မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 9, 2020

အေမရိကန္တြင္ ခုတ္ျဖတ္ထားသည့္ ေႁမြဦးေခါင္း ကိုက္ခဲမႈေၾကာင့္ လူတစ္ဦး ေသလုနီးပါးျဖစ္ခဲ့ ...

 အေမရိကန္တြင္ ခုတ္ျဖတ္ထားသည့္ ေႁမြဦးေခါင္း 

ကိုက္ခဲမႈေၾကာင့္ လူတစ္ဦး ေသလုနီးပါးျဖစ္ခဲ့ ...

-----------------------------------------------------------

❒  ခုတ္ျဖတ္ထားသည့္ ေႁမြဦးေခါင္းက ကိုက္ခဲမႈေၾကာင့္ 

အေမရိကန္တြင္ လူတစ္ဦး ေသလုနီးပါးထိ ျဖစ္ခဲ့ရေၾကာင္း 

သိရသည္။ တကၠဆက္စ္တြင္ ေနထုိင္သည့္ အမ်ိဳးသားတစ္ဦးမွာ

ပိုးထိခဲ့ျခင္းေၾကာင့္ ေႁမြဆိပ္ေျဖေဆး ၂၆ ပုလင္းထိ အသံုးျပဳ 

ကုသမႈ ခံယူခဲ့ရသည္။ ၎သည္ ကိုယ္တိုင္ ခုတ္ျဖတ္ထားသည့္

ခေလာက္ေႁမြ တစ္ေကာင္၏ ဦးေခါင္းပိုင္းက ကိုက္ခဲမႈႏွင့္ ႀကံဳေတြ႕

ခဲ့ရျခင္း ျဖစ္သည္။ ဥယ်ာဉ္ထဲတြင္ ၄ ေပခန္႔ အရွည္ရွိသည့္ ေႁမြကို 

ရွာေတြ႕သည့္ေနာက္ သူမ၏ ခင္ပြန္းက ဦးေခါင္းကို ခုတ္ျဖတ္၍ 

သတ္လုိက္ေၾကာင္း ဂ်နီဖာ ဆူးကလစ္ဖ္က ဆိုသည္။

ထုိ႔ေနာက္ ေႁမြအေသေကာင္ကို ေျမျမႇဳပ္ရန္ လွမ္းအယူတြင္

ျပတ္ေတာက္ေနသည့္ ဦးေခါင္းက လွမ္းကိုက္လုိက္ျခင္း ျဖစ္သည္။ 

ေႁမြမ်ားသည္ ေသဆံုးၿပီး နာရီအေတာ္မ်ားမ်ား ၾကာသည္အထိ 

၎တို႔၏ ၾကြက္သားမ်ားကို လႈပ္ရွားႏိုင္သည့္ သဘာဝ ရွိသည္။

ေႁမြကိုက္ခံရသည့္ေနာက္ သူမ၏ ခင္ပြန္းမွာ ခ်က္ခ်င္း

ျပင္းျပင္းထန္ထန္ အဆိပ္တက္ ေဝဒနာ ခံစားခဲ့ရေၾကာင္း 

ဆူးကလစ္ဖ္က ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ၎ကို 

ေကာပက္စ္ ခရစၥတီး ေဆး႐ံုသို႔ အေရးေပၚ ေခၚေဆာင္သြားရၿပီး 

ေႁမြဆိပ္ေျဖေဆးမ်ားျဖင့္ ကုသေပးခဲ့ရသည္။


တစ္ပတ္မွ် အၾကာ လက္ရွိအခ်ိန္တြင္မူ လူနာသည္ စိတ္ခ်ရသည့္ 

အေျခအေနတြင္ တည္တည္ၿငိမ္ၿငိမ္ ရွိေနၿပီ ျဖစ္ေသာ္လည္း 

ေက်ာက္ကပ္၌ ထိခိုက္ ပ်က္စီးမႈအခ်ိဳ႕ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။


အရီဇိုးနား တကၠသိုလ္မွ အဆိပ္ဆိုင္ရာ ပညာရွင္ တစ္ဦးျဖစ္သည့္ 

လက္စလီ ဘြိဳင္ယာကမူ ေႁမြမ်ားကို အထာမသိဘဲ သတ္ျဖတ္ျခင္း၊ 

အထူးသျဖင့္ ဦးေခါင္း ခုတ္ျဖတ္ျခင္းမ်ား မျပဳလုပ္သင့္ေၾကာင္း 

အႀကံျပဳခဲ့သည္။


 “ေခါင္းျဖတ္ သတ္တာဟာ ရက္စက္ရာလည္း က်တယ္။

 ၿပီးေတာ့ ေႁမြရဲ႕ အဆိပ္အျပင္းဆံုး အပိုင္းကို ေကာက္ယူစရာ 

ေသးေသးေလးပဲ က်န္ေတာ့ေအာင္ လုပ္သလိုလည္း 

ျဖစ္သြားတယ္”ဟု ၎က ရွင္းျပခဲ့သည္။ 


source:myanbnews

link -

https://www.washingtonpost.com/news/morning-mix/wp/2018/06/07/a-texas-man-decapitated-a-rattlesnake-it-bit-him-anyway-and-he-nearly-died-his-wife-says/?noredirect=on&utm_term=.5092fe6afff2

==========================


အမေရိကန်တွင် ခုတ်ဖြတ်ထားသည့် မြွေဦးခေါင်း 

ကိုက်ခဲမှုကြောင့် လူတစ်ဦး သေလုနီးပါးဖြစ်ခဲ့ ...

