မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 9, 2020

ေရခဲစိမ္သလဲသီးစားလို႔ အသည္းဝါေရာဂါ ကူးစက္ေသဆုံး

 ေရခဲစိမ္သလဲသီးစားလို႔ 

အသည္းဝါေရာဂါ ကူးစက္ေသဆုံး

----------------------------------------


ၾသစေၾတးလ်မွာ အမ်ိဳးသမီးတေယာက္ ေရခဲစိမ္သလဲသီး

စားၿပီးေနာက္ အသည္းဝါေရာဂါ ေအပိုးကူးစက္ ေသဆုံးသြားပါတယ္။

၆၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ ရွားရွားပါးပါး ေရာဂါကူးစက္ခံရၿပီး 

ေသဆုံးတာလို႔ ေတာင္ၾသစေၾတးလ် ျပည္နယ္က က်န္းမာေရး 

အာဏာပိုင္ေတြက ဆိုပါတယ္။


ၾသစေၾတးလ် ႏိုင္ငံတဝွမ္း အသည္းဝါ ေရာဂါ ကူးစက္တာ 

၂၄ ေယာက္ထိ ရွိတယ္လို႔လည္း သိရပါတယ္။


ၾသစေၾတးလ် ႏိုင္ငံသားေတြအိမ္ေတြက အေအးခန္းေတြထဲ 

သိမ္းထားတဲ့ သလဲသီးေတြကို လႊင့္ပစ္ဖို႔လည္း သတိေပးထားပါတယ္။


အီဂ်စ္က သြင္းလာတဲ့ သလဲသီး အထုပ္ ႏွစ္ေထာင္ေလာက္ 

ၾသစေၾတးလ်မွာ ေရာင္းၿပီးေနပါၿပီ။


ႏိုင္ငံထဲမွာ စိုက္တဲ့ သလဲသီးေတြနဲ႔ အစိမ္းအတိုင္းလာတဲ့ 

အသီးေတြကိုေတာ့ မထိခိုက္ဘူးလို႔လည္း သိရပါတယ္။


ဒီအမ်ိဳးသမီး ေသဆုံးမႈဟာ အီဂ်စ္ကသြင္းလာတဲ့အသီးစားလို႔ 

ျဖစ္တာလို႔ ေတာင္ၾသစေၾတးလ် ျပည္နယ္ က်န္းမာေရး အရာရွိခ်ဳပ္

ပါေမာကၡ ပက္ဒီ ဖိလစ္က ေျပာပါတယ္။ အီဂ်စ္ကလာတဲ့ သလဲသီး

တခ်ိဳ႕မွာ ေရာဂါပိုး ပါလာတာျဖစ္ၿပီး တျခား အသီးစားမိတဲ့ သူ

အမ်ားစုမွာ ခ်က္ခ်င္း ေရာဂါက ျပန္နာလန္ထူႏိုင္ၿပီး 

ထပ္ျဖစ္တာလည္း မေတြ႕ဘူးလို႔ ဆိုပါတယ္။


အသည္းမွာ ျဖစ္တဲ့ ေအပိုးဟာ

မစင္ကတဆင့္ အမ်ားဆုံး ကူးေလ့ ရွိပါတယ္။


လိင္ဆက္ဆံတာ၊ ပိုးပါတဲ့ အစားအစာနဲ႔ အရာဝတၳဳေတြကို 

ကိုင္တြယ္တာကေနလည္း ကူးတတ္ပါတယ္။


ေရာဂါ လကၡဏာ ေပၚဖို႔ ၁၅ ရက္ကေန ရက္ ၅ဝ ထိ ၾကာတတ္ပါတယ္။

ေအာ့အန္တာ၊ အဖ်ားတက္တာနဲ႔ အသားဝါတာေတြ ျဖစ္တာပါ။

အီဂ်စ္ကလာတဲ့ သလဲသီး တခ်ိဳ႕မွာ ေရာဂါပိုး ပါလာတာလို႔ ဆိုပါတယ္။

မႏွစ္ကလည္း ဘယ္ရီသီးေရခဲစိမ္ေတြ ေရာင္းလို႔ အသားဝါ ေအပိုး 

ကူးစက္တာေတြ ျဖစ္ခဲ့ပါတယ္။


ဒီႏွစ္ဆန္းပိုင္းမွာလည္း လစ္စတီးရီးယား ဘက္တီးရီးယား 

ေရာဂါပိုးပါတဲ့ ဖရဲသီးစားၿပီး ၾသစေၾတးလ် ႏိုင္ငံသား ၇ ေယာက္ 

ေသဆုံးခဲ့ပါတယ္။


source:lwinpyinnews

link -

