဖတ်ရှုပြီးတော့ မိုးရွာရင်
ကော်ဖီသောက်ပြီး လွမ်းဆွေးတတ်တဲ့ ကိုယ့်ဘော်ဒါတွေ အတွက်
လက်ဆင့်ကမ်းမျှဝေပေးလိုက်ကြပါဦး ။
pMk ( Cant W8 2 Say )
links -
https://www.theatlantic.com/photo/2014/08/meghalaya-the-wettest-place-on-earth/100797/













No comments:
Post a Comment