-----------------------------------------------------------


❒  ခုတ်ဖြတ်ထားသည့် မြွေဦးခေါင်းက ကိုက်ခဲမှုကြောင့် 

အမေရိကန်တွင် လူတစ်ဦး သေလုနီးပါးထိ ဖြစ်ခဲ့ရကြောင်း 

သိရသည်။ တက္ကဆက်စ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှာ

ပိုးထိခဲ့ခြင်းကြောင့် မြွေဆိပ်ဖြေဆေး ၂၆ ပုလင်းထိ အသုံးပြု 

ကုသမှု ခံယူခဲ့ရသည်။ ၎င်းသည် ကိုယ်တိုင် ခုတ်ဖြတ်ထားသည့်

ခလောက်မြွေ တစ်ကောင်၏ ဦးခေါင်းပိုင်းက ကိုက်ခဲမှုနှင့် ကြုံတွေ့

ခဲ့ရခြင်း ဖြစ်သည်။ ဥယျာဉ်ထဲတွင် ၄ ပေခန့် အရှည်ရှိသည့် မြွေကို 

ရှာတွေ့သည့်နောက် သူမ၏ ခင်ပွန်းက ဦးခေါင်းကို ခုတ်ဖြတ်၍ 

သတ်လိုက်ကြောင်း ဂျနီဖာ ဆူးကလစ်ဖ်က ဆိုသည်။


ထို့နောက် မြွေအသေကောင်ကို မြေမြှုပ်ရန် လှမ်းအယူတွင်

ပြတ်တောက်နေသည့် ဦးခေါင်းက လှမ်းကိုက်လိုက်ခြင်း ဖြစ်သည်။ 

မြွေများသည် သေဆုံးပြီး နာရီအတော်များများ ကြာသည်အထိ 

၎င်းတို့၏ ကြွက်သားများကို လှုပ်ရှားနိုင်သည့် သဘာဝ ရှိသည်။


မြွေကိုက်ခံရသည့်နောက် သူမ၏ ခင်ပွန်းမှာ ချက်ချင်း

ပြင်းပြင်းထန်ထန် အဆိပ်တက် ဝေဒနာ ခံစားခဲ့ရကြောင်း 

ဆူးကလစ်ဖ်က ပြောကြားခဲ့သည်။ ထို့နောက် ၎င်းကို 

ကောပက်စ် ခရစ္စတီး ဆေးရုံသို့ အရေးပေါ် ခေါ်ဆောင်သွားရပြီး 

မြွေဆိပ်ဖြေဆေးများဖြင့် ကုသပေးခဲ့ရသည်။


တစ်ပတ်မျှ အကြာ လက်ရှိအချိန်တွင်မူ လူနာသည် စိတ်ချရသည့် 

အခြေအနေတွင် တည်တည်ငြိမ်ငြိမ် ရှိနေပြီ ဖြစ်သော်လည်း 

ကျောက်ကပ်၌ ထိခိုက် ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


အရီဇိုးနား တက္ကသိုလ်မှ အဆိပ်ဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သည့် 

လက်စလီ ဘွိုင်ယာကမူ မြွေများကို အထာမသိဘဲ သတ်ဖြတ်ခြင်း၊ 

အထူးသဖြင့် ဦးခေါင်း ခုတ်ဖြတ်ခြင်းများ မပြုလုပ်သင့်ကြောင်း 

အကြံပြုခဲ့သည်။


 “ခေါင်းဖြတ် သတ်တာဟာ ရက်စက်ရာလည်း ကျတယ်။

 ပြီးတော့ မြွေရဲ့ အဆိပ်အပြင်းဆုံး အပိုင်းကို ကောက်ယူစရာ 

သေးသေးလေးပဲ ကျန်တော့အောင် လုပ်သလိုလည်း 

ဖြစ်သွားတယ်”ဟု ၎င်းက ရှင်းပြခဲ့သည်။ 


source:myanbnews

link -

https://www.washingtonpost.com/news/morning-mix/wp/2018/06/07/a-texas-man-decapitated-a-rattlesnake-it-bit-him-anyway-and-he-nearly-died-his-wife-says/?noredirect=on&utm_term=.5092fe6afff2


No comments:

Post a Comment