https://www.bbc.com/news/world-australia-44378911

============================


ရေခဲစိမ်သလဲသီးစားလို့ 

အသည်းဝါရောဂါ ကူးစက်သေဆုံး

----------------------------------------


သြစတြေးလျမှာ အမျိုးသမီးတယောက် ရေခဲစိမ်သလဲသီး

စားပြီးနောက် အသည်းဝါရောဂါ အေပိုးကူးစက် သေဆုံးသွားပါတယ်။


၆၄ နှစ်အရွယ် အမျိုးသမီးဟာ ရှားရှားပါးပါး ရောဂါကူးစက်ခံရပြီး 

သေဆုံးတာလို့ တောင်သြစတြေးလျ ပြည်နယ်က ကျန်းမာရေး 

အာဏာပိုင်တွေက ဆိုပါတယ်။


သြစတြေးလျ နိုင်ငံတဝှမ်း အသည်းဝါ ရောဂါ ကူးစက်တာ 

၂၄ ယောက်ထိ ရှိတယ်လို့လည်း သိရပါတယ်။


သြစတြေးလျ နိုင်ငံသားတွေအိမ်တွေက အအေးခန်းတွေထဲ 

သိမ်းထားတဲ့ သလဲသီးတွေကို လွှင့်ပစ်ဖို့လည်း သတိပေးထားပါတယ်။


အီဂျစ်က သွင်းလာတဲ့ သလဲသီး အထုပ် နှစ်ထောင်လောက် 

သြစတြေးလျမှာ ရောင်းပြီးနေပါပြီ။


နိုင်ငံထဲမှာ စိုက်တဲ့ သလဲသီးတွေနဲ့ အစိမ်းအတိုင်းလာတဲ့ 

အသီးတွေကိုတော့ မထိခိုက်ဘူးလို့လည်း သိရပါတယ်။


ဒီအမျိုးသမီး သေဆုံးမှုဟာ အီဂျစ်ကသွင်းလာတဲ့အသီးစားလို့ 

ဖြစ်တာလို့ တောင်သြစတြေးလျ ပြည်နယ် ကျန်းမာရေး အရာရှိချုပ်

ပါမောက္ခ ပက်ဒီ ဖိလစ်က ပြောပါတယ်။ အီဂျစ်ကလာတဲ့ သလဲသီး

တချို့မှာ ရောဂါပိုး ပါလာတာဖြစ်ပြီး တခြား အသီးစားမိတဲ့ သူ

အများစုမှာ ချက်ချင်း ရောဂါက ပြန်နာလန်ထူနိုင်ပြီး 

ထပ်ဖြစ်တာလည်း မတွေ့ဘူးလို့ ဆိုပါတယ်။


အသည်းမှာ ဖြစ်တဲ့ အေပိုးဟာ

မစင်ကတဆင့် အများဆုံး ကူးလေ့ ရှိပါတယ်။


လိင်ဆက်ဆံတာ၊ ပိုးပါတဲ့ အစားအစာနဲ့ အရာဝတ္ထုတွေကို 

ကိုင်တွယ်တာကနေလည်း ကူးတတ်ပါတယ်။


ရောဂါ လက္ခဏာ ပေါ်ဖို့ ၁၅ ရက်ကနေ ရက် ၅ဝ ထိ ကြာတတ်ပါတယ်။

အော့အန်တာ၊ အဖျားတက်တာနဲ့ အသားဝါတာတွေ ဖြစ်တာပါ။

အီဂျစ်ကလာတဲ့ သလဲသီး တချို့မှာ ရောဂါပိုး ပါလာတာလို့ ဆိုပါတယ်။

မနှစ်ကလည်း ဘယ်ရီသီးရေခဲစိမ်တွေ ရောင်းလို့ အသားဝါ အေပိုး 

ကူးစက်တာတွေ ဖြစ်ခဲ့ပါတယ်။


ဒီနှစ်ဆန်းပိုင်းမှာလည်း လစ်စတီးရီးယား ဘက်တီးရီးယား 

ရောဂါပိုးပါတဲ့ ဖရဲသီးစားပြီး သြစတြေးလျ နိုင်ငံသား ၇ ယောက် 

သေဆုံးခဲ့ပါတယ်။


source:lwinpyinnews

link -

https://www.bbc.com/news/world-australia-44378911

No comments:

Post a Comment